မကွေးပြည်သူ့ဆေးရုံကြီး ခုတင် (၅၀ဝ) ဆံ့ အဆင့်မြှင့်တင်မည် ကုန်ကျငွေ ကျပ် ၄၃၅၀ ဒသမ  ၄ သန်းဖြင့် ငါးထပ်ဆောင်ဆောက်လုပ်

မကွေးပြည်သူ့ဆေးရုံကြီး ခုတင် (၅၀ဝ) ဆံ့ အဆင့်မြှင့်တင်မည် ကုန်ကျငွေ ကျပ် ၄၃၅၀ ဒသမ  ၄ သန်းဖြင့် ငါးထပ်ဆောင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
29 May 2019 10:46 am တွင် တင်ခဲ့သည်
664 ကြိမ် ကြည့်ရှု့ပြီး

မကွေးတိုင်းဒေသကြီး မကွေးမြို့ ပြည်သူ့ ဆေးရုံကြီးအား ခုတင် (၅၀ဝ) ဆံ့ဆေးရုံကြီး အဖြစ် အဆင့်မြှင့်တင်ရန် ငါးထပ်တိုးချဲ့ဆောင်သစ်ကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၃၅၀ ဒသမ ၄၈ သန်းဖြင့် ဆောက်လုပ်နေကြောင်း မကွေးတိုင်းဒေသကြီး အဆောက်အအုံအထူးအဖွဲ့ (၅) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထူးထံမှ သိရသည်။

လက်ရှိ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ခုတင် (၃၀ဝ) ဆံ့ဆေးရုံကြီးအဖြစ် လူနာများအား ကုသပေးနေသော်လည်း တက်ရောက်ကုသနေသည့်လူနာများမှာ များပြားနေ၍ ယခုလို တိုးချဲ့ဆောက်လုပ်ခြင်း ဖြစ်သည်။

ရာခိုင်နှုန်း ၈၀ ပြီးစီး

" မကွေးမြို့ ပြည်သူ့ဆေးရုံကြီးကို ခုတင် (၅၀ဝ)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဖို့အတွက် အထွေထွေရောဂါကုသဆောင်နဲ့ လူနာခုတင် (၂၄၂) ခုတင်ပါ ငါးထပ်အဆင့်မြှင့် ဆေးရုံအဆောက်အအုံကြီးကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစတင်ကာ ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၃၅၀ ဒသမ ၄၈ သန်းနဲ့ ဆောက်လုပ် ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၂ ဒသမ ၄ သန်းထပ်မံပံ့ပိုးခဲ့ပြီး ဆောက်လုပ်ခဲ့တာ အခု မေလအတွင်း လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်း ၈၀ အထိပြီးစီးနေပြီဖြစ်ပါတယ်" ဟု ဦးတင်ထူးက ပြောဆိုသည်။

အပြီးဆောက်မည်

" ယင်းငါးထပ်အဆောက်အအုံကြီးမှာ အလျား ပေ ၂၀ဝ၊ အနံ ၁၆၁ ပေ၊ အမြင့် ၆၂ ပေဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြို့ပြလုပ်ငန်းအားလုံးနဲ့ အတွင်းရေရရှိရေး၊ အတွင်းလျှပ်စစ်လုပ်ငန်းများ ပြီးစီးမှာဖြစ်ပါတယ်။ ကျန်ရှိတဲ့လုပ်ငန်းများမှာ ဓာတ်လှေကား နှစ်စင်း၊ ကားပါကင်၊ ကွန်ကရစ်လမ်းစတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ကျန်လုပ်ငန်းတွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောဆိုသည်။

အထွေထွေရောဂါ

အဆိုပါဆေးရုံ ငါးထပ်အဆောက်အအုံတွင် မြေညီထပ်၌ အခန်း ၃၂ ခန်း၊ ပထမထပ်တွင် အခန်း ၂၅ ခန်း၊ ဒုတိယထပ်တွင် အခန်း ၂၁ ခန်း၊ တတိယထပ်တွင်အခန်း ၂၆ ခန်း၊ စတုတ္ထထပ်တွင် အခန်း ၂၂ ခန်းပါဝင်ပြီး အထပ်တိုင်းတွင် တာဝန်ကျဆရာဝန်ခန်း၊ တာဝန်ကျသူနာပြုခန်း၊ ရေချိုးခန်း၊ အိမ်သာ ပါရှိမည်ဖြစ်ကြောင်း၊ အထပ်တိုင်းတွင် ရောဂါ အလိုက်ကုသဆောင်၊ လူနာဆောင်များပါရှိပြီး အထွေထွေရောဂါမျိုးစုံကို ကုသဆောင်ရွက် ပေးမည့်ဆေးရုံကြီးဖြစ်ကြောင်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service