အာရှ-ပစိဖိတ်ဒေသကြီးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၄၅ ဘီလီယံအထိ ရှိခဲ့ရာ သမိုင်းတစ်လျှောက် အမြင့်မားဆုံးပမာဏဖြစ်

အာရှ-ပစိဖိတ်ဒေသကြီးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၄၅ ဘီလီယံအထိ ရှိခဲ့ရာ သမိုင်းတစ်လျှောက် အမြင့်မားဆုံးပမာဏဖြစ် - Property News in Myanmar from iMyanmarHouse.com
4 Jun 2019 10:50 am တွင် တင်ခဲ့သည်
649 ကြိမ် ကြည့်ရှု့ပြီး

အာရှ-ပစိဖိတ်ဒေသကြီးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလမှ မတ်လအကြား ပထမ ၃ လပတ် ကာလအတွင်း ကန်ဒေါ်လာ ၄၅ ဘီလီယံအထိ ရှိခဲ့ရာ သမိုင်းတစ်လျှောက် အမြင့်မားဆုံးပမာဏ ဖြစ်ကြောင်း အိမ်ခြံမြေအတိုင်ပင်ခံ ကုမ္ပဏီကြီး JLL ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါပမာဏမှာ ပြီးခဲ့သော ၂၀၁၈ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၄ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အာရှ-ပစိဖိတ်ဒေသကြီး ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းမှာ အဓိကအားဖြင့် တရုတ်ပြည်တွင်း အရောင်းအဝယ်ပမာဏ မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး တရုတ်ဈေးကွက် အရောင်းအဝယ်ဖြစ်မှု ပမာဏသည် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်း ရှိနေသည်။

အာရှ-ပစိဖိတ်၏ အဆိုပါအခြေအနေမှာ လက်ရှိကမ္ဘာ့အခြေအနေများနှင့် ချိန်ထိုးသုံးသပ်လျှင် အံ့အားသင့်ဖွယ် ဖြစ်နေသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာကြည့်မည်ဆိုလျှင် ၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှု ပမာဏ ၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၅၆ ဘီလီယံဖိုးသာ ရှိခဲ့သည်။

JLL ၏ ခန့်မှန်းချက်အရ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိပြီး အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ ၆၉၀ ဘီလီယံဖိုးခန့်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

အာရှ-ပစိဖိတ်၏ ကျဆင်းမှုသည် အမေရိကန်နှင့် EMEA region ဒေသကြီးတို့အပေါ်တွင်လည်း သက်ရောက်မှုများ ရှိလာနိုင်ပြီး အထူးသဖြင့် လက်လီနှင့် ရုံးခန်းကဏ္ဍများတွင် ဖြစ်သည်ဟု ဆိုသည်။

တရုတ်ပြည်အခြေအနေကို ကြည့်လျှင်မူ ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း စုစုပေါင်း အိမ်ခြံမြေအရောင်းအဝယ်ဖြစ်မှု ပမာဏ ကန်ဒေါ်လာ ၁၇ ဘီလီယံဖိုးရှိပြီး ၂၀၁၈ ခုနှစ် ပထမ ၃ လပတ်နှင့် နှိုင်းယှဉ်လျှင် ၂ ဆ မြင့်တက်လာသည်ကို တွေ့နေရသည်။

တရုတ်ပြည်တွင် ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန်ကြေးရှိသည့် ကြီးမားသော အရောင်းအဝယ်ကြီး များ ပေါ်ပေါက်ခဲ့သည့်နည်းတူ အွန်လိုင်းလက်လီအရောင်းဝက်ဘ်ဆိုက် JD.com နှင့် စင်္ကာပူ အစိုးရ၏ GIC တို့အကြား အငှားချထားမှု စာချုပ်ချုပ်ဆိုခြင်းများလည်း ပေါ်ပေါက်ခဲ့သည်။

ထို့အပြင် Dinghao ပလာဇာကို ဥရောပ ကုမ္ပဏီကြီး Partners Group က ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် ဝယ်ယူမှုလည်း ဖြစ်ပေါ်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service