ရန်ကုန် မိုးပျံရထားလမ်းစီမံကိန်း ဧရိယာအတွင်း ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန် စစ်တမ်းကောက်မည်

ရန်ကုန် မိုးပျံရထားလမ်းစီမံကိန်း ဧရိယာအတွင်း ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန် စစ်တမ်းကောက်မည် - Property News in Myanmar from iMyanmarHouse.com
3 Jun 2019 9:52 am တွင် တင်ခဲ့သည်
8816 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန် မိုးပျံရထားလမ်း စီမံကိန်းဧရိယာအတွင်း ရှိ ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန်အတွက် လိုအပ်သည့် စစ်တမ်းကောက်ယူခြင်းအားစတင်တော့မည်ဟု သိရသည်။

ယင်းစစ်တမ်းကို ယခုလလယ်ပိုင်းမှစ၍ သုံးလကြာကောက် ယူမည်ဖြစ်ကြောင်း စစ်တမ်းကောက်ယူမည့် eguard Enviromental Services ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟကပြောသည်။ '' စီမံကိန်းဧရိယာတစ်လျှောက်က ထိခိုက်နိုင်တဲ့သူတွေကို စစ် တမ်းကောက်မယ်။ ငါးမြို့နယ်လုံးကို သုံးလလောက်ကောက်ဖို့လျာ ထားတယ်''ဟု ၎င်းင်းက ပြောသည်။

ယင်းရထားလမ်းသည် လှိုင်သာယာမရမ်းကုန်း  ၊ တောင်ဥက္ကလာ နှင့် ရန်ကင်းမြို့နယ် တို့ကိုဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းဧရိယာအတွင်းသက်ရောက်မှု ခံစားရသူများ၏ မိသားစု ဦးရေ၊ အလုပ်အကိုင်စသည့် သန်းခေါင်စာရင်းစစ်တမ်း၊ မြေယာပိုင်ဆိုင်မှုပမာဏ၊ ပိုင်ဆိုင်မှုအဆင့်အတန်း၊ ဆုံးရှုံးမှုစာရင်း၊ ဝင်ငွေ၊ အသုံးစရိတ်၊ ဝန်ဆောင်မှုအသုံးပြုခြင်းစသည့် လူမှုစီးပွားစစ်တမ်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးကွက်စစ်တမ်းအနေဖြင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ မြေဈေးနှင့် အဆောက်အအုံသုံးပစ္စည်းများ၏ ဈေးနှုန်းများကိုကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပူးပေါင်း ကာစစ်တမ်းကောက်ယူမည်ဖြစ်ပြီး ရလဒ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံ တင်ပြသွားမည်ဖြစ်ကြောင်း eguard Enviromental Services ကုမ္ပဏီမှ သိရသည်။ ပါရမီလမ်းတစ်လျှောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပညာရေးဝန်ကြီးဌာနပိုင်မြေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ရန်ကုန်မြို့တော်စည်ပင်ပိုင်မြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေအချို့နှင့် အဆောက်အအုံအချို့ စီမံကိန်းနှင့်မလွတ်သဖြင့် နေရာရွှေ့ပြောင်း ခြင်း ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ရန်ကုန်- ပုသိမ်လမ်း တစ်လျှောက်တွင် ကာကွယ်ရေးဝန်ကြီး ဌာနပိုင်မြေ၊ မြန်မာ့မီးရထားပိုင်မြေတို့ စီမံကိန်းနှင့်မလွတ်ကင်းနိုင် ချေရှိပြီး လမ်းတစ်လျှောက်ရှိ ကျူးကျော်နေထိုင်သူများ၊ နေရာပြောင်း ရွှေ့ခံရနိုင်ဖွယ်ရှိကာ ဘုရင့်နောင်တံတားအနီး လှိုင်မြစ်အနီးတွင် နေထိုင်သူများလည်း ထိခိုက်မှုရှိနိုင်ကြောင်း eguard Enviromental Services ကုမ္ပဏီကသုံးသပ်ထားသည်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service