နယူးယောက်မြို့၊ အရှေ့ရွာ အရပ်ရှိ Hells Angels မော်တော်ဆိုင်ကယ် ကလပ်အသင်းရုံးချုပ် အဆောက်အအုံကြီးကို အငှားလူနေခန်းများအဖြစ် ပြောင်းလဲတော့မည်

နယူးယောက်မြို့၊ အရှေ့ရွာ အရပ်ရှိ Hells Angels မော်တော်ဆိုင်ကယ် ကလပ်အသင်းရုံးချုပ် အဆောက်အအုံကြီးကို အငှားလူနေခန်းများအဖြစ် ပြောင်းလဲတော့မည် - Property News in Myanmar from iMyanmarHouse.com
12 Jun 2019 11:17 am တွင် တင်ခဲ့သည်
805 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ အရှေ့ရွာ (East Village) အရပ်ရှိ Hells Angels မော်တော်ဆိုင်ကယ် ကလပ်အသင်းရုံးချုပ် အဆောက်အအုံကြီးကို အငှားလူနေခန်းများအဖြစ် ပြောင်းလဲတော့မည်ဟု ဆိုသည်။

Hells Angels ကလပ်အသင်းသည် အရှေ့ရွာတွင် ရပ်ဆိုင်းပိတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

Hells Angels မော်တော်ဆိုင်ကယ် ကလပ်အသင်း (HAMC) သည် ကမ္ဘာလုံးဆိုင်ရာ ဆိုင်ကယ်စီးဂိုဏ်းကြီးဖြစ်ပြီး ၎င်းတို့၏ အဖွဲ့ဝင်များသည် အဓိကအားဖြင့် ဟာလီဒေးဗစ်ဆင်အမျိုးအစား ဆိုင်ကယ်များသာ စီးလေ့ရှိသည်။

Hells Angels ကလပ်ကို ၁၉၄၈ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ဒုတိယကမ္ဘာစစ် စစ်ပြန်များက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန် ဘာနာဒီနိုအရပ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယခုအဆောက်အအုံကြီးမှာ Hells Angels ၏ ရုံးချုပ်ဖြစ်ခဲ့ပြီး ဒေသတွင်း နာမည်ကျော် သမိုင်းအမွေအနှစ်တစ်ခုလည်း ဖြစ်ကာ ယခုအခါတွင်မူ အငှားလူနေခန်းများ ဖြစ်လာတော့မည် ဖြစ်သည်။

အိမ်ခြံမြေလုပ်ငန်းရှင် နာသန် ဘလက်တာက အရှေ့ ၃ လမ်း၊ အမှတ် ၇၇ ရှိ အဆိုပါ ၆ ထပ်အဆောက်အအုံကြီးကို ယခုရက်သတ္တပတ်အတွင်း ကန်ဒေါ်လာ ၁၀ သန်းဖြင့် အပြီးသတ်ဝယ်ယူခဲ့သည်။

နာသန် ဘလက်တာက Hells Angels ကလပ် ရုံးချုပ်အဆောက်အအုံကြီးကို အရှေ့ရွာ၏ သမားရိုးကျ လူနေခန်းများအဖြစ် ပြောင်းလဲသွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့ဟာ လမ်းသူရဲတွေရဲ့ နှောင့်ယှက်မှုတွေခံခဲ့ကြရတယ်။ ကျွန်တော်တို့ရဲ့ ဆိုင်ကယ်တွေပေါ် တက်ထိုင်တယ်။ ပလက်ဖောင်းပေါ် သေးပန်းကြတယ်”ဟု တိုနီအမည်ရှိသူတစ်ဦးက ပြောကြားသည်။

တိုနီသည် Hells Angels ဂိုဏ်းသားများက အိမ်ဟုခေါ်ကြသည့် ယခုနေရာကို ၁၉၇၀ ပြည့်လွန်ကာလကတည်းက ကျောခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ Hells Angels ရုံးချုပ် အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂ သန်း အကုန်အကျခံကာ မွမ်းမံသွားမည်ဖြစ်ပြီး ယခင်က ကလပ်၏ အရက်ဘားအဖြစ် အသုံးပြုခဲ့သည့် မြေညီထပ်တွင် လက်လီအရောင်းဆိုင်နေရာ ၂ ခု ပါဝင်မည့်အပြင် ဆိုင်ကယ်သမားတို့အတွက် အမှတ်တရ နေရာအဖြစ် မျက်နှာစာခန်းတစ်ခုလည်း ထားရှိပေးသွားမည် ဖြစ်သည်။

ဘလက်တာက ပြောကြားရာတွင် ၎င်းအား ဆက်သွယ်လာသူများ ရှိပြီး အချို့က Hells Angels ၏ ပြတိုက်အဖြစ် ပြောင်းလဲရန် တိုက်တွန်းသူများရှိပြီး အချို့ကမူ ဆံပင်ညှပ်ဆိုင်တစ်ခု ဖွင့်ရန် တောင်းဆိုမှုများရှိသည်ဟု ဆိုသည်။

ပိုင်ရှင်သစ်ဖြစ်သော Better Living ကုမ္ပဏီက လူနေခန်းအဖြစ် ပြောင်းလဲမှုကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ် ပြုလုပ်သွားရန် မျှော်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service