တရုတ်ပြည် အိမ်ခြံမြေကဏ္ဍ အခြေအနေများမှာ ဂျပန်အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ကာလနှင့် တူညီနေသောကြောင့် သတိပြုကြရန် အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲပြောကြား

တရုတ်ပြည် အိမ်ခြံမြေကဏ္ဍ အခြေအနေများမှာ ဂျပန်အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ကာလနှင့် တူညီနေသောကြောင့် သတိပြုကြရန် အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲပြောကြား - Property News in Myanmar from iMyanmarHouse.com
29 May 2019 12:27 pm တွင် တင်ခဲ့သည်
665 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည် အိမ်ခြံမြေကဏ္ဍ အခြေအနေများမှာ ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဂျပန်အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ကာလနှင့် တူညီနေသောကြောင့် သတိပြုကြရန် အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲ နာအိုယူကီ ယိုရှီနိုက ပြောကြားလိုက်သည်။

၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဂျပန်တွင် ရှယ်ယာဈေးနှုန်းများ ပြုတ်ကျကာ ဆယ်စုနှစ်အတန်ကြာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးသွားသည့်အဖြစ်မျိုး တရုတ်ပြည်တွင် ကြုံလာနိုင်သောကြောင့် အိမ်ခြံမြေကဏ္ဍကို တရုတ်ပြည်အနေဖြင့် အထူးသတိပြု ကိုင်တွယ်ရန် ယိုရှီနိုက သတိပေးလိုက်သည်။

တရုတ်ပြည်၏ လက်ရှိ အခြေအနေများနှင့် ဂျပန်နိုင်ငံ၏ လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုခန့်က အခြေအနေများမှာ များစွာ တူညီနေရာ ငွေကြေးမူဝါဒ လျော့ရဲခြင်း၊ ထိုသို့လျော့ရဲမှုသည် အိမ်ခြံမြေ ပူပေါင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်လာစေရန် အခြေခံအုတ်မြစ် ချထားသကဲသို့ဖြစ်နေခြင်းများဖြစ်ကြောင်းလည်း နာအိုယူကီ ယိုရှီနိုက ဆက်လက်ပြောကြားသည်။

၂၀၀၈ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်ကြီးကို ရင်ဆိုင်ရန်အတွက် တရုတ်အစိုးရက စီးပွားရေးကို အကြွေးစနစ်ဖြင့် ကျားကန်ခြင်း၊ ထိုသို့ ဆောင်ရွက်မှုကြောင့် အိမ်ခြံမြေချေးငွေရယူမှုများ၊ ချေးငွေရယူကာ ရင်းနှီးမြှုပ်နှံခြင်းများ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း များစွာ ဖြစ်ပေါ်ခဲ့သည်။

ဂျပန်အစိုးရသည် ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ငွေကြေးမူဝါဒ ဖြေလျှော့မှုများ ပြုလုပ်လိုက်ခြင်းကြောင့် စီးပွားရေး ပူဖောင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် တိုင်းပြည်စီးပွားရေးကျဆင်းမှုဖြစ်ကာ ငွေကျုံ့မှုပေါ်ပေါက်ခဲ့ပြီး ၂၅ နှစ်ခန့်အထိ စီးပွားပျက်ကာလကို ဖြတ်သန်းခဲ့ရသည်။

ယခုအခါ ဂျပန်ဗဟိုဘဏ် (Bank of Japan) သည် အတိုးနှုန်းကို သုညရာခိုင်နှုန်းတွင် ဆက်လက်ထားရှိကာ ငွေကြေးဖောင်းပွမှု ပေါ်ပေါက်လာစေရန် ပြန်လည်ကြိုးပမ်းနေရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service