ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ရန်ကုန်စတော့အိတ်ချိန်း ကို နောက်ထပ် အများပိုင်ကုမ္ပဏီတစ်ခုထပ်မံဝင်ရောက်လာဖို့ရှိနေတယ်လို့ သတင်းရရှိပါတယ်။
ရန်ကုန် စတော့အိတ်ချိန်းမှာ လက်ရှိအချိန်ထိ FMI ၊ MTSH ၊ မြန်မာနိုင်ငံသားများဘဏ် ၊ ပထမ ပုဂ္ဂလိကဘဏ် နဲ့ TMH တယ်လီကွန်း စတဲ့ အများပိုင်ကုမ္ပဏီငါးခုက စာရင်းဝင်ကုမ္ပဏီအဖြစ်ရှိနေပါတယ်။
၂၀၁၈ ဇန်န၀ါရီ (၂၆) ရက် မှာ TMH တယ်လီကွန်း အများပိုင်ကုမ္ပဏီ ရန်ကုန်စတော့အိတ်ချိန်းကို ၀င်ရောက်လာပြီးနောက် (၁)နှစ်ကျော်အတွင်း နောက်ထပ် ကုမ္ပဏီသစ်ထပ်မံဝင်ရောက်လာခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ဂရိတ်ဟော်ခမ်းရေအားလျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီက ရန်ကုန်စတော့အိတ်ချိန်း ကို ၀င်ရောက်ဖို့ပြင်ဆင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန်မှာ ခေတ္တဆိုင်းငံ့သွားတာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာတော့ ထောက်ပံ့ပို့ဆောင်ရေး Logistic ကုမ္ပဏီတစ်ခုက ပြင်ဆင်နေပြီး အခုနှစ် အတွင်း စတော့အိတ်ချိန်းကို ၀င်ရောက်လာဖို့မျှော်လင့်ထားတယ်လို့ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်တာဝန်ရှိသူကပြောပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com