၂၀၁၈ တွင် အာရှပစိဖိတ်၌ ဘီလျံနာဦးရေအများဆုံးကျဆင်း

၂၀၁၈ တွင် အာရှပစိဖိတ်၌ ဘီလျံနာဦးရေအများဆုံးကျဆင်း - Property News in Myanmar from iMyanmarHouse.com
20 May 2019 10:01 am တွင် တင်ခဲ့သည်
563 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့ဘီလျံနာဦးရေနှင့် သူတို့၏ပိုင်ဆိုင်မှုများသည် ၂၀၁၈ ခုနှစ်တွင် ကျဆင်ခဲ့ကြောင်းနှင့် အများဆုံးမှာ အာရှပစိဖိတ်ဒေသ၌ ဖြစ်ကြောင်း Wealth-X အတိုင်ပင်ခံကုမ္ပဏီ၏၂၀၁၉ ဘီလျံနာဦးရေစာရင်းအရ သိရသည်။

အာရှပစိဖိတ်ရှိ ဘီလျံနာဦးရေသည် ၂၀၁၇ ခုနှစ်တွင် တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ကျဆင်းခဲ့သည်။

အာရှပစိဖိတ်ဒေသသည် ဘီလျံနာတို့၏ပိုင်ဆိုင်မှုတွင်လည်း အများဆုံးကျဆင်းခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခုအခါ ၂၀၁၈ ခုနှစ် နှစ်စမှနှစ်ကုန်အထိ ကမ္ဘာတစ်ဝန်းတွင် ဘီလျံနာဦးရေသည် ၂၆၀၄ ဦးခန့် ရှိပြီး ၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ယင်းသည် ပြီးခဲ့သည့်ဆယ်စုနှစ်အလွန်က ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ခဲ့ပြီးကတည်းက ဘီလျံနာဦးရေ ဒုတိယအကြိမ်ကျဆင်းမှုဖြစ်သည်။

ဘီလျံနာတို့၏စည်းစိမ်ဥစ္စာသည်လည်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ထရီလျံ ရှိခဲ့ပြီး ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အာရှပစိဖိတ်ဘီလျံနာနိုင်ငံကြီးများအားလုံးသည် ဘီလျံနာဦးရေနှင့် ပိုင်ဆိုင်မှုတို့တွင် ကျဆင်းခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယနှင့် စင်္ကာပူတို့တွင် ဖြစ်သည်။

အာရှတွင် ဘီလျံနာ ၆၇၇ ဦး ရှိပြီး ၎င်းတို့၏ စုစုပေါင်းအသားတင်ပိုင်ဆိုင်မှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အာရှဘီလျံနာတို့၏ ပိုင်ဆိုင်မှုသည် ကမ္ဘာ့ဘီလျံနာတို့ပိုင်ဆိုင်မှု၏ ၂၆ ရာခိုင်နှုန်းရှိသည်။

တရုတ်ဘီလျံနာဦးရေသည် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၈၅ ဦးဖြစ်ကာ ၇၀၅ ဦး ရှိသည့် အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယဘီလျံနာအများဆုံးနိုင်ငံဖြစ်သည်။ သို့သော် ၈၇ ဦးနှင့် ၃၉ ဦးတို့ အသီးသီးရှိကြသည့် ဟောင်ကောင်နှင့်စင်္ကာပူတို့ထက်မူ ပိုမိုများပြားပေသည်။ အိန္ဒိယကလည်း ၈၂ ဦးဖြင့် ကမ္ဘာ့အဆင့်တွင် နံပါတ် ၈ ဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service