ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်တွင် နေအိမ်ဝယ်ယူလိုသူတို့အတွက် ယခုနှစ်သည် များစွာအဆင်ပြေမည့် ကာလတစ်ခု ဖြစ်ပြီး ရောင်းချရန်နေအိမ်နှင့် ကွန်ဒိုခန်းများစွာ စုပုံနေကာ အထူးပရိုမိုးရှင်းများစွာဖြင့် ရောင်းချနေရသည့် ကာလတစ်ခုလည်း ဖြစ်သည်။
အစိုးရ အိုးအိမ်ဘဏ် (GHB) မှ အချက်အလက်များအရ ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်တွင် လူနေအိမ်ရာစီမံကိန်းပေါင်း ၁၆၀၀ နီးပါးရှိ လူနေခန်းများမှာ ရောင်းမထွက်ဘဲ ရှိနေသည်ဟု ဆိုသည်။
GHB မှ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ၏ ခေတ္တညွှန်ကြားရေးမှူး မစ္စတာ ဝီချိုင်း ဝီရတ်ကာဖန်က ပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ ဒုတိယနှစ်ဝက်ကာကတည်းက စတင်ပြီး ဘန်ကောက်နှင့် အနီးဝန်းကျင်တွင် လူနေအိမ်ရာစီမံကိန်းပေါင်း ၁၅၉၇ ခုမှ လူနေခန်း ပေါင်း ၅၀၀၀၀၀ နီးပါးမှာ အရောင်းဈေးကွက်တွင်ရှိနေပြီး ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဆိုသည်။
အထက်ပါအချက်အလက်များကို ကြည့်ခြင်းအားဖြင့် ၂၀၁၈ ခုနှစ်အတွင်း အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍ ပြန်လည်ကောင်းမွန်နေခဲ့ သည်ကို တွေ့နိုင်သည်။
အဓိကအကြောင်းရင်းမှာ အစိုးရက စီးပွားရေးလှုံ့ဆော်မှုများ ပြုလုပ်ပေးခဲ့ခြင်း၊ ဘဏ်များ၏ အိမ်ခြံမြေချေးငွေ ဝန်ဆောင်မှုများ အပြိုင်အဆိုင် အားကောင်းလာခြင်းနှင့် အခြားသော စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အထောက်အကူပြု အချက်အလက်များကြောင့် ဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း ဘတ်ငွေ ၈ ဘီလီယံကျော် တန်ကြေးရှိ လူနေခန်းပေါင်း ၃၆၀၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း ထိုင်းအိမ်ခြံမြေကဏ္ဍ လှုပ်ရှားမှုနည်းပါးနေခြင်းမှာ အစိုးရသစ်၏ စီးပွားရေးမူဝါဒနှင့် တိုင်းပြည်၏ စီးပွားရေး အခြေအနေများ သဲသဲကွဲကွဲဖြစ်လာသည်အထိ စောင့်ဆိုင်းနေခြင်း ဖြစ်တန်ရာချေ ရှိသည်။
ယခုအချက်အလက်များအရ အိမ်ခြံမြေ ဝယ်လိုအား လျော့ကျသွားသည့် လက္ခဏာဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)