ရန်ကုန်မြို့အတွင်းပတ်လမ်းအား တင်ဒါ ခေါ်ယူသည့်အဆင့် ရောက်ရှိနေပြီး အပြင်ပတ်လမ်းကို နယ်နိမိတ် သတ်မှတ်နိုင်ရန် ဆောင်ရွက်

ရန်ကုန်မြို့အတွင်းပတ်လမ်းအား တင်ဒါ ခေါ်ယူသည့်အဆင့် ရောက်ရှိနေပြီး အပြင်ပတ်လမ်းကို နယ်နိမိတ် သတ်မှတ်နိုင်ရန် ဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
7 Jun 2019 12:06 pm တွင် တင်ခဲ့သည်
956 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ အတွင်းပတ်လမ်းအား တင်ဒါခေါ်ယူသည့်အဆင့်သို့ ရောက်ရှိနေပြီး အပြင်ပတ်လမ်းကို နယ်နိမိတ် သတ်မှတ်နိုင်ရန်နှင့် စနစ်တကျ ပုံဖော်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ ကျွန်တော်တို့ အပြင်ပတ်လမ်း တည်ဆောက်ဖို့၊ အတွင်းပတ်လမ်း တည်ဆောက်ဖို့ဆိုပြီး စဉ်းစားထားတာ ရှိပါတယ်။ အပြင်ပတ်လမ်းကြီးက ရန်ကုန်မြို့ကို အပြင်ကနေ ပတ်သွားနိုင်တဲ့ အခြေအနေ တစ်ခုရှိဖို့ လိုအပ်ပါတယ်။ အတွင်းပတ်လမ်းကတော့ အတွင်းမှာ အလွယ်တကူ သွားလာနိုင်မယ့် Express Way တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ အတွင်းပတ်လမ်းကတော့ တင်ဒါ ခေါ်ယူနေပြီ ဖြစ်ပါတယ်။ အပြင်ပတ်လမ်း ကတော့ နယ်နိမိတ် သတ်မှတ်နိုင်ဖို့နဲ့ သတ်မှတ်နေရာတွေကို စနစ်တကျ ပုံဖော်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပိုမိုဖွံ့ဖြိုးရန်အတွက် ပိုမို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အပြင်ပတ်လမ်း၊ အတွင်းပတ်လမ်းများ တည်ဆောက်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့ ပတ်ရထားလမ်း အားလုံး အဆင့်မြှင့်တင် ဆောင်ရွက်နေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ မြို့ပတ်ရထားများသည် လူဦးရေ လေးသောင်းမှ ရှစ်သောင်းခန့်သာ သယ်ယူပို့ဆောင်ပေးနိုင်သေးကြောင်း၊ အဆင့်မြှင့်တင်ပြီးပါက သိန်းနှင့်ချီသည့် ပြည်သူများအား သယ်ယူပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ရထားနဲ့ ဘူတာရုံတွေနဲ့ ကားတွေ ချိတ်တွဲဖို့ လိုတယ်။ ရထားရယ်၊ ကားလမ်းရယ်၊ ရေလမ်းတွေကို ချိတ်တွဲဖို့ လိုတယ်။ ဒီအတွက်လည်း မကြာသေးခင်က ကျွန်တော်တို့ AFC က အကူအညီနဲ့ ဆောင်ရွက်ဖို့ဆိုပြီးတော့ ပုစွန်တောင် ကို လေ့လာခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ် သည် ပုဇွန်တောင်ဈေး၊ ကားလမ်း၊ ရထားလမ်းနှင့် ငမိုးရိပ်ချောင်းတို့ ရှိနေသဖြင့် ကားလမ်း၊ ရထားလမ်း၊ ရေလမ်းတို့ကို ချိတ်တွဲနိုင်မည့် နေရာဖြစ်ကြောင်း၊ ယင်းအပြင် ကြည့်မြင်တိုင် ဘူတာသည် ကြည့်မြင်တိုင် ရထားလမ်းနှင့် ကားလမ်း ရှိကြောင်း၊ မြစ်နှင့်အနီးဆုံး ရန်ကုန်မြစ် ရှိကြောင်း၊ ယခုကဲ့သို့ နေရာများ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားနေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒါကတော့ သယ်ယူပို့ဆောင်မှုကို ဦးစားပေးပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။ ဒီလို ဧရိယာတွေ ပေါ်ထွန်းလာဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service