ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
28 May 2019 3:46 pm တွင် တင်ခဲ့သည်
959 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂၀၁၉ ခုနှစ် ၊ မေလ ( ၁၀ ၊ ၁၁ ၊ ၁၂ ) ရက်များတွင် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် “မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး” ( ၁၁ ကြိမ်မြောက် ) ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖွင့်ပွဲတွင် iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ ၊ Main Sponsor အဖြစ် ပါဝင်ပြသပါသော Golden City မှ Sales Director ဦးကျော်စည်သူ ၊ Official Banking Partner အဖြစ် ပါဝင်ပြသသော KBZ Bank ၏ Deputy General Manager ဒေါ်စကားဝါမြင့် ၊ Official Banking Partner အဖြစ် ပါဝင်ပြသပါသော Yoma Bank ၏ Head ဒေါ်စုသက်ထွန်း ၊ Diamond Sponsor အဖြစ် ပါဝင်ပြသသော Kabae Tower Project & Riverfront Garden Project ၏ Project Manager ဒေါ်ဝတ်ရည်ခင် ၊ Gold Sponsor အဖြစ် ပါဝင်ပြသသော SaePaing Development Ltd ၏ Sale & Marketing Director ဒေါ်ဆုပိုက်ရတနာ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြပွဲ (၃) ရက်အတွင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ (၅ဝ) ကျော် ၊ တိုက်ခန်းနှင့်ကွန်ဒိုပေါင်း (၁၀,၀၀၀) ကျော် ၊ သိန်း (၂၀၀) ကျော်မှစသော ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီး တိုက်ခန်း ၊ ကွန်ဒိုနှင့် လုံးချင်းနှင့် မြေကွက်များကို အထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျစနစ်များ ၊ ဘဏ်ချေးငွေများဖြင့် ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ (၁၅) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်) တန်ဖိုးရှိသော အိမ်ခြံမြေများကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအိမ်ခြံမြေအရောင်းပြပွဲကြီးတွင် Official Banking Partner အဖြစ် KBZ Bank ၊ YOMA Bank တို့မှ ပါဝင်ပြသခဲ့ပြီး Main Sponsor အဖြစ် Golden City မှလည်းကောင်း ၊ Diamond Sponsor အဖြစ် Sun Myat Tun Construction ၊ Yone Min Development ၊ Kabae Towers & River Front Garden ၊ Peugeot Myanmar ကုမ္ပဏီတို့မှလည်းကောင်း နှင့် Gold Sponsor အဖြစ် The Leaf Residence ၊ Sae Paing Development Ltd ၊ YENADI Motor ၊ Sustain Company ၊ Kantharyar Residence တို့မှလည်းကောင်း အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅ဝ) ကျော်မှ ပါဝင်ပြသခဲ့ပါသည်။

“ အခုပြပွဲက iMyanmarHouse.com မှကြီးမှူးပြီး ရန်ကုန်မှာကျင်းပပြုလုပ်တဲ့ (၁၁) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ ပြပွဲအတွင်းမှာ ကျပ်သိန်း (၂ဝဝ) ကျော်မှစတဲ့ တိုက်ခန်းတွေ ၊ ကျပ်သိန်း (၅ဝဝ) မှ ကျပ်သိန်း (၅ဝဝဝ) ကျော် ကွန်ဒိုပေါင်းများစွာနှင့် မြေကွက်တွေကို တစ်နေရာတည်း စုံလင်စွာပြသရောင်းချခဲ့တဲ့အပြင် အိမ်ရာချေးငွေအတွက် KBZ Bank ၊ YOMA Bank များမှလည်း ပြပွဲတက်ရောက်သူများအတွက် လိုအပ်တဲ့ အိမ်ရာချေးငွေဆိုင်ရာ ဝန်ဆောင်မှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ ပုသိမ် စတဲ့မြို့ များနှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိ အိမ်ခြံမြေများ ပါဝင်ပါတယ်။ အမျိုးအစားစုံလင်ပြီး အထူး Discount များ ၊ ဘဏ်ချေးငွေချေစနစ်များ ၊ ခိုင်မာမှုရှိတဲ့ စာချုပ်စာတမ်းများဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပြီး ပွဲအတွင်းမှာ အခုလိုမျိုး ရောင်းအားကောင်းခဲ့တာပါ ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

“မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ကျွန်တော်တို့ iMyanmarHouse.com ဟာ လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်အပြည့်နဲ့ လုပ်ဆောင်နေပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးလတ်ကနေ အဆင့်မြင့်ကွန်ဒိုတွေအထိ ပြည်သူတွေ အများအပြားပိုင်ဆိုင်နိုင်အောင်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ရော၊ အစိုးရနဲ့ပါ ပူးပေါင်းပြီး ဝန်ဆောင်မှုတွေပေးသွားနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

ပြပွဲသုံးရက်အတွင်း အသိပညာရှင် အတတ်ပညာရှင် (၁၄) ဦးတို့မှ အိမ်ခြံမြေ နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားခဲ့ကြောင်း သိရပါသည်။

ပြပွဲသို့လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် Panasonic 32” TV ၊ Samsung Tablet ၊ ဖုန်းများနှင့် အခြားကျပ်သိန်း (၅ဝ) တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းများအား ပျော်ရွှင်စွာ ကံစမ်းမဲဖောက်ပေးသွားကြောင်း သိရှိရသည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service