ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ပြည်တွင်း ရွှေဈေး ဟာ အခေါက်တစ်ကျပ်သားကို (၁၁)သိန်းပြည့်ဖို့ တစ်သောင်းကျော်ပဲလိုပါတော့တယ်။
ကမ္ဘာ့ ရွှေဈေးမြင့်တက်လာမှုနဲ့ အတူ ပြည်တွင်းရွှေလုပ်ကွက်တွေက ကုန်ကြမ်းအဝင်နည်းပါးလာမှုက အတက်ဘက်ကို ဦးတည်နေပြီး ရက်ပိုင်းအတွင်း တစ်ကျပ်သားကို (၁၁)သိန်းပြည့်သွားနိုင်တယ်လို့  ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းနေတာပါ။အမေရိကန်နှင့် တရုတ်နိုင်ငံတို့ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်ကလည်းရွှေဈေးအမြင့်ပိုင်းကိုဦးတည်နေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးကျော်ဝင်းကပြောပါတယ်။
‘‘ နိုင်ငံတကာမှာတော့ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ရွှေဝယ်လို အားကတက်နေတယ်။ ကမ္ဘာ့ ရွှေဈေးနှုန်း ကဆက်တိုက်တက်လာတယ်’’ လို့ ဦးကျော်ဝင်းက ဆိုပါတယ်။
ရွှေဈေးနှုန်း ရုတ်တရက်မြင့်တက်လာတာ၊ ကျဆင်းလာတာတွေဟာ ၀ယ်လိုအားနည်စေပြီးအရောင်းအ၀ယ်ကိုအေးစေလို့  ပြည်တွင်းရွှေလုပ်ငန်းရှင်များ မကြိုက်ကြဘူးလို့  ဦးကျော်ဝင်းက ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းအဖွင့်ဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၈၇၀၀၀ ကျပ် နဲ့ဈေးဖွင့်ထားပါပြီ။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com