ပွဲစားတချို့ အိမ်အရောင်းအဝယ်မှာ စည်းဝါးကိုက် ဈေးပိုတောင်း

ပွဲစားတချို့ အိမ်အရောင်းအဝယ်မှာ စည်းဝါးကိုက် ဈေးပိုတောင်း - Property News in Myanmar from iMyanmarHouse.com
11 Jun 2019 12:57 pm တွင် တင်ခဲ့သည်
1006 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေတိုက်ခန်း ငှားတော့မယ်ဒါမှမဟုတ် အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် ပွဲစားလက်ထဲရောက်သွားကြတာက များပါတယ်။

အိမ်ဝယ်တော့မယ်ဆိုရင် ပွဲစားအချင်းချင်း ချိတ်ဆက်ပြီး ဝယ်သူတွေကို ဈေးပြိုင်ခေါ်ကာ တစ်ဖက်ကဈေးဘယ်လောက်ပေးမယ်၊ ဒီဘက်ကဘယ်လောက်ပေးမလဲဆိုပြီး ဈေးတင်တောင်းကာ ရောင်းချနေတာတွေလည်းရှိပါတယ်။

ပွဲစားနှစ်ဦးက အချင်းချင်း ချိတ်ထားတာပါ။ ပွဲစားတစ်ဦးကဝယ်သူတစ်ဦးကို အိမ်တွေလိုက်ပြ ဈေးပြောပြီးတခြားပွဲစားကဝယ်သူကို ဟိုဘက်က ဝယ်သူက ဈေးဒီလောက်ပေးမယ် ဒီဘက်က ပေးနိုင်မလားဆိုပြီး ဈေးပိုပြော ရောင်းချနေတာတွေလည်း ကြုံ တွေ့နေရကြောင်း သိရပါတယ်။

အိမ်ဝယ်ဖို့စုံစမ်းနေသူတစ်ဦး က “ ကျွန်မတို့အိမ်ဝယ်ဖို့စုံစမ်းတော့ ပွဲစား နှစ်ယောက်ချိတ်ပြီးတော့ ကျွန်မတို့ရော တစ်ဖက်က ဝယ်သူတွေရော ရှိနေတာ၊ အဲဒီမှာ ကျွန်မတို့ကို အခန်းလိုက်ပြကြိုက်တော့ ဈေးက အဆင်ပြေတော့ ယူမယ်ပေါ့၊ အဲမှာ သူကတစ်ဖက် က ပွဲစားဆီ ဖုန်းဆက်ပြီး ဒီက ဒီလောက်ပေးတယ်၊ ကျွန်မတို့က သိန်း ၂ဝဝ ပေးရင် ဟိုဘက်ဝယ် သူ  က သိန်း ၂၂၀ ပေးတယ်၊ ဒီဘက်က ပေးနိုင်မလားဆိုပြီး ဈေးပိုတောင်းတာမျိုးလဲ ကြုံတွေ့ရဖူးတယ် ” လို့ သူ့ အတွေ့အကြုံကို ပြောပါတယ်။

အိမ်ရှင်တွေကလည်း အိမ်ငှားချတော့မယ်ဆိုရင်ပွဲစားလက်ထဲအပ်တာများသလို အိမ်ငှားတွေက ပွဲစားခတွေပေးနေရတာကြောင့် တချို့ဆိုရင် အိမ်ရှင်အိမ်ငှားတိုက်ရိုက်ဆိုပြီး ဂရု(ပ်)လေးတွေဖွဲ့ပြီး တိုက်ရိုက်ငှားတာတွေ ရှိလာပါတယ်။

ပွဲစားတချို့ဆိုရင် ခြောက်လ ပြည့်တိုင်း အကျိုးဆောင်ခထပ်ပြီးတောင်းယူတာမျိုးလည်း တွေ့ရပါတယ်။ အိမ်ငှားတွေအနေနဲ့လည်းတစ်နေရာမှာအခြေချပြီး အလုပ်အကိုင်ပါ နေသားတကျဖြစ် နေပြီဖြစ်တာကြောင့် ဆက်ငှား နေကြရပြီး ခြောက်လတစ်ခါ အိမ်စာချုပ်ချုပ်တိုင်းအိမ်ပွဲစားကို အကျိုးဆောင်ခ ပေးနေရတာမျိုး တွေ ကြုံ တွေ့နေရပါတယ်။

အိမ်ငှားနေထိုင်သူတစ်ဦးဖြစ် တဲ့မစိုးစိုးက “ ကျွန်မတို့ဆိုဒီဘက် မှာ အိမ်ငှားလာတာအလုပ်အကိုင် နဲ့နေသားတကျဖြစ်နေပြီ၊ ကလေး တွေရှိနေတော့ ကလေးတွေဆိုရင် ကျောင်းနဲ့အဆင်ပြေတယ်၊ အဲတော့တခြားနေရာမပြောင်းဖြစ်တော့ဘူး၊ ဒါပေမယ့် ခြောက်လ တစ်ကြိမ် အိမ်စာချုပ်ချုပ်တိုင်း ပွဲစားခ ၅၀,ဝဝဝ စီပေးနေရတယ် ” လို့ ပြောပါတယ်။

Credit: The kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service