နေအိမ်ရှာဖွေမှုများ ဆက်တိုက်ပြုလုပ်နေသော amazon တည်ထောင်သူ ဂျက်ဘီဇော့စ်က မန်ဟက်တန်ရှိ လူနေခန်း ၃ ခုကို ကန်ဒေါ်လာ သန်း ၈၀ ဖြင့် ဝယ်ယူလိုက်ပြီ

နေအိမ်ရှာဖွေမှုများ ဆက်တိုက်ပြုလုပ်နေသော amazon တည်ထောင်သူ ဂျက်ဘီဇော့စ်က မန်ဟက်တန်ရှိ လူနေခန်း ၃ ခုကို ကန်ဒေါ်လာ သန်း ၈၀ ဖြင့် ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
12 Jun 2019 11:47 am တွင် တင်ခဲ့သည်
661 ကြိမ် ကြည့်ရှု့ပြီး

amazon.com တည်ထောင်သူ ဂျက်ဘီဇော့စ်သည် မကြာသေးမီ လပိုင်းအတွင်း ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်နှင့်အတူ နေအိမ်ရှာဖွေမှုများ အဆက်မပြတ် ပြုလုပ်နေခဲ့ပြီး အဆိုပါသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက

(၁) https://www.imyanmarhouse.com/news/read/814521 

(၂) https://www.imyanmarhouse.com/news/read/820692  အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

ယခုအခါ ဂျက်ဘီဇော့စ်သည် နယူးယောက်မြို့ မန်ဟက်တန်အရပ် NoMad အဆောက်အအုံကြီး၏ အပေါ်ဆုံးအလွှာ ၄ ခုကို စုစုပေါင်းတန်ဖိုးငွေ ကန်ဒေါ်လာ သန်း ၈၀ ဖြင့် ဝယ်ယူမှုများ အပြီးသတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နယူးယောက်မြို့၊ Madison Square Park နှင့် ကပ်လျက် ပဉ္စမရိပ်သာလမ်း၊ အမှတ် ၂၁၂ အဆောက်အအုံကြီးတွင် အလွှာ ၃ လွှာဖြန့်ကျက်တည်ရှိသည့် penthouse ခန်းအပြင် အဆိုပါအခန်း၏ အောက်ထပ်တွင် ကပ်လျက်တည်ရှိသည့် အခန်း ၂ ခန်းကို ဝယ်ယူကာ အလွှာ ၄ လွှာရှိ အခန်းများအား စုပေါင်းကာ ကြီးမားသည့် နေအိမ်တစ်ခုအဖြစ် ဖွဲ့စည်းရန် ဂျက်ဘီဇော့က စီစဉ်ခြင်းဖြစ်သည်။

“အဆောက်အအုံကြီးမှာ နေထိုင်နေတဲ့သူတွေက ဒီကိစ္စကိုပဲ ပြောနေကြပါတယ်။ သူတို့ရဲ့ အဆောက်အအုံမှာ ဂျက်ဘ်ဘီဇော့စ် အိမ်နီးချင်းဖြစ်လာမှာကို စိတ်လှုပ်ရှားနေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လူနေခန်းဈေးတွေ မြင့်တက်လာတော့မှာ ဖြစ်တာကြောင့်ပါ”ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

ဂျက်ဘီဇော့စ်က အဆိုပါအခန်းများကို ကြိမ်ဖန်များစွာ ကြည့်ရှုပြီးနောက်တြွင် အရောင်းအဝယ်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံ developer ကမူ ဝယ်လက်မှာ ဂျက်ဘီဇော့စ်ဖြစ်သည်ဆိုသည့်အချက်ကို ငြင်းပယ်ထားသည်။

ဂျက်ဘီဇော့စ်က အဆိုပါအခန်းများကို ဝယ်ယူလိုက်ကြောင်း ပထမဆုံးစတင်ဖော်ပြခဲ့သည်မှာ ဝေါစထရိဂျာနယ်ကြီး ဖြစ်သည်။

Penthouse ခန်းသည် အလွှာ ၃ လွှာဖြန့်ကျက်တည်ရှိပြီး လူနေ နေရာများ ကျယ်ပြောစွာ ပါဝင်ကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းတို့ ပါဝင်သည်။

၂၀၁၇ ခုနှစ်အတွင်း အရောင်းဈေးကွက်သို့ ပထမဆုံးစတင်ဝင်ရောက်စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၇၃ ဒသမ ၈ သန်းဖြစ်ပြီး လက်ရှိတွင်မူ ကန်ဒေါ်လာ ၅၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည်။

ဂျက်ဘီဇော့စ်သည် အခန်းအားလုံးအတွက် ကန်ဒေါ်လာ ၈၇ ဒသမ ၈ သန်းခန့် သုံးစွဲခဲ့ရသည်ဟု ဆိုသည်။

Penthouse ခန်း၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၇၉ ရှိပြီး သီးသန့်ဓာတ်လှေကားတစ်ခုပါဝင်ကာ ရေကူးကန်ပါဝင်သည့် အခန်းတစ်ခန်းလည်း ပါဝင်သေးသည်။

ဂျက်ဘီဇော့စ် ဝယ်ယူဖြစ်ရန် အကြိုက်နှစ်သက်ဆုံးဖြစ်ခဲ့စေသည်မှာ မြင့်မားသော အုတ်နံရံများကြောင့်ဖြစ်နိုင်ပြီး စပ်စုမည့် မျက်လုံးများကို ကာကွယ်ပေးထားနိုင်သောကြောင့် ဖြစ်နိုင်သည်။

ဂျက်ဘီဇော့စ်နှင့် ဇနီးဖြစ်သူတို့၏ ကွာရှင်းမှုမှာ လူပြောအလွန်များခဲ့သည့် အကြောင်းရပ်ဖြစ်နေပြီး ၎င်းတို့ဇနီးမောင်နှံအကြား စကားပြောထားသည့် ညစ်ညမ်သော ပြောကြားချက်များမှာလည်း ပေါက်ကြားထားသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service