ထပ်ဆင့် အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်က စပိန်ရှိ ဧက ၂၀၀ ကျော် ကျယ်ဝန်းသော ခြံဝန်းကြီးနှင့် စံအိမ်ကို ယူရို ၂၉ သန်းဖြင့် ရောင်းချရန် စီစဉ်

ထပ်ဆင့် အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်က စပိန်ရှိ ဧက ၂၀၀ ကျော် ကျယ်ဝန်းသော ခြံဝန်းကြီးနှင့် စံအိမ်ကို ယူရို ၂၉ သန်းဖြင့် ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
28 May 2019 11:59 am တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး

မိုက်ကယ် ဒေါက်ဂလပ်၏ အမည်ရင်းမှာ မိုက်ကယ် ကစ်ခ်ဒေါက်ဂလပ်စ်ဖြစ်ပြီး အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦး ဖြစ်သည်။

မိုက်ကယ်ဒေါက်ဂလပ်ကို ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ နယူး ဘန်းစ်ဝစ်ခ်မြို့ တွင် မွေးဖွားပြီး အသက် ၇၄ နှစ်ရှိပြီ ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ ဘဝတစ်လျှောက် ဆုံတံဆိပ်များစွာ ချီးမြှင့်ခံခဲ့ရရာ အော်စကာဆု ၂ ခု၊ ရွှေကမ္ဘာလုံးဆု ၅ ခု၊ primetime အင်မီဆု ၁ ခု၊ Cecil B. DeMile ဆု ၁ ခု၊ AFI Life Achievement ဆု ၁ ဆုတို့လည်း ပါဝင်သည်။

အိုလီဗာ စတုန်း၏ Wall Street ဇာတ်ကားဖြင့် အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆု ရရှိခဲ့သည်။

ယင်းနောက် ရုပ်ရှင်ထုတ်လုပ်သူဘဝ ၁၉၇၅ ခုနှစ်တွင် One Flew Over the Cuckoo's Nest ဇာတ်ကားမှာ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားအဖြစ် အော်စကာဆု ရရှိခဲ့၏။

မိဘများမှာ ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော ကစ်ခ် ဒေါက်ဂလပ်နှင့် ဒိုင်ယာနာ ဒီးလ်တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးမှာ American Academy of Dramatic Arts တွင် တွေ့ဆုံကာ ဖူးစာဆုံခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ မိုက်ကယ်ဒေါက်ဂလပ်က စပိန်နိုင်ငံ၊ ဘာလီရစ်ခ်ကျွန်းစုတွင် တည်ရှိသော ဧက ၂၀၀ ကျော် ကျယ်ဝန်းကာ စပျစ်ခြံ၊ သံလွင်ခြံတို့ ပါဝင်သည့် ခြံဝန်းကြီးကို ယူရို ၂၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

“ဒီခြံကြီးဟာ ဧက ၂၀၀ ကျော် ကျယ်ဝန်းပြီး တောင်တန်းမြေက စပြီး ပင်လယ်ကမ်းခြေအထိ ကျယ်ပြန့်ပါတယ်”ဟု မိုက်ကယ်ဒေါက်ဂလပ်က ပြောကြားသည်။

မစ္စတာဒေါက်ဂလပ်သည် နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ စံအိမ်ကြီးနှင့် ခြံဝန်းကျယ်ကြီးကို လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက ရောင်းထုတ်ရန် ကြိုးပမ်းနေခဲ့ပြီး စံအိမ်ကြီးမှာလည်း ဈေးကွက်တွင် ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။

၂၀၁၄ ခုနှစ်တွင် စတင်ဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကခေါ်ဈေးမှာ ယူရိုသန်း ၅၀ ဖြစ်ပြီး လက်ရှိတွင် အဆိုပါခေါ်ဈေးအောက် ထက်ဝက်ခန့်အထိ ဈေးလျှော့ပေးလာသည်။ လက်ရှိခေါ်ဈေးမှာ ယူရို ၂၈ ဒသမ ၉ သန်း (ကန်ဒေါ်လာ ၃၂ ဒသမ ၃၈ သန်း) ဖြစ်သည်။

S’Estaca စံအိမ်ဟု လူသိများပြီး မိုက်ကယ်ဒေါက်ဂလပ် မတိုင်မီကလည်း နာမည်ကျော်များ ပိုင်ဆိုင်ခဲ့ဖူးသည်။

