မြန်မာ့စီးပွားရေးအရှိန်ရလာခြင်းကို ဆက်လက်ထိန်းသိမ်းထားရန်လို

မြန်မာ့စီးပွားရေးအရှိန်ရလာခြင်းကို ဆက်လက်ထိန်းသိမ်းထားရန်လို - Property News in Myanmar from iMyanmarHouse.com
19 Jun 2019 12:13 pm တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး

မြန်မာ့စီးပွားရေးဟာ တဖြည်းဖြည်းတည်ငြိမ်ပြီး ပြန်လည်အရှိန်ရလာပြီလို့ ကမ္ဘာ့ဘဏ်က မနေ့ က ဇွန် ၁၉ ရက်မှာထုတ် ပြန်ကြေညာပါတယ်။

မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာလို့ အမည်ပေးထားတဲ့ ဒီထုတ်ပြန်ချက်ထဲမှာ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ယခုဘဏ္ဍာနှစ်မှာ တိုးတက်လာမယ်လို့ မျှော်မှန်းထားကြောင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းက စီးပွားရေးအပေါ်သက်ရောက်ခဲ့တဲ့ မတည်ငြိမ်မှုတွေဟာ လျော့ပါးစပြုလာပြီး ဒီ ဘဏ္ဍာနှစ်ရဲ့ ပထမသုံးလပတ်ကာလမှာတင် ငွေကြေးဖောင်းပွမှုလျော့ကျလာသလို ကျပ်ငွေတည်ငြိမ်လာပြီး လောင်စာဆီဈေးလည်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီဘဏ္ဍာနှစ်ရဲ့ ဒုတိယသုံးလပတ်မှာတော့ လောင်စာဆီဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

မကြာသေးမီက အစိုးရရဲ့ ကုန်သွယ်ရေးကန့်သတ်မှုတွေဖြေလျှော့ဖို့ ဆုံးဖြတ်ချက်ချတာ၊၊နိုင်ငံရပ်ခြားယှဉ်ပြိုင်မှုမြင့်မားစေဖို့ ငွေကြေးကဏ္ဍ ဖွင့်လှစ်ပေးတာနဲ့ အကြီးစား အဆောက်အအုံ စီမံကိန်းတွေ စတင်ဆောင်ရွက်တာတွေဟာ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြင့်လာအောင်အချက်ပြလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ကုန်သွယ်မှုအခွင့်အရေး GSP ရုတ်သိမ်းခံရနိုင်ခြေရှိခြင်း၊ အခြားပြင်ပအကြောင်းအရာတွေနဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းတွေဟာ ပို့ကုန်နဲ့ ပြည်တွင်းကို ၀င်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နှေးကွေးစေနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသ မလုံခြုံမှု၊ ရခိုင်ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ ဒုက္ခသည်တွေ အတင်းအကျပ် နေရပ်စွန့်ခွာရမှုတွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လုပ်ကိုင်လိုမှုအပေါ် ရိုက်ခတ်စေနိုင်တယ်လို့ အစီရင်ခံစာမှာ တင်ပြထားပါတယ်။

ဒါ့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်တွေကို ရောက်ရှိနိုင်ဖို့ အစိုးရပိုင်းနဲ့ ပုဂ္ဂလိကပိုင်းကပါ ရင်းနှီးမြှုပ်နှံ့မှုတွေ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ်ကပြောပါတယ်။

ဒါမှသာ မြန်မာနိုင်ငံရဲ့စီးပွားရေးတည်ငြိမ်မှုနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုအရှိန်ကို ထိန်းထားနိုင်မှာဖြစ်ပြီး ရေရှည်မျှော်မှန်းချက်တွေကို ရောက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service