ဟောင်ကောင်တိုက်ခန်းဈေးများ ၁၉၉၇ ခုနှစ်ထက် နှစ်ဆကျော်ဖြစ်လာ

ဟောင်ကောင်တိုက်ခန်းဈေးများ ၁၉၉၇ ခုနှစ်ထက် နှစ်ဆကျော်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
10 Jun 2019 11:06 am တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်လူနေအိမ်ခြံမြေဈေးနှုန်းတွေဟာ ဟောင်ကောင်ဒေသခံအများစုအတွက် လက်လှမ်းမမီဆဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝင်ငွေနဲ့ကြွေးမြီအချိုးမြင့်မားလာတာရယ် တရိပ်ရိပ်မြင့်တက်လာတဲ့ အိမ်ရာဈေးနှုန်းတွေကြောင့်ဖြစ်တယ်လို့ ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး ပေါလ်ချန်မိုပိုက South China Morning Post သတင်းစာကနေတဆင့် သတိပေးပြောကြားခဲ့ပါတယ်။

ဟောင်ကောင်မှာ တိုက်ခန်းဈေးဟာ ဘဏ္ဍာရေးအကျပ်အတည်းမတိုင်ခင် အိမ်ခြံမြေတွေတအားဟော့သွားခဲ့တဲ့ ၁၉၉၇ ခုနှစ်ကတည်းကနေဆိုရင် ၁၂၆ ရာခိုင်နှုန်း မြင့်တက်လာပြီဖြစ်ပါတယ်ဟု ချန်က ဇွန် ၃ ရက်မှာကျင်းပပြုလုပ်ခဲ့တဲ့ ဥပဒေပြုကောင်စီအစည်းအဝေးအတွင်း ပြောကြားခဲ့ပါတယ်။

ယခုနှစ် ပထမသုံးလပတ်အတွင်း ဟောင်ကောင်ဒေသခံတွေဟာ လစဉ်ဝင်ငွေတွေရဲ့ ၆၉ ရာခိုင်နှုန်းကို ကြွေးမြီတွေပေးချေခဲ့ကြရပါတယ်။ ဒါဟာ ၁၉၉၇ ခုနှစ်ကထက် ၉၃ ရာခိုင်နှုန်း ပိုမိုများပြားပါတယ်။

ဟောင်ကောင်အစိုးရဟာ အိမ်ခြံမြေဈေးကွက်ကို အနီးကပ်စောင့်ကြည့်မှာဖြစ်တယ်လို့ ချန်က ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်မှာ ယခုနှစ် ဇန်နဝါရီကနေ ဧပြီအကြား လစဉ်လတိုင်းမှာ အိမ်ခြံမြေယေဘုယျဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ဒီဇင်ဘာကထက် ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲ့ဒီကာလမှာ တလပျမ်းမျှ အရောင်းအဝယ် ၅၄၀၀ ရှိခဲ့ကာ ၂၀၁၈ စတုတ္ထသုံးလပတ်ကထက် ၈၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

ဟောင်ကောင်မှာ လာမယ့် ငါးနှစ်အတွင်း ပြီးခဲ့တဲ့ငါးနှစ်ကအရေအတွက်ထက် ၂၀ ရာခိုင်နှုန်းပိုများပြီး ပုဂ္ဂလိကတိုက်ခန်း ၁၈,၈၀၀ ဝန်းကျင်ခန့် ဈေးကွက်ထဲရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်းလည်း သိရှိရပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service