တန်ဖိုးသင့်အိမ်ရာများဆောက်ရန် အစိုးရပိုင်မြေယာများ ရှားပါးနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

တန်ဖိုးသင့်အိမ်ရာများဆောက်ရန် အစိုးရပိုင်မြေယာများ ရှားပါးနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
10 Jun 2019 10:19 am တွင် တင်ခဲ့သည်
831 ကြိမ် ကြည့်ရှု့ပြီး

တပ်မတော်နှင့် ပတ်သက်ဆက်နွှယ်နေသူများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများကို အကြီးစားမြေယာအစိတ်အပိုင်းများ လွှဲပြောင်းခဲ့သဖြင့်တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် အစိုးရပိုင်မြေယာများရှားပါးနေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံမြို့ပြဖြစ်ထွန်းမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တန်ဖိုးသင့် အိမ်ရာများအတွက် မြေယာသည် အကန့်အသတ်ရှိနေသဖြင့် အိမ်ဈေးနှုန်းမြင့်မားရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ရန်ကုန်မြို့  တွင်အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်း အကောင်အထည်ဖော်မည်ဟု တိုင်းအစိုးရတတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

အစိုးရက မြေပေးပြီး လုပ်ငန်းရှင်များက တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရမည့်စနစ်ကို အကောင်အထည်ဖော်မည်ဟု ၎င်းကဆိုခြင်းဖြစ်သည်။

မြို့ပြလူဦးရေတိုးတက်မှုနှင့် မြေဈေးနှုန်းကြီးမြင့်မှုက တန်ဖိုးနည်းအိမ်ရာများ ရှားပါးသော ရန်ကုန်တွင် တရားမဝင်ကျူးကျော်အခြေချနေထိုင်မှုများ ဖြစ်စေသည်ဟု ဆိုထားသည်။

‘‘ရန်ကုန်မှာက စိန်ခေါ်မှုတွေ အများကြီးပဲ။ အခြေခံအဆောက်အအုံမလုံလောက်မှုက အဓိက အဖြေရှာဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း၊ တခြားနိုင်ငံကနေ ငွေကြေးအကူ အညီတွေရယူပြီးလည်း စိန်ခေါ်မှုကို ဖြေရှင်းနိုင်ပါတယ်’’ ဟု ကမ္ဘာ့ ဘဏ်၏ အရှေ့တောင်အာရှ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများ စီမံခန့်ခွဲမှုအဖွဲ့ အခြေ ခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေး စီမံကိန်း ခေါင်းဆောင် Mark Austin က ပြောသည်။

ရန်ကုန်မြို့ တွင် ကျူးကျော် နေထိုင်သူ (တရားမဝင်အခြေချ နေထိုင်သူ) ခန့်မှန်းခြေ ၄၇၅,၀၀၀ ကျော်၊ အိမ်ထောင်စု ၁၅၅,၀၀၀ ကျော်ရှိပြီး မြေဧက ၂,၀၀၀ ကျော်တွင် နေထိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

‘‘ဒီပြဿနာကို ဖြေရှင်းဖို့က တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ ဖော်ဆောင်ဖို့ လိုပါတယ်။ စင်ကာပူမှာဆိုရင်လည်း ၈၀ ရာခိုင် နှုန်းလောက်က ဈေးချိုတဲ့ အိမ်ရာတွေမှာ နေထိုင်ကြတယ်’’ ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးက ဆိုသည်။

လူအနည်းငယ်သာ ကြွယ်ဝစေခဲ့ပြီး အများစုဆင်းရဲ၍ အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့စေသည့် မမျှတသော ဖွံ့ ဖြိုးတိုးတက်ရေး အစီအမံများကို နှစ်ပေါင်း ၃၀ ကျော် ကြုံတွေ့ပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ မြို့ကြီးများကို ပိုမို၍သာတူညီမျှရှိလာ စေရေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေါက်တာသန့်မြင့်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျူးကျော် ပြဿနာကို ဖြေရှင်းရာ၌ ယခင် အစိုးရလက်ထက်များတွင် နေရာရွှေ့ပြောင်းခြင်း၊ မူလနေရာတွင် အထပ်မြင့်တိုက်ခန်းများဖြင့် အစားထိုးပေးခြင်း စသော နည်းလမ်းများ အသုံးပြုခဲ့ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။

လက်ရှိရန်ကုန်မြို့တွင် ကြုံ တွေ့နေရသည့် ကျူးကျော်နေ ထိုင်သူများနှင့်ပတ်သက်၍ ဖြေရှင်းရာတွင် နည်းလမ်းပေါင်းစုံကို အသုံးပြုမှရမည်ဟု ၎င်းက ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service