သြစထရီးယား ဘုရင့်သားတော် Austrian Archduke Ludwig Salavator of Habsburg လူးဝစ် ဆလာဗေတာက ၁၈၆၀ ပြည့်လွန် ကာလများအတွင်း ပင်မစံအိမ်ကို ဝယ်ယူပိုင်ဆိုင်ခဲ့ဖူးကြောင်း Engel & Vӧlkers ၏ အချက်အလက်များတွင် ဖော်ပြသည်။

လူးဝစ် ဆလာဗေတာသည် ဘဝအချိန်အများစုကို အဆိုပါကျွန်းစုတွင် ကုန်လွန်ဖြတ်သန်းခဲ့သည်။

S’Estaca စံအိမ်ကို ဝယ်ယူပြီးနောက် ဆလာဗေတာက သူ၏အိမ်ရှင်မဖြစ်သော မာလော့ကာ အမျိုးသမီးငယ်အတွက် စံအိမ်ကို ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ခဲ့သည်ဟု Engel & Vӧlkers ၏ အချက်အလက်များတွင် ဖော်ပြသည်။

ဆလာဗေတာက ပင်မစံအိမ်ကို အစောပိုင်း ကလပ်စစ်ကယ်ဗိသုကာဟန်ဖြင့် ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ပြီး ချောမွတ်သော အင်္ဂတေသရွတ်နုများဖြင့် မွမ်းမံထားသည့် နံရံများ ထည့်သွင်းခဲ့သည်။

ကမ်းခြေဆီမှ လှေကားများ တဖြည်းဖြည်းမြင့်တက်သွားပုံမှာ ရောမခေတ် ပွဲကြည့်စင်ကြီးနှင့် သဏ္ဍာန်တူနေသည်။

လှေကားများ၏ အဆုံးတွင် ဆလာဗေတာက ရေချိုးအိမ်တစ်ခု ဆောက်လုပ်စေခဲ့ပြီး ကောလာဟလများအရ သူ၏ တိတ်တိတ်ပုန်းချစ်သူ နှမဝမ်းကွဲ သြစထရီးယားမင်းသမီး စီစီအတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မစ္စတာ ဒေါက်ဂလပ်က အဆိုပါစံအိမ်ကို ဗွီဒီယိုဖိုင်တစ်ခုလွှင့်တင်ကာ အလျင်အမြန်ရောင်းထွက်နိုင်စေရန် ကြိုးပမ်းလာသည်။

“S’Estaca စံအိမ်ကို ၁၉၉၀ ပြည့်နှစ်မှာ ကျွန်တော် ပထမဆုံးစတွေ့ခဲ့တော့ ချက်ချင်းပဲ စံအိမ်ကြီးရဲ့  ညှို့ ယူဖမ်းစားမှု စက်ကွင်းမှာ သက်ဆင်းခဲ့ပြီး ဝယ်ယူလိုက်ပါတယ်။ ကျွန်တော့်ရဲ့  မိတ်သင်္ဂဟ များစွာဟာလည်း S’Estaca စံအိမ်ကြီးမှာ လာရောက် လည်ပတ် တည်းခိုခဲ့ကြဖူးပြီး အံ့အားသင့်ဖွယ် အချိန်ကာလတွေကို အတူတကွ ဖြတ်သန်းခဲ့ကြဖူးပါတယ်” ဟု မစ္စတာ ဒေါက်ဂလပ်က အဆိုပါ ဗွီဒီယို ဖိုင်အတွင်း ပြောကြားထားသည်။

ယနေ့ကာလတွင်ကား စံအိမ်ဝန်းအတွင်း စပျစ်ခြံတစ်ခု၊ သံလွင်ခြံ၊ အိပ်ခန်း ၁၀ ခန်းပါ အဆောက်အအုံ ၇ လုံးတို့ ပါဝင်သည်။

ဧည့်သည် ၂၀ ဦးခန့် သက်တောင့်သက်သာ အပန်းဖြေတည်းခိုနိုင်ကြောင်း မစ္စတာ ဒေါက်ဂလပ်က ပြောကြားသည်။

မစ္စတာဒေါက်ဂလပ်သည် ပိုင်ဆိုင်ထားသည့် ဆယ်စုနှစ် ၃ ခုအတွင်း ခြံဝန်းအတွင်းရှိ အဆောက်အအုံဟောင်းကြီးများကို ခေတ်မီအဆင့်မြှင့်တင်ခြင်း ကြီးမားစွာ ပြုလုပ်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service