ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အပတ်စဉ်ထုတ် မြန်မာတိုင်းမှာဖော်ပြထားတဲ့ သတင်းတစ်ခုမှာ ရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်ရာ လှိုင်သာယာမှာရှိတဲ့ အဆောင် တွေကို အခွန်စတင်ကောက်ခံတော့မှာလို့ သိရပါတယ်။
အဲဒီမြို့နယ်မှာရှိတဲ့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်က မြန်မာတိုင်းကိုပေးထားတဲ့ သတင်း စကားအရဆိုရင်၊သူပြောထားတာက” ဒီလထဲမှာကောက်ဖို့စီစဉ်နေတယ်။အဆောင်နေသူတွေအတွက် မထိခိုက်အောင်၊အဆောင်ခတွေမတတ်အောင်အခွန်ကောက်ဖို့စီစဉ်မှာပါ။ရာဖြတ်ဌာနက ဥပဒေသတ်မှတ်ချက်တွေအတိုင်း ကောက်မှာပါ၊လှိုင်သာယာမြို့နယ်မှာရှိတဲ့ ရပ်ကွက်အားလုံးနဲ့အတွင်း ပဒံရွာ၊ အလယ်ရွာနဲ့ ရွှေလင်ဗန်း ကျေးရွာတွေမှာရှိတဲ့ အဆောင်တွေအပြင် အခြားကျေးရွာတွေမှာရှိတဲ့ အဆောင်တွေလဲပါဝင်ကြောင်း”ဆိုထားပါတယ်။
လှိုင်သာယာ မှာ လူနေအငှားဆောင်ပေါင်း ၆၀၀၀ ကျော်ရှိကြောင်း၊အဲဒီအဆောင်တွေရဲ့ တစ်နှစ်တာဝင် ငွေ စုစုပေါင်း ၆၀ ရာခိုင်နှုန်းကိုတော့အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး ကျန်တဲ့ ၄၀ ရာခိုင်နှုန်းပမာဏပေါ်ကနေပြီး ၁၃ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ်ကောက်ခံမှာဖြစ်ကြောင်းသိရပါတယ်။သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာ အနေနဲ့ အဆောင်တွေပေါ်ကနေ အခွန်ကောက်ခံမှု တစ်နှစ် သိန်း ၄၀၀၀ လောက်ရရှိဖို့မျှော်မှန်းထားကြောင်း လည်းသိရပါတယ်။
တိုင်းဒေသကြီးလွှတ်တော် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် (၂) ကိုယ်စားလှယ် ဦးမြတ်မင်းသူက “အခန်းခတွေမတိုးအောင် ဘယ်လိုထိန်းချုပ်မှုတွေ ဆောင်ရွက်မလဲ ဆိုတာတော့ သူတို့စီမံထားတာရှိမှာပါ”ဟု ဆိုထားပါတယ်။
အဲဒီအချက်တွေအပေါ်မှာ ထင်မြင်ယူဆမှုလုပ်ရရင် တစ်နှစ်ထက်တစ်နှစ် လျော့မသွားဘဲ ပိုပိုများလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကြောင့် အဆောင်ရှင် အခန်းရှင်တွေရဲ့ ခေါ်ဈေးမာမှုကို ငှားရမ်းနေထိုင်မယ့် ပြည်သူ လူထုကတော့ သက်ရောက်ခံရမှာ မလွဲနိုင်ပါ။အခွန်ကောက်မယ်ဆိုရင်လည်း အဆောင်ရှင် အခန်းရှင်တွေအနေနဲ့ ပေးဆောင်မှာပါပဲ။တစ်ဖက်မှာ အဆောင်နေသူတို့အနေနဲ့ လုပ်ခလစာတိုးမှုနဲရတဲ့အထဲ နေစရိတ် ကြီးမြင့် မှုကို ထပ်မံကြုံတွေ့ရမယ့် အလားအလာရှိနေပါတယ်။ဘာလာလာ ရှောင်မပြေးသာသည်က ပြည်သူလူထုသာ ဖြစ်ပါကြောင်း။
ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com