ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ရန်ကုန် စတော့အိတ်ချိန်းဟာသုံးနှစ်အတွင်းရှယ်ယာအရေအတွက် (၁၀) သန်းခွဲလောက် ရောင်းချပြီးပြီဖြစ်တယ်လို့SECM ထံက သိရပါတယ်။
ရန်ကုန် စတော့အိတ်ချိန်းဟာ ၂၀၁၆ ခုနှစ် မတ်လ(၂၅)ရက်မှာ အရောင်းအ၀ယ်စတင်ခဲ့တာဖြစ်ပြီး လက်ရှိ (၃)နှစ်တာကာလအတွင်း ရှယ်ယာအရေအတွက်(၁၀)သန်းခွဲ ၊ ပမာဏအားဖြင့် ကျပ်ဘီလီယံ (၁၂၀)ဖိုး နီးပါးအရောင်းအ၀ယ်ဖြစ်ခဲ့တာပါ။
အချက်အလက်တွေအရ ပထမတစ်နှစ်တာကာလအတွင်းတုန်းကတော့ ကျပ်(၈၀)ဘီလီယံနီးပါးရှိတဲ့ အစုရှယ်ယာပေါင်း (၃) သန်းခွဲကျော် အရောင်းအ၀ယ် ဖြစ်ခဲ့ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းစတင်စဉ်ကာလက စိတ်ဝင်စားမှုမြင့်တက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရှယ်ယာ အရောင်းအဝယ်ကကျဆင်းလာပြီး ထပ်မံပြီးစာရင်းဝင်ကုမ္ပဏီ ကလည်းမြင့်တက်လာခဲ့ခြင်းမရှိတာပါ။
စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လိုတဲ့ ကုမ္ပဏီဟာ ရန်ကုန်စတော့အိတ်ချိန်းကို စာရင်းဝင်ဖို့ လျှောက်ထားတဲ့နေ့မှာ မတည်ရင်းနှီးငွေအနည်းဆုံး ကျပ်သန်း ၅၀၀ ရှိထားရမှာပါ။
ဒါ့အပြင် လျှောက်ထားတဲ့ နေ့မတိုင်မီ အနည်းဆုံး ၂ နှစ်တာကာလအတွင်း လုပ်ငန်းအမြတ်ရရှိထားရမယ်ဆိုတဲ့ အချက်အပါအဝင် သတ်မှတ်ထားတဲ့ အချက် ၁၇ ချက်နဲ့ ကိုက်ညီရမှာပါ။
လက်ရှိမှတော့ စာရင်းဝင်ကုမ္ပဏီတွေ ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက် စံသတ်မှတ်ချက်တွေထဲက အချက်တစ်ချို့ကို ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း စတော့ရှယ်ယာဈေးကွက်ကို ၂၀၁၆ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စာရင်းဝင်ကုမ္ပဏီ ၅ ခုက ရှယ်ယာတွေကို ရောင်းချပေးနေပေမယ့် စိတ်ပါဝင်စားတဲ့ ပြည်သူတွေနည်းပါးနေသေးတယ်လို့လည်း သိရပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com