ရန်ကုန်မြို့တော်ခန်းမကို ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံဝင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေပြီး လက်ရှိနေရာအား ပြတိုက်ပြုလုပ်မည်ဟုဆို

ရန်ကုန်မြို့တော်ခန်းမကို ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံဝင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေပြီး လက်ရှိနေရာအား ပြတိုက်ပြုလုပ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
17 Jun 2019 11:01 am တွင် တင်ခဲ့သည်
1503 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန် မြို့တော်ခန်းမကို ဗိုလ်တထောင်မြို့နယ် ရှိ လေမှုတ်စက်ရုံဝင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေပြီး လက်ရှိနေရာအား ပြတိုက်ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရသည်။

“မနှစ်က မြို့တော်စီမံကိန်းနှစ်ခုရှိတယ်။ ကမာရွတ်က EO ရုံးနဲ့ လေမှုတ်စက်ရုံဝင်းအတွင်း ဆောင်ရွက်မယ့် မြို့တော်ခန်းမကြီးပေါ့။ လက်ရှိမြို့တော်ခန်းမကြီးကို ပြတိုက်လုပ်မယ် ဘာမယ်လို့ပြောတယ်။ ဘတ်ဂျက်ထဲမှာ လေမှုတ်စက်ရုံဝင်းမှာ မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံဆောက်ဖို့ဆိုပြီးပဲပါတော့ ဘတ်ဂျက်နဲ့ပတ်သက်ပြီး လာရှင်းတဲ့ စည်ပင်က လူတွေကို မေးတော့မှ မြို့တော်ခန်းမဆောက်မယ်လို့ သိရတယ်။ ဒီဟာကို Master Plan ရေးဆွဲပြီး သေသေချာချာ ချပြရမှာ” ဟု သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ လျာထားဘတ်ဂျက်တွင် လေမှုတ်စက်ရုံဝင်းအတွင်း မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံတည်ဆောက်ရန်အတွက်ဟုသာ ဖော်ပြထားပြီး အသေးစိတ်အချက်အလက်များပါရှိခြင်း မရှိကြောင်း ဒေါ်သက်ထားနွယ်ဝင်းကပြောကြားသည်။

“၂၀၁၈-၂၀၁၉ မှာ သန်း ၂၀၀၀ တောင်းတယ်။ ပြီးခဲ့တဲ့ ဖြည့်စွက်ဘတ်ဂျက်မှာ သန်း ၇၀၀ ခွင့်ပြုလိုက်တယ်။ ခန့်မှန်းစုစုပေါင်း တန်ဖိုး သန်း ၅၀၀၀ တောင်းတာ။ ၂၀၁၉-၂၀၂၀ မှာ သန်း ၇၀၀၀ တင်တာ။ အဲဒါတောင်မှ ၃၅ ရာခိုင်နှုန်းပဲ ပြီးဦးမယ်ဆိုတော့ ဘယ်လိုဒီဇိုင်း၊ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ဘာမှမသိရသေးဘူး” ဟု ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

ပြည်သူ့ငွေစာရင်းကော်မတီအား ယခုကဲ့သို့ကိစ္စများကို ပွင့်လင်းချပြသင့်ကြောင်း၊ ယခုကဲ့သို့မပြုလုပ်ပါက ပြည်သူ့ငွေစာရင်း ကော်မတီကိုလည်း ပြည်သူများ အယုံအကြည်မဲ့မည်ဖြစ်သည့်အပြင် လွှတ်တော်ကိုလည်း ပြည်သူများယုံကြည်အားကိုးမှု လျော့နည်းလာနိုင်ကြောင်း ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း လေမှုတ်စက်ရုံဝင်းတွင် မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံ တည်ဆောက်ခြင်းကို ယခုနှစ်တွင် ကျပ်သန်း ၇၀၀၀ တောင်းခံထားခြင်းသည် On Going Process အရတောင်းခံခြင်း ဖြစ်သော်လည်း အသေးစိတ်တွက်ချက်မှု တင်ပြရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

