ဒေါ်လာဈေးကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ စောင့်ကြည့်ရအုံးမယ်

ဒေါ်လာဈေးကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ စောင့်ကြည့်ရအုံးမယ် - Property News in Myanmar from iMyanmarHouse.com
21 May 2019 12:20 pm တွင် တင်ခဲ့သည်
2119 ကြိမ် ကြည့်ရှု့ပြီး

လက်ရှိ အိမ်ခြံမြေ အရောင်းအငှားဈေးကွက်မှာ အနည်းငယ်ပြန်လှုပ်ခတ်နေပြီးတော့ဒေါ်လာဈေးအတက်ကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်ပေါ်လာနိုင်မလဲဆိုတာစောင့်ကြည့်ရအုံးမယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အခုရက်ပိုင်းမြေ အရောင်းအဝယ်ပိုင်းရော အငှား ပိုင်းတွေမှာအနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ အရောင်း အဝယ်ပိုင်းမှာ ကျပ် သိန်း ၃၀၀/၄ဝဝ ဈေးနှုန်းကအစ ကျပ်သိန်း၂၀၀၀/၃ဝဝဝ ဈေးနှုန်းတွေပါ အရောင်း အဝယ်ရှိနေပါတယ်။ ကျပ်သိန်း ၁ဝဝဝဝ ဝန်းကျင်ဈေးနှုန်းတွေကတခါတရံပိုင်းမှာသာအရောင်းအဝယ်ရှိပါတယ်။ အငှား ပိုင်းကတော့ ဈေးနှုန်းအတန်းစားအလိုက်အငှားဖြစ်နေတယ်လို့ သိရပါတယ်။

'' အိမ်ခြံမြေဈေးကွက် ဟာ သင်္ကြန်မတိုင်ခင်တစ်ပတ်လောက်ကနဲ့သင်္ကြန်ပြီးတစ်ပတ်လောက်ကဆိုရင်လုံးဝအလုပ်မဖြစ်ဘူး။ခုမှအရောင်းအဝယ်ရောအငှားပြန်လိုက်လာတယ်။အရောင်းအဝယ်ပိုင်းမှာဆိုရင်လည်း မြို့နယ်အလိုက်လမ်းသွယ်တွေအရောင်းအဝယ်ပိုဖြစ်တယ်။ အငှားပိုင်းကတော့ဦးဆောင်နေတာတွေ့ရပါတယ်'' လို့ မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင်ဦးသန်းဦးက ပြောပါတယ်။

အခုရက်ပိုင်း ဒေါ်လာ ဈေးအမြင့်ပိုင်းရောက်နေတာကလည်း အိမ်ခြံမြေဈေးကွက်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်ပေါ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့်အနေအထားမျိုးရှိနေပါတယ်။

" လက်ရှိဝယ်ယူမှုအခြေအနေကတော့ဘဏ်ချေးငွေနဲ့ဝယ်ကြတာဖြစ်တယ်။ဝယ်ယူမှုအပိုင်းကတော့ တန်ဖိုးသင့်တိုက်ခန်းဖြစ်တယ်။ဝယ်သူအများစုကလည်းနေထိုင်ဖို့အတွက်ဝယ်သူဆိုတော့လေ ကိုယ်စုထားတဲ့ငွေလေးနဲ့ ဘဏ်ချေးငွေနဲ့ဝယ်ကြတာများတယ်"လို့ အိမ်ခြံမြေအကျိုးဆောင်ကိုသူရက ပြောပါတယ်။

အငှား ပိုင်းမှာဆိုရင်တော့မြို့နယ်တွေအလိုက်ဖြစ်နေတယ် သင်္ကြန်ပြီးတော့ပိုအငှားဖြစ်လာတယ်။ဒါပေမဲ့ဈေးအသင့်အတင့်ပိုငှားကြတယ်။ ၁ သိန်းကျော်၂ သိန်းဝန်းကျင်လေးဆိုပိုငှားကြတယ်။ခုရက်ပိုင်းနေထိုင်ဖို့လူတွေအငှားပိုဖြစ်နေတယ်လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်စက်တင်ဘာအောက်တိုဘာလအတွင်းကဒေါ်လာဈေးဂယက်ကြောင့် အိမ်ခြံမြေဈေးကွက်မှာအောက်ဈေးနဲ့ပြန်လှုတ်ခတ်လာခဲ့ပြီးတော့ ခုရက်ပိုင်းဒေါ်လာဈေးမြင့်မားနေတာကြောင့် ဈေးကွက်အပြောင်းအလဲဖြစ်ပေါ်လာနိုင်မလားဆိုတာကို စောင့်ကြည့်ရမယ့်အနေအထားရှိပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service