ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
စာဖွဲ့ခဲ့ကြသည်။“လေတိုက်တိုင်း ကြွေတဲ့သစ်ရွက် ဟောင်းများလို”ဆိုသည့် သီချင်းစာသားကြောင့် လမ်းတစ်လျှောက် သစ်ရွက်အမှိုက်တို့ဖြင့် မြင်မကောင်းရှု မကောင်း မြင်ကွင်းကိုမျက်စိထဲ မြင်ယောင်သွားမှာတော့ အစိုး မိသား။ တေးရေးသူ၏ သဘာဝလောကအပေါ်မြင်သည့် အမြင် က ဓမ္မတရားနှင့်အလှတရား။ ကျွန်တော်တို့က အမှိုက်ဟုမမြင် ဘဲ သဘာဝတရားတို့ကြောင့်ဖြစ်ပေါ်လာသော ဖြစ်စဉ်ဟု မြင် ရပါလိမ့်မည်။ ထိုဖြစ်စဉ်သည် လူသားတို့အားလည်းကောင်း၊ ၎င်းတို့ကို ၎င်းတို့ အဘယ်မျှ ကျေးဇူးပြုသည်ကိုရှာဖွေရပါလိမ့် မည်။
သီချင်းကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခံစားဖို့ သရုပ်ခွဲဖို့မဟုတ် ပါ။ သဘာဝတရားက ခြွေဖြုတ်လိုက်သည့် သစ်ရွက်ဟောင်း များသည် သဘာဝနည်းဖြင့် အချိန်တန်လျှင် မြေဆွေးဖြစ်ပါ လိမ့်မည်။ ထိုမြေဆွေးသည်ပင် မြေဆီသြဇာ ဖြစ်၍ ထိုသစ်ပင်ကို ပြန်၍ကောင်းကျိုးပြုပါလိမ့်မည်။ မြို့ကြီးပြကြီးတို့၏ကတ္တရာလမ်း နှင့် ကွန်ကရစ်လမ်းပေါ်မှာ ကြွေကျ၍သာ အမှိုက်ဖြစ်ရတော့ သည်။ အမှိုက်တော့ အမှိုက်ပါပဲ သိုသော်လည်း ခွဲခြားပြောရ မည့် အမှိုက်များသာ။
လူသည် အလှတရားတို့ကို မက်မော၏။ ရှာဖွေကြ ၏။ ထိုအလှတရားတို့အပေါ်တွင် နှစ်သက်ခံစားမှုထားကြသည်။ လူသည်သာ အလှတရားတို့ကို ခံစားတတ်သူဟု မြင် ပါသည်။ သို့ပါသော်လည်း ထိုလူတို့သည်ပင် အလှတရားတို့ ကို အဖျက်နိုင်ဆုံးပုဂ်္ဂိုလ်တို့ ဖြစ်နေပြန်သည်က အံ့သြဖွယ် မကောင်းပါလော။
မနက်စောစောမြင်တွေ့ခဲ့ရသည့်မြင်ကွင်းက ပြော စရာတို့ တန်းစီနေတော့သည်။ လမ်းဘေးပလက်ဖောင်းတွင် ထမင်းပေါင်းရောင်းသောဆိုင်က အဒေါ်ကြီးသည် စီးကရက် ဘူးခွံအဟောင်းများနှင့် အခြားအမှိုက်ဟောင်းများကို လမ်းပေါ် မှရေတို့ စီးဆင်းနိုင်အောင်လုပ်ထားသော ရေနုတ်မြောင်းပေါက်ဝတွင် စွန့်ပစ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ထို့အတူ စာချုပ် စာတမ်း ရောင်းချကြသည့် ဆိုင်များကလည်း မလိုအပ်သော စာရွက်စာတမ်းများနှင့် စက္ကူပုံးဆုတ်တို့ကို ရေမြောင်းပေါက်ဝတွင် ပင်ပစ်သည်ကို တွေ့ရသည်။ ထိုမြင်ကွင်းကို မိမိနှင့်မသက်ဆိုင်ဟု သက်မှတ်ပြီး နေလိုကနေနိုင်ပါသည်။ မိမိအနေနှင့် ဆို ရေးရှိသည်ဟု ခံယူသဖြင့် မိမိလုပ်နိုင်သည့် စာရေးခြင်းအတတ် ဖြင့်သာ ပြောနိုင်အသိပေးနိုင်ပါသည်။ ကျန်တာကိုတော့ဖြင့် သက်ဆိုင်ရာ အခွင့်အာဏာရှိသူတို့ ဆက်လက်လုပ်ကိုင်ပါ လိမ့်မည်။ ဖြေရှင်းကြပါလိမ့်မည်။
