ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ Taungtha- man Perennial Development Limited, Capital Develop- ment Limited နဲ့ Perennial Real Estate Holdings Limited တို့ အကျိုးတူပူးပေါင်း ပြုလုပ်တဲ့ Mixed - Use Development စီမံကိန်း မှာ Public - Private - Partnership (PPP) ပုံစံ ပူးပေါင်း ဆောင် ရွက်မှာဖြစ်ပါတယ်။
သည် စီမံကိန်းကို သိပ္ဗံလမ်း၊ ၆၉ လမ်းနဲ့ လမ်း ၇၀ ကြား၊ ချမ်းအေးသာစံမြို့နယ် မှာ Commu-nity Center, Innovation Cen-ter , Education Center, Inter-national Level Shopping Mall နဲ့ Exclusive Luxury Villas တို့ ပါဝင်မယ် လို့ သိရပါတယ်။
စီမံကိန်းကို နိုင်ငံတကာ ဆု တွေ ရရှိထားတဲ့ စင်ကာပူအခြေ စိုက်ဗိသုကာလုပ်ငန်း DP Arch-itects က ပုံစံရေးဆွဲမှာဖြစ် ပြီး အရည်အသွေးမြင့် အိမ်ခြံမြေ လုပ်ငန်းဖော်ဆောင်ဖို့ နိုင်ငံတကာ အဖွဲ့နဲ့ပြည်တွင်းအကြံ ပေးကုမ္ဗဏီတွေကလည်း ထောက်ပံ့ကူညီပေးမယ်လို့ သိရပါတယ်။
CDSG ရဲ့ Group Man-aging Director ဦးကိုကိုကြီး က “မြန်မာနိုင်ငံမှာ Perennial နဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်ုပ်တို့ရဲ့ပထမဆုံး ခြေလှမ်းဖြစ်ပါတယ် ” လို့ ပြောပါတယ်။
အိမ်ခြံမြေလုပ်ငန်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်တဲ့ Perennia Real Estate Holdings Limited (Perennial) ကုမ္မဏီဟာ မန္တလေး မြို့၊ သိပ္ဗံလမ်းပေါ်မှာ ၄င်းတို့ရဲ့ ပထမဆုံး Mixed -Use Development စီမံကိန်းအတွက် မေလ ၂၈ ရက်နေ့က ပန္နက်တင်ပါတယ်။
Capital Diamond Star Group (CDSG) နဲ့ Perennial တို့ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ၄င်းရဲ့ ကုမ္ဗဏီ ခွဲတစ်ခု ဖြစ် Capital Development Limited မှတစ်ဆင့် မြန်မာနိုင်ငံမှာ ကုက္ကိုင်းခုံးတံတား၊ ရွှေဂုံတိုင် ခုံးတံတား၊ မြေနီကုန်းခုံးတံတား၊ GEMS Garden အဆင့်မြင့် ကွန်ဒိုမီနီယံ၊ ဈေးဝယ်စင်တာကြီး တွေ၊ ကားအရောင်းခန်းမတွေနဲ့ ကားတပ်ဆင်ရေးစက်ရုံ၊ ကုန်ထုတ်လုပ်ရေး စက်ရုံတွေ၊ တက္ကသိုလ်တွေနဲ့ ကျောင်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ် တယ်လို့ သိရပါတယ်။
Credit: The kumudra