ရုရှားသူလျှိုဟောင်း ဆာဂျီ စကရစ်ပါ၏ နေအိမ် အင်္ဂလန်ရှိ ဝဲ့ထ်ရှိုင်းယားခရိုင်အုပ်ချုပ်ရေး ကောင်စီအဖွဲ့က ဝယ်ယူဖွယ်ရှိ

ရုရှားသူလျှိုဟောင်း ဆာဂျီ စကရစ်ပါ၏ နေအိမ် အင်္ဂလန်ရှိ ဝဲ့ထ်ရှိုင်းယားခရိုင်အုပ်ချုပ်ရေး ကောင်စီအဖွဲ့က ဝယ်ယူဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Jun 2019 12:27 pm တွင် တင်ခဲ့သည်
768 ကြိမ် ကြည့်ရှု့ပြီး

ရုရှားသူလျှိုဟောင်း ဆာဂျီ စကရစ်ပါ၏ အင်္ဂလန်ရှိ နေအိမ်ကို ကမ္ဘာကျော် အိမ်ငှားဝက်ဘ်ဆိုက် Airbnb တွင် အငှားဈေးကွက်တင် လာမည်ကို ရတက်မအေးဖြစ်နေသော အင်္ဂလန်နိုင်ငံ၊ ဝဲ့ထ်ရှိုင်းယားခရိုင်အုပ်ချုပ်ရေး ကောင်စီအဖွဲ့က ဝယ်ယူဖွယ်ရှိနေသည်ဟု အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆာဂျီ စကရစ်ပါ (အသက် ၆၇ )နှင့် သမီးဖြစ်သူ ယူလီယာ စကရစ်ပါ (အသက် ၃၃ )တို့သည် ပြီးခဲ့သောနှစ် ၊ မတ်လအတွင်း အဆိုပါနေအိမ်တွင် ရုရှားတို့ တီထွင်ထားသော Novichok (ရုရှားအသံထွက်-မဲနစ်ချော့ခ်) ဟူသော အဆိပ်တစ်မျိုးဖြင့် လုပ်ကြံခံရကာ သေလုမြောပါးဖြစ်ခဲ့ကြသည်။

ဆာဂျီ စကရစ်ပါ၏ အင်္ဂလန်ရှိ နေအိမ်မှာ အိပ်ခန်း ၂ ခန်းပါဝင်ပြီး ပေါင် ၂၀၀၀၀၀ ခန့် တန်ကြေးရှိသည့်နေအိမ်ဖြစ်ကာ နေအိမ်၏ တံခါးလက်ကိုင်တွင် အနံ့မရှိသော Novichok အဆိပ်ကို ပက်ဖြန်းထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေအိမ်ကို ဗြိတိန်စစ်ဘက်က လပေါင်းများစွာ အခြေချကာ နေအိမ်တွင်းတွင် အဆိပ်ဓာတ်များ ပျက်ပြယ်ရန် ဆောင်ရွက်နေခဲ့သည်။

စကရစ်ပါနှင့် သမီးဖြစ်သူတို့သည် အဆိပ်မိခြင်းမှ သက်သာပျောက်ကင်းလာပြီဖြစ်သော်လည်း နေအိမ်သို့ ပြန်နိုင်ဖွယ် မရှိသေးချေ။

အဆိုပါနေအိမ် မည်သို့ဆက်ဖြစ်လာမည်ကို အိမ်နီးချင်းများက ရတက်မအေးဖြစ်လာကြပြီးနောက် မြို့ကောင်စီအဖွဲ့က ဝယ်ယူရန် အကြံပေါ်လာခြင်းလည်း ဖြစ်သည်။

“Airbnb လိုနေရာမျိုးကို မရောက်စေဖို့အတွက် ဒီနေအိမ်ကို ကျွန်တော်တို့ ဝယ်ယူဖို့ စီစဉ်နေပါတယ်”ဟု ဝဲ့ထ်ရှိုင်းယားခရိုင်အုပ်ချုပ်ရေး ကောင်စီမှ အေလစ္စတာ ကန်နင်ဟမ်က ပြောကြားသည်။

“နေအိမ်ရောင်းချပြီးရင် ဒီအဆောက်အအုံဟာ ဘယ်သူပိုင်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ အိမ်နီးချင်းတွေက ရတက်မအေးဖြစ်နေ ကြတယ်။ မြို့ကောင်စီ ဝယ်ယူပြီးတဲ့နောက်မှာတော့ လူနေဖို့အတွက်ပဲ အသုံးပြုသွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နေအိမ်ကို မြို့တော်ကောင်စီက ဝယ်ယူခြင်းသည် လူနေအဖြစ်သာ အသုံးပြုရန် သေချာစေမည်ဖြစ်ကြောင်းလည်း ကန်နင်ဟမ်က ပြောကြားသည်။

မစ္စတာ စကရစ်ပါကို အဆိပ်ခတ်လုပ်ကြံရန် ကြိုးပမ်းသူများမှာ ရုရှားနိုင်ငံသားများဖြစ်သော အလက်ဇန္ဒြား ပီထရော့ဗ်နှင့် ရူစလန် ဘိုရှီရော့ဗ်တို့ဖြစ်ကြောင်း သံသယရှိထားသည်။

အဆိပ်ဖြင့် တိုက်ခိုက်မှု မဖြစ်ပွားမီ တစ်ရက်က ၎င်းတို့နှစ်ဦးကို စလစ်ဘူရီတွင် ရှိနေခဲ့ကြောင်း စီစီတီဗွီမှတ်တမ်းများတွင် တွေ့ရသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service