ရန်ကုန်မြို့ပတ်ရထားလမ်းဘေးတစ်လျှောက် နေချင့်စဖွယ်ဖြစ်ရေး မြို့ပြအိမ်ရာစီမံကိန်းများကိုပါပေါင်းစပ်နိုင်ရန် ဆောင်ရွက်နေဟုဆို

ရန်ကုန်မြို့ပတ်ရထားလမ်းဘေးတစ်လျှောက် နေချင့်စဖွယ်ဖြစ်ရေး မြို့ပြအိမ်ရာစီမံကိန်းများကိုပါပေါင်းစပ်နိုင်ရန် ဆောင်ရွက်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
22 May 2019 9:51 am တွင် တင်ခဲ့သည်
802 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ ပတ်ရထားလမ်းနှင့် ဘူတာရုံများ အဆင့်မြှင့်တင်ရာ၌ လမ်းဘေးတစ်လျှောက်နေ ချင်စဖွယ်ဖြစ်ရန်အတွက် မြို့ပြအိမ်ရာစီမံကိန်းများကိုပါ ပေါင်းစပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက် နေသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ပန္နက်တင်အခမ်းအနား

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်း (စီမံကိန်းအဆင့်- ၁) နှင့် ရန်ကုန် မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဆောင်ရွက်ခြင်းများအတွက် ပန္နက်တင်အခမ်း အနားကို မေ ၁၈ ရက်က ရန်ကုန်ဘူတာကြီး စခန်းသာဧည့်ခန်းမရှေ့ မင်္ဂလာနေရာ၌ ပြုလုပ်ရာတွင် ၎င်းကထည့်သွင်းပြောဆိုသည်။

" မြို့ပတ်ရထားလမ်းနဲ့ ဆက်စပ်နေတဲ့ ဘူတာရုံတွေအားလုံး အဆင့်မြှင့်နိုင်ဖို့အတွက် ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဘူတာရုံသက်သက်မဟုတ်ဘဲနဲ့ နေချင့်စဖွယ် ဖြစ်လာနိုင်တဲ့ နေရာတွေဖြစ်ဖို့အတွက် မြို့ပြ အိမ်ရာစီမံကိန်းတွေနဲ့ပါ ပေါင်းစပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ မြို့ပတ်ရထား လမ်းကို ပိုပြီးအဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစားနေသလို မြို့ပတ်ရထားလမ်းနဲ့ ကားလမ်းတွေနဲ့ ချိတ်ဆက်တဲ့နေရာမှာရှိနေတဲ့ မီးပွိုင့်စနစ်တွေ ချိတ်ဆက်နိုင်ဖို့ကြိုးစားနေပါတယ်"ဟု ဝန်ကြီး ချုပ်က ပြောဆိုသည်။

ချိတ်ဆက်ဆောင်ရွက်နေ

မြို့ပတ်ရထားလမ်း ပိုမိုအဆင့်မြင့်လာပါက ရထား၊ ကား၊ ရေကြောင်းများကို ချိတ်ဆက် ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်နေခြင်းကြောင့် ရန်ကုန်မှာ နေ့စဉ်ကြုံဆုံနေရသော ယာဉ်ကြောကျပ်တည်းမှု၊ လမ်းမပေါ်၌ အချိန်ပေးနေရမှုများကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်ပေးမှုဖြင့် ဖြေလျှော့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

"ရထားလမ်းတွေ အဆင့်မြှင့်တင်မှုပြီးစီးသွားရင်တော့ ကုန်စည်စီးဆင်းမှုကုန်ကျစရိတ် က သက်သာသွားမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာမှုက စားသုံးသူတွေအတွက် အထောက် အကူဖြစ်သလို ကျွန်တော်တို့နိုင်ငံအတွက် ကုန်စည်စီးဆင်းမှုကိုလည်း ပိုပြီးအထောက်အကူဖြစ်မှာပါ။ ရန်ကုန် - မန္တလေးရထားလမ်းက အရေးကြီးတဲ့လမ်းဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ပြေးဆွဲချိန်လျှော့ချ

ရန်ကုန်မြို့ပတ်လမ်း ၂၉ မိုင်ခွဲကို လက်ရှိတွင် ၂ နာရီ မိနစ် ၅၀ ကြာ ပြေးဆွဲနေရာမှ အဆင့်မြင့်လမ်းပိုင်း ပြီးစီးသွားပါက ၁ နာရီ မိနစ် ၅၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ပြေးဆွဲချိန် တစ်နာရီခန့် လျှော့ချသွားမည်ဖြစ်ကြောင်း၊ ယင်းအဆင့်မြှင့်တင်ခြင်းလမ်းပိုင်းကို ဂျပန် ဦဗချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

တိုးမြှင့်ပြေးဆွဲမည်

စီမံကိန်းပြီးစီးပါက ရထားတစ်စင်းနှင့် တစ်စင်း ၁၀ မိနစ်မှ ၁၂ မိနစ်ခြားတစ်စင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ ရထားလမ်း ပိုင်းများပြီးစီးသွားပါက ရထားမိုင်နှုန်းကို ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့် ပြေးဆွဲပေး မည်ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားမှ သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service