မီဂါစီးတီးအတွက် ကြိုတင်ပြင်ဆင်ရမယ့်ရန်ကုန်

မီဂါစီးတီးအတွက် ကြိုတင်ပြင်ဆင်ရမယ့်ရန်ကုန် - Property News in Myanmar from iMyanmarHouse.com
24 May 2019 11:46 am တွင် တင်ခဲ့သည်
6242 ကြိမ် ကြည့်ရှု့ပြီး

လာမည့်နှစ် ၂၀ အတွင်း လူဦးရေ ၁၀ သန်းကို ထမ်းဆောင်ရဖွယ်ရှိသည့် စီးပွားရေးမြို့တော်သည် Mega City တစ်ခုအဖြစ် ရောက်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဧရိယာကို မည်ကဲ့သို့ ချဲ့ထွင်ရမည်ကို ကျွမ်းကျင်သူများက အမျိုးမျိုးတွက်ချက်နေကြသည်။

အလျင်အမြန်ဆုံးကုစားနိုင်ရန် အစိုးရအပါအ၀င် မြို့ပြပညာရှင်ကျွမ်းကျင်သူများက နည်းလမ်းအမျိုးမျိုး ရှာဖွေနေကြပြီ ဖြစ်သည်။

နှစ်စဉ်မိုးကာလရေကြီးရေ လျှံမှုများဖြစ်ပေါ်၍ ယာဉ်ကြောကျပ်တည်းမှုများနှင့် နေထိုင်မှု စရိတ်ကြီးမြင့်လာသည့် စီးပွားရေးမြို့တော် ရန်ကုန်သည် ရွှေ့ ပြောင်း အခြေချနိုင်နေထိုင်သူ များပြားလာခြင်းကြောင့် မြို့ဧရိယာကို မဖြစ်မနေချဲ့ထွင်ရမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင်များက ထောက်ပြသည်။

လက်ရှိ ၇၉၄ စတုရန်း ကီလိုမီတာ၊ မိုင်အားဖြင့် ၃၀၆ မိုင်ကျော်ကျယ်ဝန်းသည့် ရန်ကုန် သည် ကိုလိုနီခေတ်က လူဦးရေ သုံးသောင်းအတွက်သာ ရည်ရွယ်၍ ဆူးလေစေတီကို ဗဟိုပြုမြို့ပြစီမံကိန်းတစ်ခုအဖြစ် ရေးဆွဲထားခြင်းဖြစ်သည်။

ရွှေ့ပြောင်းအခြေချသူများ ပြားလာခြင်းကြောင့် လွတ်လပ်ရေးရပြီးကာလတွင် မြို့ဧရိယာကို အစိုးရလက်ထက်အဆက်ဆက် မြို့သစ်များဖော်၍ တိုးချဲ့လာခဲ့ရာ ယနေ့အထိ အဆိုပါမြို့သစ်များ၌ အခြေခံအဆောက်အအုံကောင်းများ မပြည့်စုံသေးကြောင်း မြို့ပြစီမံကိန်းရေးရာ ဆောင်းပါးများ ရေးသားနေသူမြင့်မိုရ်ဆွေက သုံးသပ်သည်။

‘‘ ထပ်တိုးချဲ့မယ့် မြို့သစ်တွေက စီမံခန့်ခွဲမှု မကောင်းရင် အခုလက်ရှိ ရွှေပြည်သာ တို့၊ လှိုင်သာယာ တို့လို အခြေအနေမျိုးတွေ ဖြစ်ကုန်လိမ့်မယ်။ မြို့ကိုမြို့တွေ မ၀ိုင်းဘဲ မြို့ကို ရွာတွေ ၀ိုင်းသလို ဖြစ်သွားလိမ့်မယ်’’ဟု လက်ရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် အကြံပေးအဖြစ် လုပ်ကိုင်နေသူ မြင့်မိုရ်ဆွေက စိုးရိမ် တကြီး ထောက်ပြသည်။

ရန်ကုန်မြို့ ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး အချို့ကမူ ရန်ကုန်ကို ဘေးသို့ တိုးချဲ့ခြင်း ထက် မြို့တွင်းပိုင်း၌ တိုးချဲ့၍ရသည့် အခြေအနေများ ရှိနေသေး ပြီး အလျင်စလိုမတိုးချဲ့သင့် ကြောင်း အကြံပြုသည်။

