လှိုင်သာယာတွင် ကျူးကျော်များကို မြေဧကသုံးရာ ကွက်လပ်တွင် အစားထိုးနေရာ ချထားပေးရန် ဆွေးနွေးနေ

လှိုင်သာယာတွင် ကျူးကျော်များကို မြေဧကသုံးရာ ကွက်လပ်တွင် အစားထိုးနေရာ ချထားပေးရန် ဆွေးနွေးနေ - Property News in Myanmar from iMyanmarHouse.com
22 May 2019 10:18 am တွင် တင်ခဲ့သည်
1302 ကြိမ် ကြည့်ရှု့ပြီး

လှိုင်သာယာမြို့နယ် အတွင်းရှိ ကျူးကျော်များ နေထိုင်ရန် မြို့နယ် မြေဧကသုံးရာ မြေကွက်လပ်တစ်ခုတွင် အစားထိုး နေရာချထားပေးရန် ဆွေးနွေးလျက် ရှိကြောင်း လှိုင်သာယာမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

''ကျူးကျာ်တွေနေထိုင်ဖို့ အစားထိုးနေရာချပေးဖို့ စီစဉ်နေတာဟုတ်တယ်။ ဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါမှာ ဝန်ကြီးချုပ်ကလည်း အဓိကတော့ ညောင်ရွာက မီးလောင်သွားတဲ့ကျူးတွေနဲ့ လှိုင်သာယာတစ်မြို့ လုံးမှာရှိတဲ့ ကျူးတွေအတွက်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ ဆွေးနွေးတာပေါ့။ ဧက ၃ဝဝ ပေါ်မှာ ဘယ်လို ဘယ်လိုတွေလုပ်မယ်ဆို တာ ဆွေးနွေးတုန်းအချက်ပဲ ရှိ သေးတယ်''ဟု ၎င်းက ဒီမိုကရေစီတူဒေး၏မေးမြန်းမှုကို မေ ၂ဝ ရက်တွင် ဖြေကြားသည်။

လှိုင်သာယာမြို့နယ် ရှိ မည်သည့်မြေနေရာဧကသုံးရာတွင် ကျူးကျော်များကို နေရာချပေးရန် အတွက် အသေးစိတ်အချက်လက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထပ်မံဆွေးနွေးရန် လိုအပ် သေးကြောင်း ၎င်းကဆက်လက် ပြောသည်။

'' အသေးအစိတ်အချက်အလက်တွေက ဆက်လက်ဆွေးနွေးဖို့ လိုအပ်နေပါတယ်။ ဝန်ကြီး ချုပ်ကလည်း ဒီကိစ္စကို အကောင်အထည်ဖော်မယ်လို့ ပြောတယ်။ အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတဲ့အပိုင်းရှိတယ်။ ဝန်ကြီးချုပ်တို့ ဘက်က စီစဉ်နေတာပေါ့။ အသေးစိတ်ဆွေးနွေးပြီးရင်တော့ ဘယ်နေရာတွေမှာ ဘယ်ချိန်တွေမှာလဲ ဆိုတာ ရက်သတ်မှတ်လို့ရမှာပေါ့ " ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

ယင်းသို့စီစဉ်နေမှုမှာ မကြာမီကာလအတွင်း အကောင်အထည်ပေါ်လာနိုင်ကြောင်း သက်ဆိုင်ရာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးစဉ် ပြောထားကြာင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်သည် ကျူးကျော်များ နေထိုင်လျက်ရှိပြီး အိမ်ထောင်စုပေါင်း ၃ဝဝဝဝ ကျော်ရှိကာ လူဦးရေ တစ်သိန်းကျော် နေထိုင်လျက်ရှိကြောင်း၊ ကျူးကျော် စမတ်ကတ် ထုတ်ပေးထားသူ ၃ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ညောင်ရွာတွင် ပြီးခဲ့သည့် မတ် ၉ ရက် နှင့် ၂၁ ရက်နေ့တို့က မီးဘေးနှစ် ကြိမ်သင့်ခဲ့ပြီး ကျူးကျော်နေထိုင်သူများ အပါအဝင် အိမ်ထောင်စု ၁၉ဝ ကျော် နှင့် လူဦးရေ ၇ဝဝ ကျော် အိုးမဲအိမ်မဲ့ ဖြစ်ခဲ့ရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service