ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
Ta Gaung Bwar Construction မှ တည်ဆောက်ထားသည့် The Vista Luxury Residence ရှိ ကွန်ဒိုအခန်းများအား အရောင်းစတင်ဖွင့်လှစ်ရန် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးအရောင်းပြပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ မေလ ( ၂၅ ၊ ၂၆ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် စီမံကိန်းတည်ရှိရာ ဗဟန်းမြို့နယ် ၊ အနောက်ရွှေဂုံတိုင် (၄) လမ်းမှာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့် ပြင်ဆင်ပြီးအခန်းများကို အရောင်းပြပွဲအတွင်း အတိုးမဲ့ အရစ်ကျစနစ် (သို့မဟုတ်) ဘဏ်ဖြင့် နှစ်ရှည်အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ရာ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။
The Vista Luxury Residence ကို အရည်အသွေးစိတ်ချရသည့် Ta Gaung Bwar Construction မှ တည်ဆောက်နေပြီး မကြာမီအခန်းများအပ်နှံတော့မည် ဖြစ်သည်။ အနီးအနားတွင် ရန်ကုန်မြို့ရဲ့ ၏ အထင်ကရနေရာများဖြစ်သည့် ရွှေတိဂုံစေတီ ၊ အာဇာနည်ဗိမာန် ၊ တော်လှန်ရေးပန်းခြံ ၊ ပြည်သူ့ရင်ပြင် ၊ Market Place ၊ ဒဂုန်စင်တာတို့ တည်ရှိသည်။
Facilities များအနေဖြင့် Roof Top Garden Area ၊ ရေကူးကန် ၊ အားကစားခန်းမ ၊ BBQ Area ၊ Basement Car Parking (၂) ထပ် ၊ ၂၄ နာရီ အသုံးပြုနိုင်မည့် ဓာတ်လှေကား (၂) စင်း ၊ Generator ( 24 hours ) ၊ Security ၊ Card Access Control System ၊ CCTV ၊ Audio / Video Intercom System စသည်တို့ ပါဝင်သည်။
“ဒီ The Vista Luxury Residence ဟာဆိုရင် ၆ထပ်အမြင့်ရှိတဲ့ အဆောက်အဦးဖြစ်ပြီး တစ်လွှာမှာ အခန်း ၉ ခန်း ပါဝင်မှာပဲဖြစ်ပါတယ်။ ကွန်ဒို Facilities အပြည့်အစုံပါဝင်ပြီး မိမိတို့အိပ်ခန်းများမှ ရွှေတိဂုံစေတီတော်ကို အနီးကပ်ထင်ရှားစွာ ပူဇော်နိုင်မှာပဲဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စတွေအတွက်လဲ SSC ဆေးရုံ ၊ အာရှတော်ဝင်ဆေးရုံများကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာသွားလာနိုင်မှာပဲဖြစ်ပါတယ်။ Location အားသာချက်ရှိတဲ့ ဒီကွန်ဒိုကို အခုအရောင်းပြပွဲအတွင်း ဝယ်ယူအားပေးကြတဲ့ Customer များကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ထပ်မံဝယ်ယူလိုတဲ့ မိတ်ဆွေများလည်း ကျွန်တော်တို့ iMyanmarHouse.com သို့ ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)