‘‘ မြို့သစ်ထပ်ချဲ့ရင် တစ်နေရာနဲ့ တစ်နေရာအလှမ်းဝေးနေလိမ့်မယ်။ အပေါ်ကို ဒေါင်လိုက်တက်လို့ရတဲ့ အနေအထားတွေ အများကြီးရှိသေးတယ်။ လူနေ Apartment တွေ ဆောက်လို့ရ တာတွေလည်းရှိတယ်။ အလောတကြီးတော့ မလိုသေးဘူး’’ဟု အောင်သစ္စာမင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက် တာ ဦးထူးမြတ်လင်းက ပြော သည်။

နေပြည်တော် သို့ ပြောင်းရွှေ့သွားသော ၀န်ကြီးဌာနများက အသုံးမပြုဘဲ ပလပ်ထားသည့် လုပ်ငန်းသုံးမြေများ၊ ဂိုဒေါင် များ၊ စက်ရုံ များ၊ စစ်တပ်ဧရိယာပိုင်မြေ အချို့မှာ မြို့တွင်းပိုင်း၌များစွာ ကျန်နေသေးကြောင်း ၎င်းကဆို သည်။

မြို့ပြစီမံကိန်းပညာရှင်အများစုက စနစ်တကျဘေးသို့ ဖြန့်ထွက်ပြီး တိုးချဲ့ခြင်းသာ ပိုမိုကောင်းမွန်သည်ဟု ပြောဆိုကြကာ စီးပွားရေးလုပ်ငန်းရှင်အချို့ နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုကမူရှိပြီးသား မြို့ကိုသာ အပေါ်သို့ ဒေါင်လိုက်တိုးချဲ့သင့် သည်ဟု ယူဆနေကြသည်။

ယင်းစီမံကိန်းတွင် ရန်ကုန်ကို တိုးချဲ့ရန် ဦးစားပေးအဆင့် ခုနစ်ဆင့်အထိ သတ်မှတ်ထားသည်။ ယင်းအထဲတွင် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံ ကိန်း၊ ရန်ကုန်တောင်ပိုင်းမြို့သစ် စီမံကိန်းဟု အပိုင်းနှစ်ပိုင်း ခွဲခြားကာ စီမံကိန်းများထဲတွင် ထန်းတပင်၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ လှည်းကူး၊ သန်လျင်အစရှိသည့်မြို့များပါဝင်လာပြီး ဧရိယာကို အသီးသီးချဲ့ထွင်ကြမည်ဖြစ်သည်။

အဆိုပါမြို့သစ်များအားလုံး ရှိ စုစုပေါင်း မြေဧက တစ်သိန်းကျော်ကို ချဲ့ထွင်ရန် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ တွင် ဖော်ပြထား သည်။

ရန်ကုန်သည် အနာဂတ်တွင် မီဂါစီးတီးမြို့တော်ကြီးတစ်ခုအဖြစ် ရောက်ရှိတော့မည်ဖြစ်သော ကြောင့် လူဦးရေတိုးပွားနှုန်းပေါ် မူတည်၍ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး မှု စီမံကိန်းကိုသုံးနှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။

သို့သော်မဟာဗျူဟာများ အရ ဆက်တိုက်အကောင်အထည်ဖော်မည်ဆိုပါက အစိုးရတွင် ဘဏ္ဍာရေးအခက်အခဲအချို့ရှိနိုင် ကြောင်း ဦးတိုးအောင်က ဆို သည်။

‘‘မြို့သစ်တွေ ချဲ့တဲ့အခါ မြေအသုံးချမှုနဲ့ ပတ်သက်ပြီး ၁၉၉၀ ထဲက လန ၃၉ ရပြီးသားမြေတွေ အများကြီး မြို့စွန်မှာရှိတယ်။ စီမံကိန်းတစ်ခုချင်းစီမှာ ပရောဂျက် တွေ များလွန်းလို့ တကယ်လုပ်နိုင် ဖို့ပဲ လိုမယ်။ လိုအပ်ရင် နိုင်ငံတကာ အကူအညီတွေလည်း အများကြီးယူသင့်ရင် ယူရမှာပေါ့’’ ဟု ဦးတိုးအောင်က ဆိုသည်။

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းသည် ကာလလတ်၊ ကာလရှည်စီမံကိန်းများဟူ၍ ခွဲခြား00သတ်မှတ်ထားကာ ၂၀၄၀ ပြည့်နှစ်အထိ ရေရှည်ဆွဲထားသည့် စီမံကိန်းဖြစ်ခြင်းကြောင့် တက်လာသော အစိုးရအဆင့်ဆင့်က ဆက်လက်အကောင်အထည်ဖော်သွားရမည့် စီမံကိန်းကြီးတစ်ခုဖြစ် သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service