ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အာရှ၏ အကြီးမားဆုံးကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော ရှန်ဂရီလာဟိုတယ်အုပ်စုတည်ထောင်သူ၊ Kerry Properties ပိုင်ရှင် ရောဘတ်ကွာ့ခ်၏ သားငယ် ကွာ့ခ်ခွန်ဟွားကို ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်၊ ဒုတိယဥက္ကဌသစ်အမည် ဟောင်ကောင် စတော့အိတ်ချိန်းတွင် ကြေညာလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကွာ့ခ်ခွန်ဟွားသည် အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး Kuok Group တည်ထောင်သူ ရောဘတ်ကွာ့ခ်၏ အငယ်ဆုံးသားဖြစ်သည်။
ကွာ့ခ်ခွန်ဟွားသည် လာမည့်ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး အမှုဆောင်အရာရှိချုပ် တာဝန်များကို ထမ်းဆောင်မည်ဖြစ်ပြီး ကုမ္ပဏီပိုင် စတုရန်းမီတာ ၁ သန်းရှိသော ကူးသန်းရောင်းဝယ်ရေးနှင့် လူနေအိမ်ခြံမြေများ၊ တရုတ်ပြည်မကြီးရှိ ဟိုတယ် ၁၁ လုံးတို့ကို စီမံခန့်ခွဲသွားမည် ဖြစ်သည်။
ကွာ့ခ်ခွန်ဟွားသည် ရောဘတ်ကွာ့ခ် သားသမီး ၈ ဦးတွင် အငယ်ဆုံးဖြစ်သည်။ ရောဘတ်ကွာ့ခ်၏ ဒုတိယဇနီး ဟိုပိုလင်း၏ တစ်ဦးတည်းသောသားလည်း ဖြစ်သည်။
ကွာ့ခ်ခွန်ဟွားသည် အမှုဆောင်အရာရှိချုပ် အရိုက်အရာကို ဝေါင်ရှောက်ကောင်ထံမှ ဆက်ခံမည်ဖြစ်ပြီး ဝေါင်ရှောက်ကောင်မှာ ကုမ္ပဏီ၏ ဥက္ကဌအဖြစ် ဘုတ်အဖွဲ့ဒါရိုက်တာများကို ဦးဆောင်မည် ဖြစ်သည်။
ဟားဘတ်တက္ကသိုလ်မှ ၂၀၀၃ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီးနောက် Kuok Group ၏ ကုမ္ပဏီခွဲဖြစ်သော Kerry Holdings Ltd ၏ ဥက္ကဌ ဖြစ်လာခဲ့သည်။
ထို့အပြင် Kerry Group နှင့် Kuok (Singapore) Ltd တို့၏ ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)