ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများသည် ပိုလန်အိမ်ခြံမြေဈေးကွက်ကို တနေ့တခြား ပိုမိုစိတ်ဝင်စားလာလျက်ရှိနေကြောင်း ဆိုးလ်မြို့တော်အခြေစိုက် ပိုလန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအေဂျင်စီ (PAIH) မှ အာကား ဒီယုစ် တားနော့စကီးက ပြောကြားသည်။
“ကိုရီးယား ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးအပါဆုံး ထိပ်တန်း ဥရောပ ၅ နိုင်ငံစာရင်းထဲကို ပိုလန်ဝင်ရောက်လာပါတယ်” ဟု ဆိုးလ်မြို့တော်ရှိ PAIH ၏ ရုံးတွင် ကျင်းပသော ပိုလန်-ကိုရီးယား စီးပွားရေးဖိုရမ်တွင် တားနော့စကီးက ပြောကြားလိုက်သည်။
တားနော့စကီးက ဆက်လက်ပြောကြားရာတွင် ပိုလန်တွင် Amazon ၏ ထောက်ပို့ဌာန ၅ ခုရှိသည့်အနက် ၄ ခုမှာ ကိုရီးယားကုမ္ပဏီများ ပိုင်ဆိုင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
တားနော့စကီးက ထောက်ပြရာတွင် ကိုရီးယားကုမ္ပဏီများသည် နိုင်ငံရေးမတည်ငြိမ်သော နိုင်ငံများရှိ စီမံကိန်းများ(သို့မဟုတ်) နိုင်ငံရေး အန္တရာယ်အလွန်မြင့်မားသော စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့မရှိကြောင်း ထောက်ပြသည်။
ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ပိုလန်သည် တည်ငြိမ်လုံခြုံမှုရှိသော နိုင်ငံဖြစ်သည်မှာ ဂုဏ်ယူဖွယ်အချက်တစ်ခု ဖြစ်ကြောင်းလည်း တားနော့စကီးက ပြောကြားသည်။
ပိုလန်-ကိုရီးယား စီးပွားရေးဖိုရမ်ကို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၃၀ ပြည့်ကာလတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၃၀ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသူများတွင် ကိုရီးယားကုမ္ပဏီများမှ ကိုယ်စားလှယ်တော်ကြီးများ၊ ပိုလန်ကုမ္ပဏီများနှင့် အင်စတီကျူးရှင်းများမှ ကိုယ်စားလှယ်အဖွဲ့တို့အပြင် ပိုလန် စွန့်ဦးတီထွင်မှုနှင့် နည်းပညာ ဒုတိယဝန်ကြီး တာဒယုဒ်ရှ် ကော့ရှီန် စကီန်လည်း ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)