တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ကာကွယ်ပေးရန် တရုတ်သံအမတ်ကြီးပြော

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ကာကွယ်ပေးရန် တရုတ်သံအမတ်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
20 May 2019 10:23 am တွင် တင်ခဲ့သည်
630 ကြိမ် ကြည့်ရှု့ပြီး

တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် Beltand Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ကာကွယ်ပေးခြင်းက နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူေးပါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အနှစ်သာရပြည့်ဝစေနိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်သံအမတ်ကြီး ဟုန်လျန်က ပြောကြားသည်။

တရုတ်နိုင်ငံသံရုံးသည် ပြည်ထဲရေးဝန်ကြီးဌာနထံ ရဲတပ်ဖွဲ့သုံး လုံခြုံရေးပစ္စည်းများ လှူဒါန်းခြင်း ကို မေလ ၁၃ ရက်တွင် နေပြည်တော် ၌ အခမ်းအနားဖြင့် ကျင်းပစဉ် အထက်ပါအတိုင်း ပြောကြားကြောင်း သံရုံးက ယမန်နေ့၌ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ယခုအခါ အသွင်ကူးပြောင်းသည့် အရေးပါသော ကာလသို့ရောက်နေပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြန်မာ-တရုတ် နှစ်နိုင်ငံမြှင့်တင်ခြင်းသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် လွန်စွာအရေးကြီးကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားသည်။

တရုတ်သံရုံး၏ လှူဒါန်းမှုသည် ရဲတပ်ဖွဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး တတ်စွမ်းသမျှ ကူညီပေးရန်နှင့် အထူးသဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို အားပေး ရန်ဖြစ်ကြောင်း ဟုန်လျန်က ပြောကြားသည်ဟု ဆိုသည်။

အထက်ပါ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတက်ရောက်ပြီး နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုအသစ်များ အဆက်မပြတ်ရရှိစေလိုကြောင်း ပြောကြားသည်ဟု တရုတ်သံရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တရုတ်သံရုံးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် ပေးအပ်သည့် ပစ္စည်းအမျိုးအစားများနှင့် တန်ဖိုးကိုထုတ်ပြန်ကြေညာခြင်းမရှိပေ။

ဟုန်လျန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တာဝန်မှမကြာမီ ပြီးဆုံးမည်ဖြစ် ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service