လှည်းကူးမြို့နယ် အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန် တည်ထောင်ရန် စင်ကာပူကုမ္ပဏီက လေ့လာဆန်းစစ်နေပြီး စီမံကိန်းဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုချက်ရယူကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

လှည်းကူးမြို့နယ် အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန် တည်ထောင်ရန် စင်ကာပူကုမ္ပဏီက လေ့လာဆန်းစစ်နေပြီး စီမံကိန်းဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုချက်ရယူကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
31 May 2019 12:44 pm တွင် တင်ခဲ့သည်
3073 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး ၊  လှည်းကူးမြို့နယ် အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန် တည်ထောင်ရန် စင်ကာပူကုမ္ပဏီ Sembcorp ကလေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေပြီး ယင်းစီမံကိန်းဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုချက်ရယူကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မေ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စိတ်ဝင်စားမှု နှစ်ခုရထားပါတယ်။ တစ်ခုက ဒီထန်းတပင်ကို လုပ်နိုင်ဖို့အတွက်ပြီးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ စိတ်ဝင်စားမှု လက်မှတ်ရေးထိုးပါတယ်။ နောက်တစ်ခုကတော့ သဘောတူညီချက်တော့ ဘာမှလုပ်နိုင်တဲ့ အခြေအနေမရှိသေးဘူး။ စိတ်ဝင်စားလို့ဆိုပြီး လေ့လာစမ်းစစ်မှု လာလုပ်နေတာရှိပါတယ်။ အဲဒါကတော့ လှည်းကူးမှာ စင်ကာပူနိုင်ငံ Sembcorp က လုပ်ဖို့ဖြစ်ပါတယ်။ ဒီလုပ်နိုင်မယ့် အခြေအနေရလာပြီဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်ဖို့နဲ့ ရင်း နှီးမြှုပ်နှံမှုလုပ်မယ့် နေရာတွေအတွက် တိုင်း ဒေသကြီးလွှတ်တော်သို့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့် တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြခြင်းက ဘယ်လိုစီးပွားရေးအမျိုးအစား ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အချက်အလက်အသေးစိတ်ရမှ ကျွန်တော်တို့က လွှတ်တော်မှာ တင်ပြပြီးအတည်ပြုချက် ရယူမယ်။ ဒီကရရင် ပြည်ထောင်စုအစိုးရကို တင်ပြမယ်။ ပြည်ထောင်စုအစိုးရကနေ လုပ်ထုံးလုပ်နည်းနဲ့အညီ စီးပွားရေးကော်မတီတို့ ဘာတို့ကိုတင်ပြပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကြီးကနေ ခွင့်ပြုပြီးလုပ်လို့ရပါပြီ။ သူတို့ကနေ ဒါကသင့်တော်မှု မရှိသေးဘူးဆိုရင်လည်းပြန်ပြီး Review လုပ်ရမှာ ဖြစ်ပါတယ်”၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းက ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ မြို့နယ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

စက်မှုဇုန် တွေ တော်တော်များက ကျွန်တော်တို့ရန်ကုန်မှာ ပဲရှိနေပြီးတော့ စည်ပင်နယ်နိမိတ်ထဲမှာပဲရှိနေတော့ လူတွေအကုန်လုံးက စည်ပင်နယ်နိမိတ်ထဲကိုလာနေတော့ အလုပ်လုပ်ရတာ မလွယ်ဘူးဖြစ်နေပါတယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ နေရေးတို့ အခြားသောအခက်အခဲတွေရှိပါတယ်။ စည်ပင်နယ်နိမိတ်ထဲမှာကျတော့ နေရေး၊ ထိုင်ရေးစရိတ်က ပိုကြီးပါတယ်။ စည်ပင်နယ်နိမိတ်ပြင်ပမှာဆိုရင် မြေဖြစ်ဖြစ်၊ နေစရာဖန်တီးတာ ပဲဖြစ်ဖြစ် အများကြီးလွယ်ကူသေးတဲ့ အခြေအနေ ရှိပါတယ်။ နောက်တစ်ချက်က ဒီမြို့လေးတွေကလည်း မြို့ကြီးတွေဖြစ်လာနိုင်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည့် စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးစေရန် စက်မှုဇုန်ဥပဒေကို ရေးဆွဲလျက်ရှိရာ ဌာနဆိုင်ရာများ၊ စက်မှုဇုန်ကော်မတီများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ထွက်ပေါ်လာသည့် စက်မှုဇုန်ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အစိုးရတတိယတစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ရန်ကုန်မြို့ တွင် နှစ်ပေါင်း ၃၀ ခန့်အတွင်း တည်ထောင်ထားသည့် စက်မှုဇုန်ပေါင်း ၃၀ နီးပါးရှိထားသော်လည်း လက်ရှိအချိန်အထိ စက်မှုဇုန်ဥပဒေမရှိသေးကြောင်း လှိုင်သာယာ၊ရွှေလင်ပန်းစက်မှုဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန်များအတွက် သီးခြားဥပဒေမရှိသေးသော်လည်း အထူးစီးပွားရေးဇုန်ဥပဒေများထွက်ရှိထားပြီး လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်ကိုက်ညီသော ဥပဒေဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service