မြို့သစ်များ အကောင်အထည်ဖော်ရန် မြေယာသိမ်းဆည်းထားမှု ကျပ်ဘီလျံ ၃၀ မှ ၄၀ အထိ တန်ဖိုးရှိနေပြီး မြေများ ပြန်လည်ရောင်းချပြီးမှ လျော်ကြေးပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

မြို့သစ်များ အကောင်အထည်ဖော်ရန် မြေယာသိမ်းဆည်းထားမှု ကျပ်ဘီလျံ ၃၀ မှ ၄၀ အထိ တန်ဖိုးရှိနေပြီး မြေများ ပြန်လည်ရောင်းချပြီးမှ လျော်ကြေးပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
4 Jun 2019 10:04 am တွင် တင်ခဲ့သည်
602 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့သစ်များ အကောင်အထည်ဖော်ရန် မြေယာ သိမ်းဆည်းထားမှု ကျပ်ဘီလျံ ၃ဝ မှ ၄၀ အထိရှိနေပြီး မြေများ ပြန်လည်ရောင်းချပြီးမှ လျော်ကြေးပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဇွန် ၃ ရက်က ပြုလုပ်သည့် အနာဂတ်ရန်ကုန် စီမံကိန်းအတွက် Yangon Project Bank အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲ၌ အဖွင့်အမှာစကား ပြောရာတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မြို့သစ်တွေကို တည်ဆောက်ခဲ့တဲ့ မြေတွေကို လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွက်ချက်ထားမှုအရ ၃၀ ဘီလျံကျော်၊ ၄၀ ဘီလျံလောက် မြေတွေကို သိမ်းဆည်းခဲ့တဲ့အတွက် လျော်ကြေးပေးဖို့ ပြင်ဆင်ရပါတယ်။ ဒါကြောင့် လက်ကျန်မြေတွေကို ရောင်းဖို့ ပြင်ဆင်နေရပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ကျန် မြေများအား လယ်သမားများမှ ဈေးပေါပေါဖြင့် ပေးရန် တင်ပြမှုများ ရှိကြောင်း၊ လက်ကျန် မြေများအား ဈေးပေါပေါဖြင့် မပေးနိုင်မှုသည် မြေသိမ်းဆည်းခဲ့စဉ်က လယ်ကွင်းများကို သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ လယ်ကွင်းများ ဖွံ့ဖြိုးတိုးတက်ရန် နှစ်စဉ် ဘတ်ဂျက် ထည့်ဝင်ရကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ ဒဂုံ လေးမြို့နယ်ဆိုရင် ပိုက်ဆံ တောက်လျှောက် တောင်းနေတာ ဖြစ်ပါတယ်။ ပြည်သူ့ ဘဏ္ဍာငွေတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ဧကကို သိန်းတစ်ထောင် ထည့်မလား၊ တစ်ဧကကို သိန်းနှစ်ထောင် ထည့်မလား မြေရဲ့ တန်ဖိုးက တက်လာတာ ဖြစ်ပါတယ်။ အခုတက်လာတဲ့ မြေရဲ့ တန်ဖိုးကို လယ်ယာမြေကို သိမ်းခဲ့စဉ်ကလိုမျိုး ပြန်ပေးပါ ဆိုတာမျိုး ပေးလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ရောင်းလို့ ရနိုင်ပါတယ်။ သူတို့ လိုချင်တယ်ဆိုရင် ထိုက်တန်တဲ့ ဈေးနှုန်း တစ်ခုနဲ့ ရောင်းဖို့ ပြင်ဆင်ပါမယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မြေများအား အောက်ဈေးဖြင့်ရရန် မဖြစ်နိုင်ကြောင်း၊ သွင်းလိုက်သည့် ကုန်ကျငွေအား ပြန်လည် လိုချင်ကြောင်း၊ သို့မှသာ အသိမ်းခံခဲ့ရသည့် လယ်သမားများအား မြေလျော်ကြေး ပြန်လည်ပေးအပ်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျွန်တော်တို့က မြေယာတွေကို စနစ်တကျ လျော်ကြေးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ တိုင်းမှာ တိုင်ကြားစာပေါင်း ပြီးခဲ့တဲ့ လွှတ်တော်မှာ စစ်ဆေးခဲ့တဲ့ အပိုင်းတွေ ရှိပါတယ်။ ဒီအပိုင်းနဲ့ ပေါင်းလိုက်ရင် အမှုတွဲပေါင်း ၅၀၀၀ ကျော် ရှိပါတယ်။ အခု စစ်ဆေးပြီးတာ အမှုတွဲပေါင်း ၂၀၀ ကျော်လောက်ပဲ ရှိပါတော့တယ်။ လျော်ကြေးအတွက် အောက်တိုဘာ မတိုင်ခင်မှာ ဖြည့်စွက်ငွေ တောင်းခံဖို့ ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service