ချင်းပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံပါက မြေငှားရမ်းခွင့် အကန့်အသတ်မရှိခွင့်ပြုပေးမည်ဟု ဆို

ချင်းပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံပါက မြေငှားရမ်းခွင့် အကန့်အသတ်မရှိခွင့်ပြုပေးမည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
7 Jun 2019 11:01 am တွင် တင်ခဲ့သည်
1756 ကြိမ် ကြည့်ရှု့ပြီး

ချင်းပြည်နယ် တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် မြေငှားရမ်းခွင့်ကို အကန့်အသတ်မရှိခွင့်ပြုပေးမည်ဖြစ်ကြောင်း မတ် ၁၆ ရက်က မင်းဓမ္မလမ်းပေါ်ရှိ Myanmar Convention Centre (MCC) တွင်ကျင်းပသည့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆို သည်။

မြေငှားရမ်းခွင့်

" ချင်းပြည်နယ် က ရင်းနှီးမြှုပ်နှံမှုဝင်တာနည်းသေးတယ်။ ချင်းပြည်နယ်မှာ အလားအလာကောင်းတွေအများကြီးရှိတယ်။ ဒါပေမဲ့ ဘယ်သူမှ သိပ်မသိကြဘူး။ ခရီးသွားကဏ္ဍဆိုရင်လည်း အများကြီးဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ရှိတယ်။ ချင်းပြည်နယ်မှာ ရင်းနှီး မြှုပ်နှံမယ်ဆိုရင် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေး နှင့်မွေးမြူရေး၊ ရေအားလျှပ်စစ်တွေရှိတယ်။ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အဓိကဖိတ်ခေါ်ထားတယ်။ ဝင်ငွေခွန်တွေ ကင်းလွတ်ခွင့်ပေးထားတယ်။ အခွန်သက်သာ ခွင့်ပေါ့။ မြေငှားရမ်းခွင့်ဆိုရင် နိုင်ငံခြားသား ကို နှစ် ၅၀၊ ပြီးတော့မှ သက်တမ်းတိုးပေးတယ်။ တစ်ခါတိုးရင် ၁၀ နှစ် နှစ်ကြိမ်တိုးပေးတယ်။ ဒါကျတော့ နှစ် ၇၀ ထက်ပိုတယ်။ ၈၀ လည်းဖြစ်နိုင်သလို ၉၀ လည်းဖြစ်နိုင် တယ်"ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦးက ပြောဆိုသည်။

အားနည်းချက်

ချင်းပြည်နယ် ၏ အဓိကအားနည်းချက် မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်မလာရခြင်းဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ချင်းပြည်နယ်ဝန်ကြီး ချုပ်အနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို လာရောက်လည်ပတ်စေပြီး လေ့လာမှုများပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။

လေယာဉ်ကွင်း

ချင်းပြည်နယ် ၏ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရန်အတွက် ဖလမ်းမြို့ တွင် ပထမဦးဆုံးလေယာဉ်ကွင်းအဖြစ် ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ တွင်ဖွင့်လှစ်သွားမည့်အပြင် လမ်းများကိုပါ ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service