ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ကမ္ဘာကျော် Shutterstock ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျွန် အော်ရင်ဂါနှင့် ဇနီးဖြစ်သူ တာလီယာတို့သည် လိတ်လမ်း၊ အမှတ် ၇၁ ရှိ ၎င်းတို့၏ penthouse ခန်းကို ကန်ဒေါ်လာ သန်း ၂၀ အောက်ဖြင့် ရောင်းချရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း Gimme Shelter ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အော်ရင်ဂါတို့ ဇနီးမောင်နှံသည် ယခုအခါ အခြားအိမ်တစ်ခန်းတစ်ခုတွင် နေထိုင်ရန် စီစဉ်လျက်ရှိသည်။
Herzog & De Meuron က ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးထားသော လီယိုနတ်လမ်း၊ အမှတ် ၅၆ အဆောက်အအုံရှိ penthouse ခန်း တစ်ခန်းကို ဝယ်ယူရန် သဘောတူစာချုပ်ချုပ်ခဲ့ပြီးပြီဟု ဆိုသည်။
အဆိုပါအခန်း၏ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၇ သန်းဖြစ်သည်ဟု သိရသည်။
အရောင်းကြော်ငြာတွင် ဖော်ပြထားရာ၌ ယခုအခန်းသည် သားနားလှသော ကွန်ဒိုအဆောက်အအုံကြီးတွင် အကြီးမားဆုံး penthouse ခန်းဖြစ်ကြောင်း၊ အိပ်ခန်း ၄ ခန်း ပါဝင်ပြီး စတုရန်းပေ ၆၄၀၀ ကျယ်ဝန်းကြောင်း၊ သီးသန့်လသာဆောင် ၃ ခု ပါဝင်ကြောင်း ဖော်ပြထားသည်။
ကိုယ်ပိုင်သော့ဖြင့် တက်ရသော ဓာတ်လှေကားမှ တက်ရောက်ရမည်ဖြစ်ပြီး မျက်နှာကြက်များမှာ ၁၄ ပေခန့်အထိ မြင့်မားကာ မြို့ ကြီး၏ မြင်ကွင်းများကို ၃၆၀ ဒီဂရီရှုမြင်ရမည် ဖြစ်သည်။
ထို့အပြင် အဖြူရောင် ဝက်သစ်ချသားကြမ်းခင်းများနှင့် ထင်းသုံးမီးလင်းဖိုတစ်ခုလည်း ပါဝင်သည်ဟု ဆိုသည်။
ကွန်ဒို အဆောက်အအုံအတွင်းတွင် အလျား ၇၅ ပေရှိ ရေကူးကန်တစ်ခု၊ indoor/outdoor ကဇာတ်ရုံတစ်ခု၊ နေစာလှုံနေရာ၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် spa ခန်းမများ ပါဝင်သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)