“ရန်ကုန်မြို့တော်စည်ပင်သာယာမြို့တော်ခန်းမကို လေမှုတ်စက်ရုံဝင်းကို ပြောင်းဖို့လုပ်ထားတယ်။ ဘတ်ဂျက်ထဲမှာတော့ လေမှုတ်စက်ရုံဝင်း မှတ်တမ်းထိန်းသိမ်းအဆောက်အအုံလုပ်မယ်ဆိုပြီးပဲပါတယ်။ တကယ့်တကယ်က မြို့တော်ခန်းမကြီးပြောင်းဖို့ ၃၃ ရာခိုင်နှုန်းအတွက်တောင် ကျပ်ကိုးဘီလျံ လောက်ဖြစ်နေတယ်။ ၁၀၀ ရာခိုင်နှုန်း ဆောက်မယ်ဆိုရင် ဘီလျံ ၃၀ လောက်ဖြစ်နေပြီ။ ဒါကြီးက အခုချိန်မှာ လုံးဝမလုပ်သင့်သေးဘူး။ ပြည်သူတွေအတွက် လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်” ဟု မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် ယခုစီမံကိန်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဖော်ပြထားမှုမရှိကြောင်း၊ ပြည်သူများအတွက် လိုအပ်ချက်များနေသည့်အခါမျိုးတွင် ယခုစီမံကိန်းသည် မလုပ်သင့်သည့်စီမံကိန်း ဖြစ်ကြောင်း ဦးရန်ရှင်း၏ ပြောကြားမှုအရ သိရသည်။

“အမှိုက်ကားတွေက မြို့နယ်တွေမှာလိုနေတာအများကြီး။ အဲဒါကို ဘတ်ဂျက်ဆွေးနွေးတုန်းက ထည့်ဆွေးနွေးတယ်။ ဒါက ပြန်မဖြေကြားဘူး။ စိတ်ဝင်စားမှုလည်း မရှိဘူး။ အဓိက အခြေခံလိုအပ်ချက်ကို မဖြည့်ဆည်းဘဲနဲ့ အဆောက်အအုံကြီးတွေ ဆောက်ဖို့ပဲ စိတ်အားထက်သန်နေတယ်” ဟု ဦးရန်ရှင်းက ပြောကြားသည်။

“အခုကိစ္စကို ကျွန်တော်က ပြည်သူ့ငွေစာရင်းကော်မတီမှာပါလို့ သိရတာ။ ဒီဟာကြီးကို လေမှုတ်စက်ရုံဝင်းမှာ အဆောက်အအုံဆောက်မယ်လို့ တင်ပြတော့ ဒီဇိုင်းပြ ငွေစာရင်းက စစ်ရမှာလေ။ ဒီဇိုင်းက အကြီးကြီးပဲ။ ကျပ်သန်းပေါင်းများစွာ ကုန်ဦးမှာ။ ကျွန်တော်တို့ အနာဂတ်စီမံကိန်းက မြို့တော်စည်ပင်ရုံးကြီးကို အဲဒီကို ပြောင်းဖို့ရှိပါတယ် ဦးကျော်ဇေယျဆိုပြီး ဌာနမှူးကြီးကိုယ်တိုင် ပြောသွားတာ။ ပြည်သူ့ငွေစာရင်းကော်မတီ ကိုပြောသွားတာ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးကျော်ဇေယျက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေငွေ စာရင်းလျာထားချက်တွင်ပါဝင်သည့် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း လေမှုတ်စက်ရုံဝင်းတွင် မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဒေါ်သက်ထားနွယ်ဝင်းနှင့် ဦးရန်ရှင်းတို့က ထည့်သွင်းဆွေးနွေး မေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း ယင်းကိစ္စကို စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ရှင်းလင်းခဲ့ခြင်းမရှိကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service