ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ကင်မရွန် ဒိုင်ယက်ဇ်က အဲလက်စ်ရိုဒရီဂွက်ဇ်နှင့် ချစ်ကြိုက်စဉ်ကာလအတွင်း နေထိုင်ခဲ့သော နယူးယောက်ကွန်ဒိုခန်း ကန်ဒေါ်လာ ၄ သန်းဖြင့် ဈေးကွက်ဝင်လာ

ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ကင်မရွန် ဒိုင်ယက်ဇ်က အဲလက်စ်ရိုဒရီဂွက်ဇ်နှင့် ချစ်ကြိုက်စဉ်ကာလအတွင်း နေထိုင်ခဲ့သော နယူးယောက်ကွန်ဒိုခန်း ကန်ဒေါ်လာ ၄ သန်းဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
17 Jun 2019 12:05 pm တွင် တင်ခဲ့သည်
835 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီးကြီး ကင်မရွန် ဒိုင်ယက်ဇ် နေထိုင်ခဲ့ဖူးသော နယူးယောက်မြို့ ၊ West Village ရှိ ကွန်ဒိုခန်း ကန်ဒေါ်လာ ၄ သန်းဖြင့် ဈေးကွက်ဝင်လာသည်။

ကင်မရွန် ဒိုင်ယက်ဇ်သည် အဆိုပါအခန်းကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

ကင်မရွန်ဒိုင်ယက်ဇ်အတွက် ကန်ဒေါ်လာ တစ်သန်းကျော် မြတ်စွန်းခဲ့သော်လည်း ၎င်းထံမှ ပြန်လည်ဝယ်ယူပြီး ယခုဈေးကွက်တင်လာသူ နိုအယ်လ် ပစ်ထ်မန်းအတွက်မူ ကံမကောင်းချေ။

အဘယ်ကြောင့်ဆိုသော် ကင်မရွန်ဒိုင်ယက်ဇ်ထံမှ ဝယ်ယူစဉ်က ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်းပေးခဲ့ရပြီး ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၄ သန်းသာရှိနေခြင်းကြောင့် ဒေါ်လာ ၂ သိန်းခွဲခန့် အရှုံးပေါ်နေပြီ ဖြစ်သည်။

အခန်းတည်နေရာမှာ နယူးယောက်မြို့ ၊ အနောက် ၁၂ လမ်း အမှတ် ၅၉ တွင် တည်ရှိသည့် အဆောက်အအုံကြီးတွင်ဖြစ်ပြီး အဆိုပါအဆောက်အအုံကို အင်မရီ ရုသ်က ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကင်မရွန်ဒိုင်ယက်ဇ်သည် အဲလက်စ် ရိုဒရီဂွက်ဇ် (ယခု ဂျနီဖာလိုပက်ဇ်၏ ခင်ပွန်း) နှင့် ချစ်ကြိုက်နေစဉ်ကာလအတွင်း ယခုအခန်းတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကင်မရွန်ဒိုင်ယက်ဇ်သည် အဲလက်စ်ရိုဒရီဂွက်ဇ်နှင့် လမ်းခွဲပြီးနောက် အမေရိကန် အော်တာနေးတစ် ရော့ခ်တီးဝိုင်း Good Charlotte မှ ဂီတသမား ဘင်ဂျီ မက်ဒင်နှင့် ချစ်ကြိုးသွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

ဘင်ဂျီ မက်ဒင်၏ အမွှာညီအစ်ကို ဂျိုအဲလ်မှာ နစ်ကိုးလ် ရစ်ချီနှင့် လက်ထပ်ခဲ့သည်ဟု ဆိုသည်။

West Village ကွန်ဒိုခန်းတွင် ဒီဇိုင်နာ ကယ်လီ ဝဲစတယ်လာက ကင်မရွန်ဒိုင်ယက်ဇ်အတွက် အထူးဒီဇိုင်းရေးဆွဲ မွမ်းမံထားသော အတွင်းပိုင်း အပြင်အဆင်တို့ ပါဝင်ပြီး Elle Décor မဂ္ဂဇင်းကြီး၏ မျက်နှာဖုံးတွင်ပင် ဖော်ပြခံရဖူးသည်။

၁၄ ပေရှိသော အဝတ်ထားသိုခန်းများ ပါဝင်သည့် အဝင်ခန်းမပါဝင်ပြီး အနက်ရောင်ဆေးသုတ်ထားသည့် ဝက်သစ်ချသား ကြမ်းခင်းများ တွေ့ရသည်။

ညစာစားခန်းနှင့် ဧည့်ခန်းကို ရွှေရောင်မှန်နံရံများ၊ ဗိသုကာပိုင်းအရ ထည့်သွင်းထားသည့် ထုတ်တန်းများဖြင့် ပိုင်းခြားထားသည်။

နေအိမ်ခန်းအတွင်း ထင်းသုံးမီးလင်းဖို၊ နံရံကပ်စက္ကူတို့နှင့် ဧည့်ခန်းတွင်မူ လက်မှုလက်ရာများဖြင့် မွမ်းမံထားသော မျက်နှာကြက်များ တွေ့ရသည်။

မီးဖိုဆောင်အတွင်း ရေစစ်စနစ်တစ်ခုကို အထိုင်အဖြစ် ထည့်သွင်းပေးထားသည်။

ဈေးကွက်တင်သွင်းပေးသူများမှာ Brown Harris Stevens အိမ်ခြံမြေကုမ္ပဏီမှ ဂျွန်ဘာဂါနှင့် ရစ်ချတ် ဇီဂယ်လက်ခ်ျတို့ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service