လမ်းထိပ်တိုင်းတွင် အနည်းဆုံးအမှိုက်ပုံးနှစ်ပုံး လောက်တော့ဖြင့် စည်ပင်က ထားထားပေးသည်။ ထိုသို့လုပ်ထားပေးပါလျက် ထိုအမှိုက်ပုံးရှိရာသို့ အမှိုက်သွားရောက် စွန့်ပစ်ဖို့ကို ၀န်လေးနေကြသည့် အမျိုးကောင်း သားသမီးတို့ များစွာရှိနေသည်ကို တွေ့နေရသည်။ မြို့ကြီးပြကြီးမှာနေသူများ ဖြစ်ကြသဖြင့် အတတ်ပညာနှင့် အသိပညာတို့မချို့တဲ့ဟု ယူဆပါသည်။ အမှိုက် ပုံးရှိရာသို့သွားပြီး မစွန့်နိုင်သေးပါလျှင်လည်း အိတ်တစ်လုံးလုံးဖြင့် ထည့်ထားပြီး ဆိုင်သိမ်းပြီးသည့်အခါမှ သွားရောက် စွန့်ပစ်လို့လည်း ရပါသည်။ ယခုတော့ နည်းနည်းလေးမို့မြောင်း ထဲ စွန့်ပစ်သည်။ ထိုနည်းနည်းသည်ပင် ကာလကြာရှည်လာသော အခါ စွန့်ပစ်အမှိုက်တို့ကြောင့်ရေနုတ်မြောင်းတို့ ပိတ်ဆို့ကုန် သည်။
ထိုမြင်ကွင်းသည် မိမိနေထိုင်ရာဝန်းကျင်ရှိ တစ်စိတ်တစ်ပိုင်းသော မြင်ကွင်းလေးမျှသာဖြစ်သည်။ အလှတရားတို့ ကို ခုံမင်နှစ်သက်လှပါသည်ဆိုသော လူသားတို့၏စိတ်သည် နေရာတိုင်းတော့ဖြင့် မဖြစ်နိုင်ဟုမြင်သည်။ သဘာဝတောတောင် လျှိုမြောင်စိမ့်စမ်းတို့ လှချင်တိုင်းလှနေစမ်းပါစေ လောဘနှင့် ယှဉ်လာလျှင် ထိုအလှတရား တို့ကိုဖျက်ဝံ့သည်က လူသားသာလျှင်ဖြစ်ပါသည်။ လောဘနှင့်စပ်ယှဉ်လာသည့်အခါတောတို့ ကို တောဟု မမြင်နိုင်ကြတော့ လူ့အသုံးအဆောင်တို့ဖန်တီးနိုင်ရာ အခြားအတွေးတို့နှင့် ငွေကြေးတို့ကို မြင်ယောင်လာသော အခါ သစ်တောတို့ ပျက်ပျက်ပြုန်းရတော့သည်။ သဘာဝတရားတို့နှင့် လှသောတောင်တို့ကိုလည်း လောဘနှင့်ယှဉ်ပြန် လျှင် မြေလှန်ပစ်ဝံ့သည်က လူသားပင်ဖြစ်သည်။
ကမ္ဘာမြေလှပစေချင်သည်ဟု အသံကုန်ဟစ်နေသော လူသားသည်ပင် ကမ္ဘာမြေ၏အလှတို့ကို ပျက်သုဉ်းစေသည့်အပြင် အကျည်းတန်မှုတို့ကိုပင် ဖြစ်စေသည်။သစ်ပင်ကကြွေ သည့် သစ်ရွက်အမှိုက်သည် သစ်ပင်အတွက်တော့ဖြင့် တစ်ဖန် ခွန်အားဖြစ်ရာ မြေဆီလွှာဖြစ်လာသည်။ ကမ္ဘာမြေအလှအပနှင့် ကမ္ဘာမြေကြီး အဓွန့်တည်ကြာရှည်စေဖို့ လိုလားသောလူသား ပင် ကမ္ဘာမြေကို အကြောင်းအမျိုးမျိုးနှင့် ဖျက်ဆီးနေကြသည်ကို သိမြင်ဖို့ကောင်းသည်။ လူ့အသုံးအဆောင်တို့သည် ကမ္ဘာမြေကပင်ရသည်။ ကမ္ဘာမြေရှိလူတို့ တပ်မက်ရာတို့ကို ဤကမ္ဘာမြေမှပင် ထုတ်ယူသုံးစွဲနေကြသည်။ သဘာဝတရားတို့ ပြောင်းလဲ သွားလောက်အောင်ပင် လူတို့သည်စစ်လက်နက်များ စမ်းသပ် ခြင်း၊ ဖောက်ခွဲခြင်း၊ သယံဇာတတို့ကို လွန်မင်းစွာ ထုတ်ယူသုံးစွဲခြင်း၊ မြစ်ကြောင်းတို့ကို ဟန့်တားခြင်း၊ ပုံမှန်ဖြစ်တည်မှု အစဉ်သည်ပျက်သုဉ်းလာတော့သည်။ ထိုအခါ ကမ္ဘာမြေက လူနှင့်အခြားသက်ရှိတို့ကို တစ်ဖန်ပြန်၍ နှိပ်စက်ကလူ လုပ်ပါတော့သည်။
