ရန်ကုန်တိုင်း အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိဟုဆို

ရန်ကုန်တိုင်း အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Jun 2019 12:05 pm တွင် တင်ခဲ့သည်
1445 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိကြောင်းသိရသည်။

ဇွန် ၃ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ် သော ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အ ကြောင်း ရှင်းလင်းခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ပြောသည်။

project bank ထဲတွင် စီမံကိန်း စုစုပေါင်း ၈ဝ ရှိပြီး၊ ယင်း ၈ဝ အနက် ၃ဝ မှာ စီမံကိန်းဖြစ် မြောက်နိုင်ရေးလေ့လာမှု (Feasibility Study) နှင့် စီမံကိန်းဖြစ် မြောက်နိုင်ရေး အကြိုလေ့လာမှု (Pre-Feasibility Study) ဆောင်ရွက်ပြီးသားဖြစ်ကြောင်း သိရသည်။ '' အဲဒီ ၃ဝ ကတော့ တစ်ခါတည်း နိုင်ငံခြားသားများလာလို့ရှိ ရင် အလွယ်တကူ လေ့လာကြည့်ရှု ပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ စီမံကိန်းဖြစ်ပါတယ်''ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောသည်။ Yangon Project Bank တွင် ထည့်သွင်းထားသည့် ဖွံ့ဖြိုးမှု စီမံကိန်း ၈ဝ တွင် နိုင်ငံတော်မှ အကောင်အထည်ဖော်နိုင်သည့် စီမံကိန်းများပါဝင်သကဲ့သို့ PPP ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများလည်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်ရာတွင် နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်စီမံကိန်းများ ရေးဆွဲခဲ့ကြောင်းသိရသည်။ Yangon Project Bank တွင် ထည့်သွင်းထားသည့် စီမံကိန်း ၈ဝ တွင် Dala City Develop ၊ ရန်ကုန်မြို့သစ်စီမံကိန်း အပိုင်း(၁)၊ ရန်ကုန်မြို့သစ်စီမံကိန်းအပိုင်း(၂)၊ ရန်ကုန်အထူးစီးပွားရေးဇုန်၊ အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးမှု စက်မှုန်ဇုန် ၂၉ ဇုန်အဆင့်မြှင့်တင်ရေးစီမံကိန်းများ၊ ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပ ၁၁ မြို့နယ်တို့တွင် စက်မှုဇုန် သစ်များ အကောင်အထည် ဖော်ရေးစီမံကိန်းများ၊ ရန်ကုန်တိုင်း အတွင်းရှိ ဈေးပေါင်း ၂ဝ ကျော် အဆင့်မြှင့်တင်မည့်စီမံကိန်း များပါဝင်ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service