အိုင်စီတီနှင့် သက်ဆိုင်သည့် အချက်အလက်များ ပါဝင်လာတော့မည့် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ

အိုင်စီတီနှင့် သက်ဆိုင်သည့် အချက်အလက်များ ပါဝင်လာတော့မည့် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ - Property News in Myanmar from iMyanmarHouse.com
4 Jun 2019 11:41 am တွင် တင်ခဲ့သည်
471 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ၌ အိုင်စီတီနှင့် သက်ဆိုင်သည့် အချက်အလက်များ ထပ်မံပါဝင်လာမည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌဦးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအ၀င် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများကို ၂၀၁၆ တွင် ထုတ်ပြန်ကာ အင်ဂျင်နီယာများကို လိုက်နာဆောင်ရွက်စေခဲ့သည်။

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများတွင် ရေ၊ မီး အစရှိသည်တို့နှင့်ပတ်သက်သည့် လိုက်နာရန် စည်းကမ်းများပါဝင်ကြောင်း သိရှိသော်လည်း အိုင်စီတီနှင့်သက်ဆိုင်သော အချက်အလက်များ ပါဝင်လာမည်ဆိုသည့် အကြောင်းအရာများကို သိရှိထားခြင်း မရှိဟု ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးရောင်ခြည်က ပြောသည်။

‘‘ ဒီဇိုင်းလုပ်တဲ့အခါ အင်ဂျင်နီယာတွေကို လိုက်နာဆောင်ရွက်ဖို့ အဆောက်အအုံတွေမှာ အိုင်စီတီနဲ့ပတ်သက်ပြီး အရမ်းအရေးကြီးလာပါတယ်။ သိပ်အရေးကြီးတဲ့အချိန်မှာ ဖုန်းဆက်လို့မရဘူး။ အိမ်ထဲရောက်နေတယ်။ တချို့အခန်းတွေထဲမှာ လိုင်းမသိတာဖြစ်လာတယ်။ အဆောက်အအုံတွေ ဆောက်တဲ့အခါမှာ ဘယ်လိုစံသတ်မှတ်ချက်တွေပါရမယ်ဆို တာ လိုအပ်လာပါတယ်’’ ဟု ဦးအောင်မြင့်က ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် တရုတ်နိုင်ငံအခြေစိုက် ဟွာဝေးနည်းပညာကုမ္ပဏီနှင့် နည်းပညာဆိုင်ရာ အကူအညီပေးရန် ဧပြီ ၂၂ ရက်တွင် သဘောတူညီခဲ့သည်။

၂ နှစ်ကြာ သက်တမ်းရှိ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်၌ မျိုးဆက်သစ် အင်ဂျင်နီယာများအရည်အသွေးမြှင့်တင်မှု အထောက်အပံ့ပေးရန်၊ အဆောက်အအုံများအတွင်း ကွန်ရက်လွှမ်းခြုံမှုထုတ်လွှင့်ရေး တိုးတက်လာရန်၊ Fiber to thehome (FTTH) စံချိန်စံညွှန်း မြင့်မားလာရေး ပူးပေါင်းဆောင်ရွက်ရန် အစရှိသည့်အချက်များ ပါဝင်သည်။

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများအနက် အိုင်စီတီဆိုင်ရာအချက်အလက်များ ထပ်မံပါဝင်လာမည်ကို သတင်းစကားအရ သိရှိထားသော်လည်း ပါဝင်လာမည့် အသေးစိတ်အချက်အလက်များကို ဖတ်ရှုနိုင်ခြင်းမရှိသေးသဖြင့် သဘောထားမှတ်ချက်ပေးရန် ခက်ခဲသည်ဟုဆောက်လုပ်ရေး အင်ဂျင်နီယာနှစ်ဦးက ပြောသည်။

‘‘အဆောက်အအုံတွင်း ကွန်ရက်လွှမ်းခြံမှု ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ထိပ်သီးအစည်းအဝေး (Myanmar Indoor Coverage Digitalization Summit) ကို ကျွန်တော်တို့ အဖွဲ့အစည်းနှစ်ခု(ဟွာဝေး)နှင့် ပူးပေါင်းကျင်းပသွားမှာပါ။ ဒီထိပ်သီးအစည်းအဝေးကနေ အဆောက်အအုံတွင်း ကွန်ရက်လွှမ်းခြုံရေး နည်းလမ်းအသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်သွားမှာပါ’’ဟု ဦးအောင်မြင့်က ပြောသည်။

အဆောက်အအုံအတွင်း ကွန်ရက်လွှမ်းခြုံမှုများ ဒစ်ဂျစ်တယ်အသွင်းကူးပြောင်းရေး ထိပ်သီးအစည်းအဝေးပွဲကို မကြာမီ ကျင်းပမည်ဖြစ်ပြီး အဆောက်အအုံတွင်း ကွန်ရက်လွှမ်းခြုံမှုအရေးပါပုံနှင့် မြန်မာ FTTH နယ်ပယ်အတွက် စံချိန်စံညွှန်းများသတ်မှတ်ရန် လိုအပ်နေ ခြင်းကို ပွဲတော်က အသိပေးနိုင်ရန် မျှော်လင့်သည်ဟု ဟွာဝေးမြန်မာစီအီးအို Mr.Zhang Liman က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service