ဒူဘိုင်းအခြေစိုက် developer ဖြစ်သော Azizi Developments က အချိန်မီဆောက်လုပ်ပြီးစီးသော ကန်ထရိုက်တာများအား ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းပေးမည်ဟု ကြေညာ

ဒူဘိုင်းအခြေစိုက် developer ဖြစ်သော Azizi Developments က အချိန်မီဆောက်လုပ်ပြီးစီးသော ကန်ထရိုက်တာများအား ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းပေးမည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
30 May 2019 12:02 pm တွင် တင်ခဲ့သည်
701 ကြိမ် ကြည့်ရှု့ပြီး

အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ဆောက်လုပ်ရေးစီမံကိန်းပေါင်းများစွာ အကောင်အထည်ဖော်နေသည့် ဒူဘိုင်းအခြေစိုက် developer ဖြစ်သော Azizi Developments က အချိန်မီဆောက်လုပ်ပြီးစီးသော ကန်ထရိုက်တာများအား ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းပေးမည်ဟု ကြေညာလိုက်ကြောင်း ဆောက်လုပ်ရေးဆိုင်ရာ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Azizi ၏ အမှုဆောင်အရာရှိချုပ် ဖာဟက်ဒ် အဇီဇီ၏ ပြောကြားချက်အရ ၎င်းတို့ကုမ္ပဏီသည် ဒူဘိုင်းတွင် လက်ရှိအားဖြင့် စီမံကိန်းပေါင်း ၇၀ ခန့် ဆောက်လုပ်ဆဲရှိပြီး ၁၂၀ ခန့်မှာ ပြီးစီးမှုအဆင့် အမျိုးမျိုးရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။

ဆုကြေးငွေပေးမည့် အစီအစဉ်နှင့် စပ်လျဉ်းပြီး အမှုဆောင်အရာရှိချုပ်က ပြောကြားရာတွင် “ဒီ မက်လုံးပေးတဲ့ ခြေလှမ်းသစ်ဟာ ကျွန်တော်တို့ရဲ့  ကန်ထရိုက်တာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် ကျွန်တော်တို့ရဲ့ စီမံကိန်းတွေ အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ဂုဏ်ပြုမှု၊ အားပေးမှုတစ်ရပ် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမှုဆောင်အရာရှိချုပ်က ဆက်လက်ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်သည် အဘူဒါဘီတွင် Azizi Developments က စီမံကိန်းများ ဈေးကွက်တင်မည့်အချိန်အဖြစ် ပစ်မှတ်ထားကြောင်း ပြောကြားသည်။

ယခုလ အစောပိုင်းအတွင်း Azizi Developments က ထုတ်ပြန်ခဲ့ရာတွင် ဒူဘိုင်းရှိ Farishta Azizi စီမံကိန်းမှာ ပြီးစီးမှုအခြေအနေ ၈၆ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပြင်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများမှာ ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါစီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဒုတိယ ၃ လပတ်ကာလအတွင်း အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

လက်ရှိအားဖြင့် အပြီးသတ်မွမ်းမံမှုများ ပြုလုပ်လျက်ရှိရာ အဝတ်ဘီရိုများ၊ မီးဖိုဆောင်စင်များ၊ ရေချိုးခန်းနှင့် မိလ္လာဆိုင်ရာနေရာများ၊ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ ရေပိုက်လိုင်းပိုင်းကဏ္ဍများ ဆောင်ရွက်လျက်ရှိနေပြီး ရေပိုက်လိုင်းနှင့် လျှပ်စစ်မီးလိုင်းလုပ်ငန်းများမှာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service