ဂျနီဖာ အန်နစ္စတန်နှင့် ဘရက်ပစ်တို့၏ ဘီဗာလီဟေးလ် ချစ်ဗိမ္မာန်ဟောင်း ကန်ဒေါ်လာ ၄၉ သန်းဖြင့် ရောင်းချမည်

ဂျနီဖာ အန်နစ္စတန်နှင့် ဘရက်ပစ်တို့၏ ဘီဗာလီဟေးလ် ချစ်ဗိမ္မာန်ဟောင်း ကန်ဒေါ်လာ ၄၉ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
5 Jun 2019 11:53 am တွင် တင်ခဲ့သည်
1141 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ကြယ်ပွင့်စုံတွဲဖြစ်သော ဘရက်ပစ်နှင့် ဂျနီဖာ အန်နစ္စတန်တို့ ခြေချခိုလှုံခဲ့ရာ လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်အရပ်ရှိ ချစ်ဗိမ္မာန်စံအိမ်ကြီးကို ကန်ဒေါ်လာ ၄၉ သန်းဖြင့် ရောင်းချရန် ဈေးကွက်ဝင်လာသည်။

၁၉၃၄ ခုနှစ်က ဆောက်လုပ်ခဲ့သည့် စံအိမ်ကြီးဖြစ်ပြီး တင်းနစ်ကွင်းတစ်ခုနှင့် ဧည့်ဂေဟာအိမ်တို့လည်း ပါဝင်သည်။

ယခုဈေးကွက်တင်လာသည့် ဈေးနှုန်းမှာ အများခန့်မှန်းထားသည့် ဈေးနှုန်း ကန်ဒေါ်လာ ၅၆ သန်းအောက် ၇ သန်းခန့် နည်းပါးသည့် ခေါ်ဈေးလည်း ဖြစ်သည်။

“မကြာသေးမီက အရောင်းအဝယ်ဖြစ်ခဲ့မှုတွေကို အခြေခံပြီး ကန်ဒေါ်လာ သန်း ၅၀ အောက်နဲ့ပဲ ဈေးကွက်တင်ဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ ဈေးကွက်ကို စမ်းသပ်တာမျိုး မလုပ်ပါဘူး။ လက်တွေ့ကျတဲ့ ဈေးနဲ့ပဲ ဒီနေအိမ်ကို ရောင်းချနေတာ ဖြစ်ပါတယ်” ဟု Hilton & Hyland မှ ဈေးကွက်တင်ပေးသည့် အကျိုးဆောင် ဆူဇန် စမစ်က ပြောကြားသည်။

အိပ်ခန်း ၄ ခန်းပါ နေအိမ်ကို ၁၉၃၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထပ်ဆင့် အော်စကာဆုရှင် ဖရက်ဒရစ် မာ့ခ်ျ နေထိုင်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဖရက်ဒရစ် မာ့ခ်ျသည် ၁၉၃၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Dr. Jekyll and Mr. Hyde ရုပ်ရှင်ဇာတ်ကားနှင့် ၁၉၄၆ ခုနှစ်တွင် ထုတ်လုပ်သော The Best Years of Our Lives ဇာတ်ကားများဖြင့် နာမည်ကျော်သည်။

စံအိမ်ကို ဒီဇိုင်းရေးဆွဲပေးခဲ့သူမှာ ကယ်လီဖိုးနီးယား တောင်ပိုင်းမှ နာမည်ကျော် ဗိသုကာပညာရှင် ဝေါလေ့စ် နက်ဖ် ဖြစ်သည်။

နေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး လူ ၂၀ ခန့် စားသောက်နိုင်သည့် ညစာစားခန်း၊ မူရင်း မီးလင်းဖိုပါဝင်သည့် အရက်ဘားခန်း၊ အားကစားလေ့ကျင့်ရာနေရာ၊ ရေကူးကန်၊ နေအိမ်ပြင်ပတွင် မီးလင်းဖိုပါဝင်သော အပန်းဖြေနေရာတစ်ခုတို့ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ဂျနီဖာ အန်နစ္စတန် (ယခု အသက် ၅၀ အရွယ်) နှင့် ဘရက်ပစ် (၅၅ နှစ်) တို့သည် အဆိုပါ စံအိမ်ကြီးကို ၂၀၀၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း PropertyShark ၏ မှတ်တမ်းများတွင် ဖော်ပြသည်။

ဘရက်ပစ်တို့ စုံတွဲသည် ဝယ်ယူပြီးနောက် နှစ်ပေါငြ်းများစွာ ကာလအတွင်း နေအိမ်ကို အဆင့်မြှင့်မွမ်းမံမှု များစွာပြုလုပ်နေခဲ့ရာ တင်းနစ်ကွင်းနှင့် ဧည့်ဂေဟာဆောက်လုပ်မှုအတွက်ပင်လျှင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခဲ့သည်ဟု ဆိုသည်။

စံအိမ်ကြီးကို မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်သည်ဟုဆိုသော်လည်း အခန်းတိုင်းတွင် မူလဗိသုကာဆိုင်ရာ သရုပ်သကန်များကို ဆက်လက်ထိန်းသိမ်းထားသည့်အပြင် အခန်းဖွဲ့စည်းပုံကိုလည်း မူလအတိုင်း ထားရှိသည်ဟု ဆိုသည်။

လက်ရှိပိုင်ရှင် ဂျိုနသန် ဘရွတ်ခ်သည် ယခုနေအိမ်ကို ဘရက်ပစ်နှင့် ဂျနီဖာ အန်နစ္စတန်တို့ စုံတွဲထံမှ ၂၀၀၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း ပေးခဲ့ရကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service