ပြည်တွင်းရွှေဈေး ကျပ်ဆယ်သိန်းရှစ်သောင်းငါးထောင်အထိ စံချိန်တင်မြင့်တက်

ပြည်တွင်းရွှေဈေး ကျပ်ဆယ်သိန်းရှစ်သောင်းငါးထောင်အထိ စံချိန်တင်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
17 Jun 2019 10:01 am တွင် တင်ခဲ့သည်
997 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်းရွှေဈေးနှုန်း သည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းရှစ်သောင်း ငါးထောင်သို့ ဇွန်လ ၁၄ ရက်က စံချိန်တင်မြင့်တက်ခဲ့သည်။

ဇွန်လ ၁ ရက်က အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းလေးသောင်းရှစ်ထောင်ဈေး ရှိရာမှ ရက်သတ္တနှစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃ ရာခိုင်နှုန်းခန့် မြင့်တက်လာ ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးစံချိန်တင် မြင့်တက်ရခြင်းသည် ကမ္ဘာ့ ရွှေဈေးနှုန်း မြင့်တက်လာခြင်းကြောင့်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်ဟုလည်း ၎င်းကဆိုသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ဗဟိုဘဏ်များ မှ အတိုးနှုန်းလျှော့ချမည့်သတင်းများက နိုင်ငံတကာငွေကြေးနှင့် အရင်းအနှီးဈေးကွက်တွင် ပျံ့နှံ့နေပြီး ယင်းကြောင့် ရွှေအပါအ၀င်တန်ဖိုးမြင့်ကုန်ပစ္စည်းအချို့ ဈေးနှုန်းများမြင့်တက်နေသည်ဟု ဦးကျော်ဝင်းက ဆိုသည်။

‘‘နိုင်ငံတကာမှာတော့ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ရွှေဝယ်လို အားကတက်နေတယ်။ ကမ္ဘာ့ရွှေ ဈေးနှုန်းကဆက်တိုက်တက်လာ တယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိ ကမ္ဘာ့ ရွှေဈေးနှုန်း သည် ရွှေတစ်အောင်စလျှင် ကန် ၁,၃၄၆ ဒေါ်လာအထိ ရောက်ရှိ လာသည်။ အဆိုပါဈေးနှုန်းကဇွန် လနှစ်ပတ်အတွင်း ၄ ရာခိုင်နှုန်း ခန့် မြင့်တက်လာခြင်းဖြစ်သည်။ ဇွန်လဆန်းက ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁,၂၉၂ ဒေါ် လာဈေးရှိခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ရွှေဈေးနှုန်း ရုတ်တရက်မြင့်တက် ခြင်း၊ ကျဆင်းခြင်းသည် ၀ယ်လိုအားနည်းပြီး အရောင်းအ၀ယ်အေးသဖြင့် ပြည်တွင်းရွှေလုပ်ငန်းရှင်များ မကြိုက်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

ပြည်တွင်းရွှေဈေးမြင့်တက် နေသော်လည်း ကန်ဒေါ်လာ တန်ဖိုးသည် ဇွန်လဒုတိယပတ် အတွင်း အနည်းငယ်ကျဆင်းလာသည်။ ဇွန်လဒုတိယပတ်၌ ပြည် တွင်းငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုးက တစ်ဒေါ်လာ လျှင် ၁,၅၃၅ ကျပ်အထိ အမြင့် ဆုံးရောက်ရှိပြီးနောက် ဇွန်လ ၁၄ ရက်တွင် တစ်ဒေါ်လာ ၁,၅၂၄ ကျပ်သို့ ပြန်လည်ကျဆင်းသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service