ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
နယူးယောက်မြို့၊ မက်ဒီဆင် စကွဲယားပန်းခြံကို စီးမိုးတွေ့မြင်နေရသည့် ၃ ထပ်တွဲ penthouse ခန်းတစ်ခန်းရှိပြီး Amazon သူဌေးကြီး ဂျက်ဖ်ဘီဇော့က ဝယ်ယူရန် မျက်စိကျနေသည့် အခန်းလည်း ဖြစ်သည်။
အရောင်းအဝယ်ဖြစ်သွားသည့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၅၈ သန်းဖြစ်ရာ မူရင်းခေါ်ဈေးအောက် များစွာ နည်းပါးနေသည်။
နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၂၁၂ အဆောက်အအုံတွင် တည်ရှိသော အဆိုပါ triplex penthouse ခန်းကို ၂၀၁၇ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၇၃ ဒသမ ၈ သန်း ဈေးခေါ်ထားခဲ့ဖူးသည်။
အဆောက်အအုံကြီး၏ developer ဖြစ်သော Madison Equities ကုမ္ပဏီမှ ရောဘတ် ဂလက်စတုန်း၏ ပြောကြားချက်အရမူ ယခု ဝယ်ယူသွားသည့် ဝယ်လက်မှာ ဂျက်ဘီဇော့မဟုတ်ဟု ဆိုသည်။
penthouse ခန်း တည်ရှိရာဒေသသည် နာမည်ကျော်ဒေသတစ်ခုဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၏ သမီး ချယ်လ်ဆီးကလင်တန် နေထိုင်လျက်ရှိသော ဒေသဖြစ်သည့်အပြင် ဂျနီဖာလိုပက်ဇ်လည်း နေထိုင်ခဲ့ဖူးသည်။
ရောင်းထွက်သွားသော penthouse ခန်းကို Crown penthouse ဟု လူသိများသည်။
အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည့်အပြင် ballroom တစ်ခန်းလည်း ပါဝင်ရာ ဂျက်ဘီဇော့က သူ၏အချစ်သစ် လော်ရန် ဆန်းချက်နှင့် ဝေါ့ဇ်အကကရန် စိတ်ကူးခဲ့ပုံရသည်။
အဆောက်အအုံတွင် အစားအစာ သိုလှောင်သည့်အအေးခန်း၊ အားကစားလေ့ကျင့်ရေးခန်းမတို့လည်း ပါဝင်သည်။
ဂျက်ဘီဇော့သည် အချစ်သစ်ရပြီးနောက် နေအိမ်ရှာဖွေမှုများ ပြုလုပ်လာရာတွင် ပန်းခြံရိပ်သာလမ်း အမှတ် ၄၃၂ အဆောက်အအုံတွင် လည်းကောင်း၊ ချယ်လ်ဆီးအရပ်ရှိ Walker Tower တွင်လည်းကောင်း နေအိမ်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
(ဂျက်ဘီဇော့၏ နေအိမ်ရှာဖွေပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/820692 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)
ထို့အပြင် လော့စ်အိန်ဂျလိရှိ ဒေါ်လာ ၈၈ သန်းတန် နေအိမ်ကြီးတစ်လုံးကိုလည်း လော်ရန်ဆန်းချက်နှင့်အတူ တိတ်တဆိတ် သွားရောက်ကြည့်ရှုခဲ့ဖူးသည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/814521 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)
Crown penthouse တွင် လူနေဧရိယာ စတုရန်းပေ ၁၀၀၀၀ ကျော်အပြင် လသာဆောင်နေရာအကျယ်အဝန်း စတုရန်းပေ ၅၇၃၀ ပါဝင်သည်။
အဆောက်အအုံ အချက်အလက်များ
အခန်းပေါင်း ၄၈ ခန်း
အထပ်ပေါင်း ၂၄ ထပ်
ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၉၁၂ ခုနှစ်
ဗိသုကာအဖွဲ့- Helpern Architects
Developer: Thor Equities, Madison Equities, နှင့် Building and Land Technology (BLT)
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)