တရုတ်ပြည်အချမ်းသာဆုံးသူဌေးကြီး ဂျက်မားပိုင် Alibaba ကုမ္ပဏီက ပရိဘောဂကုန်တိုက်များ လုပ်ကိုင်သည့် ကုမ္ပဏီကြီး Red Star Macalline တွင် ယွမ်ငွေ ၄ ဘီလီယံကျော် ထည့်ဝင်ရင်းနှီးမြှုပ်နှံ

တရုတ်ပြည်အချမ်းသာဆုံးသူဌေးကြီး ဂျက်မားပိုင် Alibaba ကုမ္ပဏီက ပရိဘောဂကုန်တိုက်များ လုပ်ကိုင်သည့် ကုမ္ပဏီကြီး Red Star Macalline တွင် ယွမ်ငွေ ၄ ဘီလီယံကျော် ထည့်ဝင်ရင်းနှီးမြှုပ်နှံ - Property News in Myanmar from iMyanmarHouse.com
22 May 2019 11:38 am တွင် တင်ခဲ့သည်
1403 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်အချမ်းသာဆုံးသူဌေးကြီး ဂျက်မားပိုင် Alibaba ကုမ္ပဏီသည် တရုတ်ပြည်၏ သမားရိုးကျ ဈေးဝယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတစ်ခု ထပ်မံပြုလုပ်လိုက်ပြီ ဖြစ်သည်။

Alibaba ကုမ္ပဏီသည် ၎င်း၏အွန်လိုင်းပါဝါကို အော့ဖ်လိုင်းကူးသန်းရောင်းဝယ်ရေးနှင့် မျှခြေထိန်းညှိနိုင်စေရန် ရည်ရွယ်သောအားဖြင့် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

ဂျက်မားပိုင် Alibaba ကုမ္ပဏီသည် တရုတ်ပြည်တွင် ပရိဘောဂဆိုင်များ အကြီးမားဆုံးတည်ထောင်လည်ပတ်ထားသည့် ကုမ္ပဏီကြီး ဖြစ်သော Red Star Macalline Holding Group Company ၏ ရှယ်ယာ ယွမ်ငွေ ၄ ဒသမ ၃၆ ဘီလီယံ (ကန်ဒေါ်လာ ၆၃၀ ဒသမ ၆ သန်း) ဖိုး ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

Red Star Macalline Holding Group ကုမ္ပဏီသည် တရုတ်ပြည်မကြီးရှိ မြို့ ကြီးပေါင်း ၁၉၉ မြို့ တွင် ပရိဘောဂဈေးဝယ်စင်တာပေါင်း ၃၆၄ ခုအထိ ဖွင့်လှစ်ထားသည့် ကုမ္ပဏီကြီး ဖြစ်သည်။

ယခုဝယ်ယူလိုက်သည့် ရှယ်ယာမှာ Red Star Macalline ကုမ္ပဏီ၏ ရှယ်ယာ ၁၄ ရာခိုင်နှုန်းနီးပါးလည်း ဖြစ်သည်။

Alibaba သည် Red Star Macalline ကုမ္ပဏီ၏ ဒုတိယအကြီးမားဆုံး ရှယ်ယာပိုင်ရှင်လည်း ဖြစ်လာသည်။

Alibaba သည် မကြာသေးမီနှစ်များအတွင်း ကုန်စုံနှင့် လက်လီဈေးဝယ်စင်တာကြီးများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် ပြုလုပ်နေခဲ့သည်။

Alibaba မှ ဝယ်ယူလိုက်သည့် တန်ဖိုးအရ ရှယ်ယာတစ်စုလျှင် ယွမ်ငွေ ၁၂ ဒသမ ၂၈ ကျသင့်ခဲ့ပြီး ရှယ်ယာပေါင်း ၃၅၅ သန်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဝယ်ယူရာတွင် ရှန်ဟိုင်းစတော့အိတ်ချိန်းစာရင်းဝင် Red Star Macalline Group Corporation Ltd ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့် ဟောင်ကောင် စတော့အိတ်ချိန်းစာရင်းဝင် Red Star Macalline ၏ ရှယ်ယာ ၃ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

Red Star Macalline Group Corporation Ltd တွင် ရှယ်ယာအကြီးမားဆုံး ပိုင်ဆိုင်ထားသည်မှာ အမေရိကန်ကုမ္ပဏီ Warburg Pincus ဖြစ်ပြီး ရှယ်ယာ ၁၉ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

Warburg Pincus သည် ယွမ်ငွေ ၁ ဘီလီယံကျော်အထိ ပါဝင်ရင်းနှီးမြှုပ်နှံမည်ဟု ၂၀၀၇ ခုနှစ်အတွင်းက ကတိပြုထားခဲ့သည်။

Red Star Macalline Group Corporation သည် ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေ ယွမ် ၁၄ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး အသားတင် အမြတ်အစွန်း ယွမ် ၄ ဒသမ ၄၇ ဘီလီယံရှိခဲ့သည်ဟု ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service