ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
နိုင်ငံတကာငွေကြေးအဖွဲ့ IFC က ရိုးမဘဏ်မှာ ရှယ်ယာငါးရာခိုင်နှုန်းဝယ်ယူပြီး မိတ်ဖက်အဖြစ်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့ ရိုးမဘဏ်ကနေ သိရပါတယ်။
ဒီ ငါးရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ရိုးမဘဏ်က SME လုပ်ငန်းတွေကို ငွေထုတ်ချေးပေးနိုင်ဖိုအတွက် IFC က ထည့်ဝင်ပေးထားတဲ့ ရင်းနှီးမြုပ်နှံမှုချေးငွေလို့ သိရပါတယ်။
အဲဒီ ငါးရာခိုင်နှုန်းကို ရင်းနှီးမြုပ်နှံမှုထဲကနေ ပြန်လည်ထုတ်ယူပြီး ရှယ်ယာအဖြစ် ဝယ်ယူထည့်ဝင်လိုက်တာလို့ သိရပါတယ်။
ဒါ့ကြောင့် ရိုးမဘဏ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်ရရှိတဲ့ ပထမဆုံး ပြည်တွင်းဘဏ်ဖြစ်လာတယ်လို့ ရိုးမဘဏ်ရဲ့ အမှုဆောင်ဥက္ကဌ ဦးသိမ်းဝေကပြောပါတယ်။
အခုလို IFC က ရိုးမဘဏ်မှာ ရှယ်ယာထည့်ဝင်တာကို ဗဟိုဘဏ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ခွင့်ပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
နိုင်ငံတကာငွေကြေးအဖွဲ့ IFC ဟာ ကမ္ဘာတစ်ဝန်းမှာ အဖွဲ့အစည်းပေါင်း နှစ်ထောင်ကျော်နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ရိုးမဘဏ်ဟာလည်း ၁၉၉၃ က စတင်တည်ထောင်ခဲ့တဲ့ ဘဏ်တစ်ခုဖြစ်ပြီး လက်ရှိမှတော့ ဘဏ်ခွဲပေါင်း (၈၀) ဖွင့်လှစ်ထားတာပါ။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com