လော့စ်အိန်ဂျလိအိမ်ခြံမြေဈေးကွက်ထိုင်းနေသည်ဆိုသော်လည်း Maroon 5 ၏ အဆိုတော် အဒမ် လီဗင်း၏ စံအိမ် ဈေးကွက်တင်ပြီး ၅ ပတ်အတွင်း ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းထွက်

လော့စ်အိန်ဂျလိအိမ်ခြံမြေဈေးကွက်ထိုင်းနေသည်ဆိုသော်လည်း Maroon 5 ၏ အဆိုတော် အဒမ် လီဗင်း၏ စံအိမ် ဈေးကွက်တင်ပြီး ၅ ပတ်အတွင်း ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
29 May 2019 12:35 pm တွင် တင်ခဲ့သည်
972 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိတွင် အိမ်ခြံမြေဈေးကွက် အရောင်းထိုင်းနေသည်ဆိုသော်လည်း ကမ္ဘာကျော် ပေါ့ပ် တေးဂီတဝိုင်း Maroon 5 အဆိုတော် အဒမ် လီဗင်း၏ စံအိမ်မှာ ဈေးကွက်တင်ပြီး ရက်သတ္တ ၅ ပတ်အတွင်း ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းထွက်သွားသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ၏ ကမ္ဘာကျော်ကြယ်ပွင့်များ အခြေချနေထိုင်ကြသော နာမည်ကျော် ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိသည့် အိပ်ခန်း ၇ ခန်းပါ စံအိမ်ကို Redfin ကုမ္ပဏီက အရောင်းဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။

မူရင်းခေါ်ဈေးမှာ ကန်ဒေါ်လာ ၄၇ ဒသမ ၅ သန်းဖြစ်ပြီး ကန်ဒေါ်လာ ၂ သန်းကျော်မျှ ဈေးလျှော့ချပေးရုံဖြင့် ရောင်းထွက်သွားခြင်းလည်း ဖြစ်ရာ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ နေအိမ်များကို ကာလတာရှည်စွာ ဈေးကွက်တင်ထားရပြီး ဈေးနှုန်း မကြာခဏ လျှော့ချပေးမှသာလျှင် ရောင်းထွက်လေ့ရှိသော အခြေအနေမျိုးတွင် ကြီးမားသည့် အောင်ပွဲတစ်ခုလည်း ဖြစ်သည်။

(အဆိုပါနေအိမ်အား အဒမ်လီဗင်းက ဧပြီလကုန်ပိုင်းတွင် ဈေးကွက်တင်ခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/821681  အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

အဒမ်လီဗင်းသည် ဘီဗာလီဟေးလ်စံအိမ်ကို ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ကန်ဒေါ်လာ ၃၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ တစ်နှစ်ကျော်အတွင်း ကန်ဒေါ်လာ ၁၁ သန်းခန့် မြတ်စွန်းသွားခဲ့သည်။သို့ရာတွင် အဆိုပါစံအိမ်ကို အဒမ်လီဗင်းက ပြန်လည်မွမ်းမံရာတွင် များစွာကုန်ကျခဲ့သေးသည်ဟု ဆိုသည်။

အိမ်တွင်း အိမ်ပြင် ပြုပြင်မွမ်းမံမှုများ၊ အသစ်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ခြင်းအတွက် ကန်ဒေါ်လာ ၈ သန်းခန့် ကုန်ကျခဲ့ကြောင်း ဈေးကွက်တင်ပေးသည့် အိမ်ခြံမြေအကျိုးဆောင်ဖြစ်သော Westside Estate Agency မှ ကာ့ထ် ရာပါပေါ့ထ်က ပြောကြားသည်။

ဝယ်ယူသွားသူမှာ Ellen DeGeneres ဖြစ်သည်ဟု အတင်းအဖျင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားသော်လည်း အတည်ပြုနိုင်ခြင်းကား မရှိသေးချေ။

မစ္စတာလီဗင်းသည် ယခုစံအိမ်တွင် ဇနီးဖြစ်သူ မော်လ်ဒယ် ဘီဟာတီ ပရင်စလူး (အသက် ၃၁ )၊ ကလေး ၂ ဦးတို့နှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

၁၉၃၃ ခုနှစ်တွင် ဒေသတွင်း ရိုးရာအမေရိကန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် နေအိမ်အကျယ်အဝန်း စတုရန်းပေ ၁၀၀၀၀ ကျော်ရှိနေပြီဖြစ်ကာ အိမ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ အိမ်တွင်းရုပ်ရှင်ရုံ၊ မီဒီယာခန်းမ၊ အားကစားလေ့ကျင့်ရေး ခန်းမ၊ မီးဖိုဆောင် ၂ ခုနှင့် ဧည့်ဂေဟာအိမ်တစ်လုံးတို့ ပါဝင်သည်။

ကလေးများ၏ ကျောင်းနှင့် ပိုမိုနီးစပ်သော နေရာသို့ ပြောင်းရွှေ့ လိုသည့်အတွက် ယခုနေအိမ်ကို ရောင်းချရခြင်းဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service