Greenland အုပ်စုက ရှန်ဟိုင်းရှိ ယွမ်ငွေ ၁၀၀ ဘီလီယံကုန်ကျမည့် မြစ်ကမ်းခြေ ဘက်စုံစီမံကိန်းကြီးကို ပြန်လည်စတင်ရန် စီစဉ်

Greenland အုပ်စုက ရှန်ဟိုင်းရှိ ယွမ်ငွေ ၁၀၀ ဘီလီယံကုန်ကျမည့် မြစ်ကမ်းခြေ ဘက်စုံစီမံကိန်းကြီးကို ပြန်လည်စတင်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
22 May 2019 12:03 pm တွင် တင်ခဲ့သည်
726 ကြိမ် ကြည့်ရှု့ပြီး

အစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီကြီး Greenland အုပ်စုသည် ဘဏ္ဍာရေးအကျပ်ဆိုက်နေသော China Minsheng Investment Group ထံမှ ရှန်ဟိုင်းဆောက်လုပ်ရေးစီမံကိန်း၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပြီး ၃ လသာ ကြာမြင့်သေးချိန် တွင် ရှန်ဟိုင်းတွင်ပင် ယွမ်ငွေ ၁၀၀ ဘီလီယံကုန်ကျမည့် မြစ်ကမ်းခြေ ဘက်စုံစီမံကိန်းကြီးကို ပြန်လည်စတင်ရန် စီစဉ်လာသည်။

လက်ရှိအချိန်တွင် Greenland Bund စင်တာဟု အမည်ပြောင်းထားပြီး စတုရန်းမီတာ ၁ ဒသမ ၂ သန်း ကျယ်ဝန်းသည့် မြေပေါ်တွင် အကောင်အထည်ဖော်မည် ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် grade A အဆင့်ရှိ ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံ ၄ ခု၊ (ယင်းအနက် အဆောက်အအုံတစ်ခုတွင် ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံး ပါဝင်မည်)၊ လူနေအိမ်ရာ ဘလောက် ၈ ခု၊ စိမ်းလန်းစိုပြေစွာ စိုက်ပျိုးထားမည့် နေရာကို ဗဟိုပြု၍ လက်လီအရောင်းဆိုင်နေရာများ ပါဝင်မည်ဖြစ်ကြောင်း Greenland အုပ်စုက မေလ ၈ ရက်တွင် ကြေညာထားသည်။

ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ့၏ ကျောထောက်နောက်ခံပြု Greenland သည် ရှန်ဟိုင်းတွင် အကြီးမားဆုံး ကုမ္ပဏီကြီးဖြစ်သည်။

Minsheng Investment သည် ကြွေးမြီ ယွမ်ငွေ ၃ ဘီလီယံ မပေးဆပ်နိုင်သောကြောင့် ရှန်ဟိုင်းစီမံကိန်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း Greenland Group ထံ ယွမ်ငွေ ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇၇ ဘီလီယံ) ဖြင့် ရောင်းချခဲ့ရခြင်း ဖြစ်သည်။

စီမံကိန်းနေရာမှာ ရှန်ဟိုင်း၏ သမိုင်းဝင် Bund waterfront နေရာ၏ တောင်ဘက် ကီလိုမီတာ အနည်းငယ်သာ ကွာဝေးသော နေရာ တွင် တည်ရှိသည်။

ယခင်က Minsheng Investment နှင့် အခြား developer ကုမ္ပဏီကြီးများက စီမံကိန်းကို အကောင်အထည်ဖော် ရန် ကြိုးစားခဲ့ သော်လည်း မအောင်မြင်ခဲ့ဘဲ ဆယ်စုနှစ်တစ်ဝက်ခန့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေခဲ့ရာမှ Greenland အုပ်စုက ပြန်လည် လုပ်ငန်းစတင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

Greenland Group မှ ရှူးယီဘင်းက ပြည်တွင်းသတင်းမီဒီယာများသို့ ပြောကြားခဲ့ရာတွင် စီမံကိန်းတွင် အထပ်နိမ့် ရုံးခန်း အဆောက်အအုံ ဘလောက် ၇ ခု ပါဝင်မည်ဖြစ်ပြီး ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်နှင့် ရုံးခန်းများဖွင့်ရန် ရည်မှန်းထားကြောင်း ပြောကြား သည်။

Greenland Bund စင်တာကို မြေနေရာ စတုရန်းမီတာ ၁၃၀၀၀၀ ပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး ကြမ်းခင်းဧရိယာ ၇၆၀၀၀၀ စတုရန်းမီတာ ရှိမည် ဖြစ်သည်။ လက်ရှိအားဖြင့် ကနဦးဆောက်လုပ်ဆဲ အဆင့်တွင်သာရှိသေးသည်။

စီမံကိန်းတွင် မီတာ ၃၀၀ မြင့်မားမည့် မိုးမျှော်တိုက်ကြီးတစ်လုံး (အဆိုပါ တာဝါကြီးတွင် ဟိုတယ်တစ်ခုလည်း ဖွင့်လှစ်မည်ဟုဆို)၊ မီတာ ၂၄၀- ၁၅၀ နှင့် ၁၄၁ မီတာ အသီးသီး မြင့်မားမည့် ရုံးခန်းတာဝါ ၃ ခုတို့ ပါဝင်မည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service