ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူခွင့်ပြုမည့် ညွှန်ကြားချက်ကို မကြာမီ ထုတ်ပြန်မည်ဟုဆို

ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူခွင့်ပြုမည့် ညွှန်ကြားချက်ကို မကြာမီ ထုတ်ပြန်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 May 2019 9:26 am တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန် စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူခွင့်ပြုမည့် အမိန့်ညွှန်ကြားချက်ကို မကြာမီလပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ချေးငွေသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

မေလ ၁၇ ရက်က ရန်ကုန် စတော့အိတ်ချိန်းတွင် ပြုလုပ်သည့် Myanmar Stock Market Outlook and Trend 2019 ၌ ဦးဌေးချွန်က ပြောကြားခဲ့သည်။

၂၀၁၇ တွင် စတင်ပြဋ္ဌာန်းခဲ့ သည့် ကုမ္ပဏီများဥပဒေအရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားသားများက အစုရှယ်ယာ ၃၅ ရာ ခိုင်နှုန်းပိုင်ဆိုင်ခွင့်ရှိခြင်းကြောင့် စတော့အိတ်ချိန်းတွင်လည်း ပါဝင်နိုင်ရေးဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘အမြန်ဆုံးထွက်ဖို့ ကြိုးစားနေတယ်။ SECM က အကုန်လုပ် ပြီးသွားပြီ။ အမိန့်ရောက်ရင်ထုတ်ရုံပဲ။ ဝန်ကြီးဌာနက ခွင့်ပြုချက်ရရင် ထွက်ဖို့ပဲ ရှိတော့တယ်’’ဟု ဦးဌေးချွန်က ပြောသည်။

လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ စာရင်းဝင်အများပိုင်ကုမ္ပဏီငါးခုရှိပြီး ၎င်းတို့သည် FMI ကုမ္ပဏီ၊ သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်နှင့် MTH တယ်လီကွန်းကုမ္ပဏီတို့ဖြစ်သည်။

ထို့ပြင် ယခုနှစ်အတွင်း ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ (Logistics Company) တစ်ခုကလည်း ရန်ကုန်စတော့အိတ်ချိန်း သို့ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လာရန် ရှိနေသည်ဟု ဦးဌေးချွန်က ပြောသည်။

Great Horker အများပိုင် ကုမ္ပဏီ၊ Ever Flow River (EFR)Logistics ကုမ္ပဏီနှင့် Myanmar Agro Exchange ကုမ္ပဏီတို့လည်း ရန်ကုန်စတော့အိတ်ချိန်း သို့ ထပ်မံဝင်ရောက်ရန် ရှိနေသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ မတ်လ၌ ပထမဆုံး စာရင်းဝင်ကုမ္ပဏီအဖြစ် FMI ကုမ္ပဏီက ဝင်ရောက်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service