လမ်းဖောက်ရန် လယ်မြေများလှူဒါန်းသည့် လယ်သမားများကို မြို့တော်ဝန်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်မည်

လမ်းဖောက်ရန် လယ်မြေများလှူဒါန်းသည့် လယ်သမားများကို မြို့တော်ဝန်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်မည် - Property News in Myanmar from iMyanmarHouse.com
30 May 2019 11:50 am တွင် တင်ခဲ့သည်
1164 ကြိမ် ကြည့်ရှု့ပြီး

ဒလမြို့နယ် ကျေးရွာချင်းဆက် (မြို့ရှောင်လမ်း) ဖောက်လုပ်ရန် ရန်ကုန်စည်ပင်သာယာရေးကော်မတီသို့ လယ်မြေများ လှူဒါန်းသော ဒေသခံတောင်သူများကို မြို့တော်ဝန်က ရန်ကုန်မြို့တော်ခန်းမတွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သွားမည်ဖြစ်ကြောင်း ဒလမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။

အဆိုပါ ဒလမြို့နယ် ရှိ ရခိုင်ချောင် ကျေးရွာနှင့် ခနောင်ကျေးရွာသို့ ဖောက်လုပ်မည့် လမ်းသည် အရှည်ပေ ၁၅,၀၀၀ ခန့် ရှည်လျားပြီး အကျယ်ပေ ၈၀ ခန့်ရှိကာ လမ်းဖောက်လုပ်မည့် လယ်ယာမြေအတွင်းကျရောက်သည့် ခနောင်ကျေးရွာမှ တောင်သူ ၁၉ ဦး၊ ရခိုင်ချောင်ကျေးရွာမှ တောင်သူ ၃၂ ဦးတို့က မိမိပိုင်လယ်မြေအချို့ကို လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ မြို့တော်ဝန်က မေလ ၁၄ ရက်နေ့က လာသွားတုန်းက ရခိုင်ချောင်ကျေးရွာနဲ့ ခနောင်ကျေးရွာ (မြို့ရှောင်လမ်း) ဖောက်လုပ်ဖို့ လယ်သမားတွေက မြေလှူတဲ့အတွက် ဒီလမ်းကိုဖောက်လုပ်နိုင်တယ်။ ဒီမြေကြီးကို လှူတဲ့ တောင်သူလယ်သမားတွေကို မြို့တော်ခန်းမမှာ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးမယ်လို့ အများပြည်သူရှေ့မှာ တရားဝင်ပြောသွားတယ်။ ဒီနေ့အတိ အကျကတော့ မသိသေးဘူး”ဟု ဦးထွန်းရင်က ပြောကြားသည်။

မြို့တော်ဝန်က ယခုဖြစ်စဉ်သည် ဒလမြို့နယ်အတွက် သမိုင်းတွင်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အလွန်တန်ဖိုးရှိသော ဝမ်းမြောက်စရာဖြစ်ကြောင်း၊ မိမိပိုင်လယ်မြေကို အများအကျိုးအတွက် လှူဒါန်းပေးကြသော တောင်သူဦးကြီးများကို အထူးကျေးဇူးတင်ပါကြောင်းနှင့် ဒီလိုစိတ်ဓာတ်မျိုးသည် လူတိုင်းထားနိုင်သော စိတ်မျိုးမဟုတ်ဘဲ မြင့်မြတ်သော စိတ်ထားပိုင်ရှင်များသာ လုပ်ဆောင်နိုင်သည့် မွန်မြတ်သောလုပ်ရပ်ဖြစ်ကြောင်း ယခုကျေးရွာချင်းဆက် (မြို့ရှောင်လမ်း) ပြီးသွားသည့်အခါ အလှူရှင်များအတွက် အဆိုပါလမ်းတွင် အမှတ်အသားပြုလုပ် ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း အလှူရှင်များဘက်က မိမိပိုင်မြေကို စွန့်လွှတ် လှူဒါန်းထားသည့်အတွက် မိမိတို့ YCDC အနေနှင့် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို အထူးကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒလ-ဓနုတ်-ကော့မှူးလမ်းသည် မော်တော်ယာဉ်များ၊ သုံးဘီးကားများ၊ တက္ကစီဆိုင်ကယ်များနှင့် သွားလာမှုရှုပ် ထွေးသောလမ်းဖြစ်ပြီး ယခုရခိုင်ချောင် ကျေးရွာမှခနောင်ကျေးရွာသို့ ကျေးရွာချင်း ဆက်လမ်း (မြို့ရှောင်လမ်း) ဖောက်လုပ်ပြီးပါက ဒလမြို့နယ် ဒေသခံပြည်သူများနှင့်ကျေးရွာများမှ ပြည်သူများလမ်းပန်းသွားလာရေး လွယ်ကူကောင်းမွန်လာမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အချိန်တိုကာလအတွင်း ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service