ယာဉ်ရပ်နားကွင်း တည်ဆောက်ပြီးမှသာ Scania ကားများဖြင့် YBS မြို့ပတ်ခရီးစဉ်ကို ပြေးဆွဲနိုင်မည်

ယာဉ်ရပ်နားကွင်း တည်ဆောက်ပြီးမှသာ Scania ကားများဖြင့် YBS မြို့ပတ်ခရီးစဉ်ကို ပြေးဆွဲနိုင်မည် - Property News in Myanmar from iMyanmarHouse.com
3 Jun 2019 12:03 pm တွင် တင်ခဲ့သည်
1584 ကြိမ် ကြည့်ရှု့ပြီး

ယာဉ်ရပ်နားကွင်း တည်ဆောက်ပြီးမှသာ Scania (City Bus) ကားများဖြင့် YBS မြို့ပတ်ခရီးစဉ်အား ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

“ မိုးတွင်းမှာ သူတို့ကားကြီးတွေက ရပ်လို့မရဘူး။ ကျွန်တော်တို့ ဆွေးနွေးထားတာ ရှိပါတယ်။ အမြန်ဆုံး ပြေးဆွဲပေးဖို့ လုပ်နေပါတယ်။ မိုးတွင်းမှာ ကားတွေက ယာဉ်ရပ်ကွင်းမှာ နေလို့မရတဲ့အတွက် အဲဒါတွေကို အမြန်လုပ်နေပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

Scania ကားသစ်များဖြင့် မြို့ပတ်ခရီး ပြေးဆွဲနိုင်ရန် City Transit ကုမ္ပဏီသို့ ညွှန်ကြားထားကြောင်း သိရသည်။

မြို့ပတ်ခရီးစဉ်အဖြစ် ပြေးဆွဲမည့် Scania ကားအစီးရေ စုစုပေါင်း ၃၉ စီးဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေးမှ ဂိတ်စ၊ ဂိတ်ဆုံးထားကာ လမ်းကြောင်းနှစ်ကြောင်း ပြေးဆွဲသွားမည်ဖြစ်ပြီး ယာဉ်စီးခအနေဖြင့် ခရီးစဉ် အစအဆုံး ကျပ် ၁၀၀၀ သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

မြို့ပတ်ခရီးစဉ်လမ်းကြောင်း (၁) သည် အောင်မင်္ဂလာအဝေးပြေးမှ စတင်ကာ အမှတ် (၃) လမ်းမကြီး၊ ၆ ကွေ့၊ သုဓမ္ဓာလမ်း၊ ပါရမီမီးပွိုင့်၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ စံပြဈေး၊ ပြည်ထောင်စု ခုံးကျော်တံတား၊ သံသုမာ (သုဝဏ္ဏ)၊ ကြက်ဘဲဈေး၊ သမိန်ဗရမ်း၊ အထက် ပုဇွန်တောင် လမ်း၊ ၅၁ လမ်းထိပ်၊ ဗိုလ်တထောင် ဘုရား ၊ ကမ်းနားလမ်း ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရှစ်မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေး၊ အုတ်ပုံဆိပ်လမ်းသို့ ဖြတ်၍ သုဓမ္ဓာလမ်း၊ ၆ ကွေ့၊ အမှတ် (၃) လမ်းမကြီး၊ အောင်မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်လမ်းကြောင်း (၂) သည် အောင်မင်္ဂလာအဝေးပြေးမှ စတင်ကာ အမှတ် (၃) လမ်းမကြီး၊ သုဓမ္ဓာလမ်း၊ အုတ်ပုံဆိပ်လမ်း၊ နဝဒေး၊ ကမ္ဘာအေးဘုရားလမ်း၊ ရှစ်မိုင်၊ ကျိုက်ဝိုင်းဘုရား၊ သမိုင်းလမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ကမ်းနားလမ်း၊ ဗိုလ်တထောင် ဘုရား၊ ၅၁ လမ်းထိပ်၊ အထက် ပုဇွန်တောင် လမ်း၊ သမိန်ဗရမ်း၊ ကြက်ဘဲ ဈေး၊ သံသုမာ (သုဝဏ္ဏ)၊ ပြည်ထောင်စု ခုံးကျော်တံတား၊ ဘေလီ၊ ၆ ကွေ့မှ အောင်မင်္ဂလာ အဝေးပြေးမှသို့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး ယာဉ်စီးရေ ၆၆၃၈ စီးရှိကြောင်း၊ စီးတီးဘတ်စ် ၄၈၇၄ စီး၊ မီနီဘတ်စ် ၁၂၂၅ စီးရှိပြီး ဆက်လက်ဖြည့်တင်းရန် မော်တော်ယာဉ်များလည်း ရှိကြောင်း သိရသည်။

YBS စနစ်တွင် ပြေးဆွဲလျက်ရှိသည့် အများပိုင် ကုမ္ပဏီများသည် YBPC၊ YUPT၊ ဗန္တုလ၊ Omni Focus၊ လူထုမိတ်ဆွေ၊ Power Eleven၊ ရွှေတောင်ပိုင်းခရိုင်၊ ကုန်းဘောင်ရန်ကုန်၊ Trans Link၊ အမြင့်မြတ်ဆုံးအင်အား၊ စံဝေလ၊ ရွှေပြည်သာသား၊ ရွှေလမ်းခင်း၊ RCBT၊ GYCT၊ Aero Star စုစုပေါင်း ကုမ္ပဏီ ၁၇ ခုက ဝင်ရောက်ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

ယခင် မထသစနစ်မှ YBS စနစ်သို့ ကူးပြောင်းပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့တွင်း မော်တော်ယာဉ် ပြေးဆွဲခြင်းအား မော်တော်ယာဉ် အသစ်များဖြင့် အစားထိုး ပြေးဆွဲ ခြင်း၊ ယာဉ်နောက်လိုက် မထားဘဲ ပုံးအတွင်းသို့ ယာဉ်စီးခများ ထည့်သွင်းစေခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service