လူတို့နှင့် ဆက်စပ်ထိတွေ့ရသော ကမ္ဘာမြေ၏နေရာ တော်တော်များများသည် လူတို့၏ပယောဂကြောင့်ပင် အမှိုက်သရိုက် အညစ်အကြေးတို့နှင့် ညစ်ထေးလို့ အကျည်းတန်လာ နေပါပြီ။ ပင်လယ်ကမ်းခြေ အပန်းဖြေရာတို့တွင်လည်း လူတို့ ၏ စွန့်ပစ်အမှိုက်တို့ကြောင့်ပင် အလှတရားတို့ ပျက်သုဉ်းလာ နေပါပြီ။ ထူးမြတ်စေတီတို့သို့ လာကြသော ဘုရားဖူးတို့၏စွန့်ပစ် အမှိုက်များကြောင့်လည်း သဘာဝ အလှတရားတို့ပျက်သည်။ ရာသီအလိုက်သာစည်ကားသော နေရာတို့သည်ပင် လူတို့၏စွန့်ပစ်အမှိုက်များကြောင့် အထူးတလည်ကို ပြောလာနေကြရပြီ ဖြစ်သည်။
အမြဲတမ်း လူတို့နေထိုင်လုပ်ကိုင်ရှာဖွေစားသောက်ရာ မြို့ကြီးများတွင် လူဦးရေသည် တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာရာ စည်းကမ်းရှိနိုင်လွန်းမှ တော်ကာကျပေမည်။မြို့တော်ကြီးများ သာယာလှပစေဖို့ မြို့တော်တစ်ခွင်အမှိုက်ကင်းစင်ဖို့ လူတစ်ဦးတစ်ယောက်ချင်းစီတွင် ပညာတတ်ခြင်း မတတ်ခြင်းထက် အသိစိတ်ဓာတ်ကောင်းတို့ ရှိသင့်လှပါသည်။
မိုးပျံနေအောင်ကောင်းလှသော အဆောက်အအုံတို့ မည်မျှပင်များပြားစွာ တည်ဆောက်ပေါ်ပေါက် လာစေကာမူ စည်းကမ်းမဲ့သော စိတ်ဓာတ်တို့ရှိနေသမျှ နေရာတိုင်းတွင် အလှတို့ယုတ် လျော့နေဦးမည်။ ပျက်သုဉ်းနေဦးမည်ဖြစ်သည်။
မိမိတို့နေထိုင်ရာအရပ်ဒေသကိုမှ မိမိတို့ကိုယ်တိုင် ကိုယ်စီကိုယ်စီက အလှတို့ဆင်မြန်ပေးလိုစိတ် မရှိပါလျှင် ဘယ်ဘုရားသခင်ကမှလိုရာပြည့်စေလို့ လုပ်နိုင်မည်မဟုတ်ပေ။မိမိ ကိုယ်ကိုယ်မိမိ ပြင်ဆင်စောင့်ထိန်းခြင်းသည် ကမ္ဘာမြေ၏အလှ ကို စောင့်ထိန်းခြင်းမည်ပါသည်။ မိမိရပ်ကွက၊် မိမိမြို့ရွာ၊ မိမိ နိုင်ငံ၏အလှတရားတို့ကို ပြင်ဆင်ထိန်းသိမ်းခြင်းသည် ကမ္ဘာမြေ ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း မြင်ပါ၏။ ဒီသဘောတရားကို ကျွန်တော်တို့ လူသားတွေအနေနှင့် လက်ကိုင်ထားကြမည် ဆိုပါလျှင် မိမိနှင့်မိမိတို့နေထိုင်ရာ ကမ်္ဘာမြေသည် အလှတရားတို့ ရေရှည်ရှင်သန်နေပါလိမ့်မည်။ ထို့ကြောင့် နေရာတိုင်းသည် ကိုယ့်ကိုယ်ကိုယ်သာ ဗဟိုထား၍ စတင်ရသဖြင့် မိမိကသာ အခရာမို့ မိမိဝန်းကျင်နှင့် ကမ္ဘာမြေလှစေဖို့စိုပါလျှင် မိမိကနေ စတင်လိုက်ပါ။
ဦးအောင်ခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com