အရင်နှစ်တွေကထက် အကောင်းဘက်ကိုဦးတည်လာတဲ့အိမ်ခြံမြေ

အရင်နှစ်တွေကထက် အကောင်းဘက်ကိုဦးတည်လာတဲ့အိမ်ခြံမြေ - Property News in Myanmar from iMyanmarHouse.com
19 Jun 2019 10:27 am တွင် တင်ခဲ့သည်
1446 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ ရဲ့ အိမ်ခြံမြေဈေးကွက်က ပြီးခဲ့တဲ့နှစ်နှစ်ကထက် ပိုတိုးတက်လာနိုင်တယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်အသိုင်းအဝိုင်းကခန့် မှန်းလာကြပါတယ်။

ဒီလို သုံးသပ်ရတာဟာ ပြီးခဲ့တဲ့ ၂၀၁၈ အတွင်း အိမ်ခြံမြေကဏ္ဍအတွက် မူဝါဒတွေ ဥပဒေပြဌာန်းမှုအသစ်တွေ အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် ယခုနှစ် အိမ်ခြံမြေဈေးကွက်ဟာ အလားအလာကောင်းတွေရှိလာတာလို့ ဆိုပါတယ်။

အိမ်ခြံမြေ ဈေးကွက်မှာ အကြီးစားအိမ်ရာစီမံကိန်းတွေ ဆောက်လုပ်မှုပိုများလာတာကိုလည်း သိသိသာသာတွေ့နိုင်တယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးပြည့်စုံကပြောပါတယ်။

ဒါ့အပြင် အိမ်ရာဝယ်ယူသူတွေဘက်ကလည်း ကြိုက်နှစ်သက်တဲ့ တိုက်ခန်း အတွက် ငွေပေးချေမှုစနစ်ကို ညှိနှိုင်းနိုင်သလို အိမ်ရာချေးငွေ ရယူနိုင်တာတွေကြောင့် သာမန်တိုက်ခန်းတွေပါ အရောင်းအ၀ယ်သွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အိမ်ရာချေးငွေရရှိမှုအပိုင်းမှာ အတိုးနှုန်း ကြီးမြင့်မှုတွေရှိနေသေးတာကြောင့် ၀ယ်ယူသူအများစုအတွက် စိုးရိမ်စိတ်တွေရှိနေသေးတယ်လို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ ကပြောပါတယ်။

နိုင်ငံခြားသားပါ တိုက်ခန်းဝယ်ယူနိုင်မယ့် ကွန်ဒိုမီနီယံဥပဒေကို ၂၀၁၈ အတွင်း အတည်ပြုပြဌာန်းခဲ့ခြင်းဟာ အိမ်ခြံမြေဈေးကွက် တိုးတက်ရေးအတွက် လမ်းစဖြစ်ပြီး လက်ရှိမှာလည်း ပြည်တွင်းဈေးကွက်အတွင်း ကွန်ဒို တိုက်ခန်း တွေကို နိုင်ငံခြားသားတွေက ၀ယ်ယူလိုကြတယ်လို့ ဆိုပါတယ်။

အချိုးသင့်ပိုင်ဆိုင်မှုတန်ဖိုးနှင့် နိုင်ငံခြားငွေအ၀င်အထွက်စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက ဆောက်ပြီးသားကွန်ဒိုများကို နှစ်လအတွင်း နိုင်ငံခြားသားများထံ ရောင်းချခွင့်ရရှိမည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ ကွန်ဒို များ နိုင်ငံခြားသားများထံ ရောင်းချနိုင်ရေး အမြန်ဆုံးဆောင်ရွက်နေကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇွန်လဆန်းတွင် သတင်းမီဒီယာများကိုလည်းပြောကြားထာပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေ အကျိုးဆောင် များမျှော်လင့်နေသည့် နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့် လာမည့်ဇွန်လတွင် စတင်ခွင့်ပြုနိုင်မည်ဟု မျှော်မှန်းကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ကလည်းဆိုပါတယ်။

နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူခွင့်ရရှိရေးက ရန်ကုန်အိမ်ခြံမြေဈေးကွက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်တိုးတက်ရေးတွန်းအားတစ်ခုဖြစ်နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက မျှော်လင့်နေသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service